ဒူးနာ ခါးတာ အဆစ်နာ သက်သာလျော့ပါးစေမည့် ဖြည့်စွက်စာများ - Supplements That actually Reduce Join Pain
ฝัง
- เผยแพร่เมื่อ 7 ก.พ. 2025
- အခုပြောပြမယ့်ဖြည့်စွက်အားဆေးများသည် ဒူးအဆစ်နာ ခါးနာ အဆစ်နာကျင်ခြင်းအတွက် အကောင်းဆုံးအစားအစာနှင့် ပေါင်းစပ်သောအခါမှာ အရိုးအဆစ်ပျော့ပြောင်းမှုကို မြှင့်တင်ပေးနိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှုကို လျှော့ချပေးနိုင်ပါသည်
တခုသတိပေးချင်တာကတော့ အဆစ်အတွက်ဖြည့်စွက်စာတွေဟာ အဆစ်အမြစ်ရောင်ရောဂါ ကို အရှင်းပျောက်ကင်းဖို့ လုပ်ဆောင်မပေးနိုင်ပေမယ့် ရောင်ရမ်း နာကျင်မှု့ကို လျှော့ချဖို့အတွက် ရောင်ရမ်းမှုကို လျော့ပါးသက်သာစေသည့်အစားအစာနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများနှင့် ပေါင်းစပ်သည့်အခါ အဆစ်တွေအပေါ် အခြားအပြုသဘောဆောင်သောအကျိုးသက်ရောက်မှုများဖြင့် လျော့ပါးသက်သာအောင်ကူညီပေးနိုင်ပါတယ်။
ဖြည့်စွက်စာများသည် တဖြည်းဖြည်း သောက်သုံးခြင်းဖြင့် 2လ ကနေ 6 လအထိ သောက်ပြီး အဆစ်အမြစ်ရောင်ရောဂါလက္ခဏာများ သက်သာ လျော့နည်းစေပါတယ်။
အရိုးအဆစ်၊ အဆစ်အမြစ်ရောင်ရောဂါရှိသည့်အခါ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာကို လျော့ချဖို့အတွက် အဆစ်အားဖြည့်ပေးတဲ့ ဖြည့်စွက်စာ ၆ မျိုး အကြောင်း ကြည့်လိုက်ကြရအောင်
#omega3 #omega3 #အိုမီဂါ၃ #ငါးကြီးဆီ #fishoil #ဒူးနာ #ဒူးဆစ်နာကျင်ခြင်း #ဒူးနာပျောက်ဆေး #ခါးနာ #ခါးနာသက်သာဆေး #အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း #အဆစ်အမြစ်ကိုက်ခဲခြင်း #အဆစ်နာခြင်း #kneepain #backpain #joinpain #အရိုးအဆစ်ဖြည့်စွက်စာ #အဆစ်ဖြည့်စွက်စာ #everyday #health #healthknowledge #ကျန်းမာရေး #lifestyle #food #vitamins #omega3 #ရောင်ရမ်းခြင်း
ကျေးဇူးတင်ပါသည်။
ကျေးဇူးတင်ပါတယ်ဆရာမ
ကျေးဇူးပါ
ကျေးဇူးတင် ပါတယ်ဆရာ
ဈေးနုန်းလေးသိပါရစေ
ခါးအရွတ်ရောင်တာဘယ်ဆေးသောက်ရမလဲဆရာ
ခါးအရွတ်ရောင်တာက ဒူးအရွတ် ဒူးနာ ပုံစံဖြစ်လို့ အနားယူပါ ။ ရေခဲကပ်ပါ ။ ရောင်ရမ်းနာကျင်မှု့ကို သက်သာစေတဲ့ လိမ်းဆေးလိမ်းပါ ။
ဒူးနာခြင်းကို သက်သာစေမည့် အရာများနှင့် လိမ်းဆေး ဆိုပီး
ပြောပြထားပါတယ်
👉th-cam.com/video/gmf5mLFKQ2k/w-d-xo.htmlsi=U-W_p2ImTmKn6_JJ
Ibuprofens လို ရောင်းရမ်းမှု့ သက်သာစေမည့်လိမ်းဆေးတွေ လိမ်းပါ။
တခြားကျန်းမာရေးအခြေအနေတွေ မရှိရင် ostonil လို ဖြည့်စွက်စာတွေ သောက်လို့ရပါတယ်။ အရွတ် အရိုးနု ကို အားဖြည့်ပေးတဲ့ ဆေးဖြစ်ပါတယ်။
အဲ့ဒါမှ မသက်သာရင် ဆရာဝန်နဲ့ သွားရောက်ပြသပါလို့ အကြံပေးချင်ပါတယ်
ဆရာေြပာတဲ့ဆေးရဲ့ဈေးသိရင်ေြပြာကပ့
Ostonil လို့မေးကြည့်လိုက်ပါဗျ။ အရင် ကတော့ ၁သောင်းခွဲပတ်ချာလည် ပဲဗျ။
Ibuprofen က အရောင် ကျစေနိုင်ပါလား။ ခါးဘေးက ကြွက်သားတွေ ရောင်ရမ်းတာက Ibuprofen, Acelofence, Celecoxib မှာ ဘယ်ဆေးက အရောင် ပိုကျနိုင်ပါသလဲ။
အကုန်လုံးကတော့ အရောင်ကျစေတဲ့ဟာတွေပါပဲဗျ။ NSAIDs တွေဖြစ်တဲ့ Ibuprofen , Acelofence and celecoxib ဒီဆေးတွေက နာကျင်ကိုက်ခဲမှူ့ ရောင်းရမ်းမှု့ကို လျော့ချသက်သာစေပါတယ်။
ဘယ်ဆေးက အရောင်ပိုကျတယ်ဆိုတာထက် သူတို့ရဲ့ အလုပ်လုပ်ပုံ က ကွဲပြားပါတယ်။
Ibuprofens နှင့် Celecoxib နှစ်ခုလုံးက COX အင်ဇိုင်းများပေါ်မှာ အလုပ်လုပ်ပါတယ်။
COX အင်ဇိုင်း မှာ COX1 နှင့် COX2 ဆိုပြီးနှစ်မျိုးရှိပါတယ်။
COX1 ကတော့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာတွေ စတဲ့ သွေးခဲလမ်းကြောင်းတွေကို ထိန်းချုပ်ပေးတဲ့ ကျောက်ကပ်လုပ်ငန်းဆောင်းတာတွေပါ ပါဝင်ပြီးတော့ COX2 ကတော့ ရောင်ရမ်းတဲ့နေရာတွေမှာ အဓိကပါဝင်ပါတယ်
Ibuprofen က COX1 နှင့် COX2 နှစ်မျိုးလုံးမှာ အလုပ်လုပ်ပါတယ်။
Celecoxib ကတော့ COX2 ကိုပဲ လုပ်ဆောင်ပေးပါတယ်။
ဆေးပါဝင်မှု့အနည်းအများမှာဆိုရင်
100mg Celecoxib က ibuprofens 200 mg ကနေ 300 mg နှင့်ညီမျှပါတယ်။
200mg Celecoxib ဆိုရင် ibuprofens 400mg ကနေ 600mg နဲ့ ညီမျှပါတယ်
2. Acelofence ကလည်း COX2 မှာ အလုပ်လုပ်ပါတယ်။
အရိုးအဆစ်နာခြင်း ၊ အရိုးအဆစ်ရောင်ခြင်း ရဲ့ နာကျင်ကိုက်ခဲမှု့တွေကို သက်သာလျော့ပါးစေပါတယ်။acelofence နှင့် Celecoxib ကို အစာအိမ် အူလမ်းကြောင်းဆိုင်ရာ အစာခြေပြသနာတွေရှိတဲ့သူတွေဆိုရင် ဘေးထွက်ဆိုးကျိုးနည်းပါး ပါတယ်လို့ ဆိုထားတာတွေ ရှိပေမယ့် patient ရဲ့ အခြေအနေပေါ်မူတည်ပီး ပြောဖို့ခက်ပါတယ်။
Ibuprofens က COX1 နှင့် COX2 မှာ အလုပ်လုပ်တာဖြစ်တဲ့အတွက် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာမှာ အခုပြောပြတဲ့ ဆေးဝါးနှစ်ခုထက် ဘေးထွက်ဆိုးကျိုးပိုများပါတယ်။ဒါပေမယ့် သွေးခဲခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ အတွက်ဆိုရင်တော့ လျော့ချပေနိုင်ပါတယ်။
အသုံးပြုမှုအနေအထားကတော့ patient ရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပီး ကွဲပြားနိုင်ပါတယ်။
ခါးအောက်ပိုင်း နှင့် ခါးနာခြင်အတွက်ဆို Celecoxib ကို ပိုပီး recommended ပေးထားတာတွေရှိပါတယ်ဗျ။
ပြည့်စုံစွာပြောမယ်ဆိုရင်တော့ အများကြီး ကျန်ပါသေးတယ်ဗျ။
အကိုက်အခဲပျောက်သောက်ဆေးတွေကိုတော့ ဖြစ်နိုင်ရင် အသုံးအပြုမှု့လျော့ချတာက အကောင်းဆုံးပါဆိုတဲ့အကြောင်း အကြံပြုပေးချင်ပါတယ်ဗျ။
ရံဖန်ရံခါသောက်သုံးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပီးမှ အကိုက်အခဲပျောက်ဆေး တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုပါလို့ အကြံပေးချင်ပါတယ်။ မပြည့်စုံတာရှိရင်လည်း ဖြည့်စွက်ပြောပေးနိုင်ပါတယ်ဗျ။
ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေခြင်းပဲ ဖြစ်ပါတယ်။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေဗျ🙏
@ideastoragenhk ပြည့်စုံစွာ ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်။ သေချာစွာ ဖတ်ရှု့ပြီး သေချာမှတ်သားထားပါ့မယ်။
ostonilသောက်ရင်ရလား ဂလူကိုစမင်းအရည်အသွေးကောင်းလား စျေးတော့ချိုတယ် အရိုးအဆစ်ရောင်တာပါ တခြားရောဂါမရှိပါ
သောက်လို့ရပါတယ်ဗျ။ ostonil မှာ Glucosamine 750mg , Chondroitin Sulphate 100mg ,Collagen type II 50mg , Vitamin D3 100 IU , MSM 50mg ပါပါတယ်ဗျ။
ကျေးဇူးတင်ပါတယ်ဆရာ
ကျေးဇူးတင်ကပါတယ်ဆရာ။
ကျေးဇူးတင်ပါတယ်ဆရာ