ပျောက်ဆုံးနေသောပညာရေးစနစ် | TOETAT Podcast Episode 23

แชร์
ฝัง
  • เผยแพร่เมื่อ 20 ต.ค. 2024

ความคิดเห็น • 73

  • @HtetWaiAung-el3tb
    @HtetWaiAung-el3tb 3 หลายเดือนก่อน +47

    ကျနော်က၉တန်းရောက်မှစပီး ကျူရှင်တတ်ဖူးတာပါ ကျနော်ကအခုကိုကျော်ကျော်ထွဋ်လိုပဲ စာကိုစစ်ပေါက်ပေါက်လေ့လာဖြစ်တယ် မေးခွန်းတွေမေးတယ်အဲ့ဒီမှာပြဿနာတစ်ခုကဘာလဲဆိုတော့ ဆရာ ဆရာမတွေနဲ့ပြဿနာတတ်လာတယ် အ့တာတွေမေးမနေနဲ့ စာမေးပွဲမှာအဲ့တာတွေဖြေရမှာမဟုတ်ဘူးဆိုတာမျိုးတွေပြန်ကြားရတယ် ပေးတာပဲကျက်မေးတာပဲဖြေဆိုတာမျိုးတွေ​ငေါက်ငန်းပီးပြောတယ် ကျနော်ကတော့ကျောင်းစာထဲကအရာတွေအာလုံးနဲ့သက်ဆိုင်တဲ့အပြင်စာတွေအားလုံးကိုဖတ်ဖြစ်တယ် အခုbuild myanmar ကpodcast လေးတွေကြည့်ရင်းကိုယ့်ကိုယ်ကိုယ်ပိုပီး အဲ့လိုလုပ်နေတာကိုငါစောက်တလွဲလုပ်နေတာမဟုတ်ဘူးဆိုတာ ပိုပီးယုံကြည်လာတယ် ကိုကျော်ကျော်ထွဋ်ကိုလဲအားကျတယ် i love you bro

    • @KaungKhant-py5js
      @KaungKhant-py5js 3 หลายเดือนก่อน +1

      တူတူပါပဲအကိုရေ

    • @MyLittleBrain-2s
      @MyLittleBrain-2s 3 หลายเดือนก่อน +1

      Me too bro

  • @michanji
    @michanji 15 วันที่ผ่านมา

    နားထောင်ရတာ ကျေးဇူးအများကြီးတင်တယ် 🙏
    နားဖွင့် မျက်စိဖွင့် ကောင်းလိုက်တဲ့ podcast❤❤❤❤
    နားထောင် ရကျိုးနပ်တယ် 👍👍🙏

  • @myominminthein-xo9ms
    @myominminthein-xo9ms 2 หลายเดือนก่อน +8

    ပညာရေးစနစ်ဆိုလို့ဝင်ယောင်လိုက်တာ
    ၁ - အစိုးရကျောင်းတွေမှာဆရာကျောင်းသားအင်အားမမျှဘူး
    ၂ - ပညာရေးစနစ်က ကျောင်းသားတွေရဲ့စာသင်ချိန်နဲ့ course အချိုးမကျတာ မလိုအပ်တဲ့စာတွေများတာ (အကျိုးဆက်က ဆယ်တန်းအောင်တွေတောင် မြန်မာစာလုံးပေါင်းသတ်ပုံမှန်အောင်မရေးတတ်တော့ဘူး)
    ၃ - မလိုအပ်တဲ့ စာတွေများလာတဲ့အတွက်ဆရာတွေက course တွေကို စာသင်နှစ်မဆုံးခင်ပြီးအောင်သင်ရတဲ့အတွက် ကာယအချိန်တွေ တခြားလူမှူရေးဘာသာရပ်တွေကိုသင်ဖို့အချိန်မလောက်တော့ဘူး ကျောင်းသားတွေဖွံ့ဖြိုးမှုအားနည်းလာတယ်
    ၃ - လစာနည်းတဲ့အတွက် ချမ်းသာတဲ့အသိုင်းအဝိုင်းကမဟုတ်တဲ့ဆရာဆရာမတွေဒုက္ခအရမ်းရောက်တယ် အစိုးရက လစာအပြင်ဘာထောက်ပံ့မှုမှမရှိ
    ၄ - ဆရာမတွေမှာ သင်ရိုးကို ပြန်ရေးရတဲ့အတွက် (မရေးရင် စစ်ဆေးရေးဆိုတဲ့ရုံးကသူတွေလာစစ်ရင်ဒုက္ခရောက်)ဆရာမတွေအနေနဲ့ အားလပ်ချိန်ကနည်းလာပြန်ရော စာသင်ရတာတဖက် ကျောင်းဆရာအလုပ်မဟုတ်တဲ့တခြားကျောင်းကိစ္စတွေလုပ်ရတာတဖက်နဲ့ ဆရာတွေရဲ့ performance တွေကိုထိခိုက်
    ၅ - မြန်မာနိုင်ငံပညာရေးစနစ်ကိုခေတ်နဲ့ညီအောင်ပြန်ရေးမှရမယ်
    မလိုတဲ့စာတွေလျှော့ စာကိုတတ်အောင်သင် ကျောင်းဆရာတွေကိုထိုက်သင့်တဲ့လစာပေး ကျောင်းဆရာအလုပ်မဟုတ်တဲ့မလိုတဲ့ကိစ္စတွေမခိုင်းနဲ့ ကျောင်းစာရေးဦးရေတိုးချပေး ဆရာတွေရဲ့performance တက်လာရင် ဆရာတွေမှာ စာသင်တာကလွဲလို့ကျန်တဲ့ဝန်မရှိရင် ကျူရှင်လဲသင်မှာမဟုတ်တော့ဘူး

  • @ဇော်ဟိန်းထက်လိုင်
    @ဇော်ဟိန်းထက်လိုင် หลายเดือนก่อน +1

    episodeတစ်ခုကြည့်တိုင်းကိုယ်တွက်စိတ်စားစရာပြင်စရာတစ်ခုစီကျန်ခဲ့ပါတယ် ကျွန်တော်လေ့အစကdiplomaတွေcertificateတွေမက်ပါတယ်ဒါမေခုကစပီး ကိုယ်တကယ်တတ်မြောက်အောင်ဘဲသင်တော့မေuniတက်ရင်လေ မသိတာတွေမေးရဲအောင်မေးမေ အထက်တန်းတုန်းကတတ်အောင်မသင်ခဲ့လို့နောင်တရတယ် ကျေးဇူးအများကြီးတင်ပါတယ်ဗျ

  • @akazozo99
    @akazozo99 3 หลายเดือนก่อน +15

    ညီမ ဒီpodcast ကို စနားထောင်မိတဲ့အချိန်ကစပြီး ညီမရဲ့အတွေးအခေါ်တွေလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ critical thinking လည်းတိုးတက်လာတယ်လို့ခံစားမိပါတယ်။ လူငယ်တွေအတွက် မရှိမဖြစ်လို့ပြောရလောက်အောင်ကောင်းတဲ့ channel တစ်ခုပါ။ Thank you so much, guys.❤

  • @ayeayekhaing3569
    @ayeayekhaing3569 3 หลายเดือนก่อน +9

    မရှိမဖြစ်..လူငယ်တွေအတွက်အလွန်လိုအပ်တဲ့..အစီအစဥ်...❤❤❤❤❤😊

  • @CCc-rp4yh
    @CCc-rp4yh 3 หลายเดือนก่อน +6

    သိပ်မိုက်တယ်။တနေ့ဒီလိုpodcastမာပါဝင်နိုင်အောင်ကြိုးစားမယ်

  • @SawJustin-w5w
    @SawJustin-w5w 3 หลายเดือนก่อน +4

    တစ်ခါနားထောင်ရင်တစ်ခါအသိတိုးလာတယ်။ အတွေးအခေါ်တွေလည်းကျယ်လာတယ်။ တကယ်ကျေးဇူးတင်ပါတယ် Build myanmar❤❤❤

  • @emilyemily5303
    @emilyemily5303 2 หลายเดือนก่อน +1

    just subbed you guys, these podcasts are so beneficial.Keep making more!!

  • @macbook-wi2zh
    @macbook-wi2zh 3 หลายเดือนก่อน +11

    ကျွန်တော် တော့ ၄ တန်းထိပဲ အစိုးရကျောင်းတက်ခဲ့ ရတယ် နောက်ပိုင်း နိုင်ငံရေးတွေနဲ့ onile ကျောင်းပဲ တက်ခဲ့တယ် , onile ကျောင်းက ချယ်တွေ ကတော်တယ် ပြောရမလား မသိဘူး စာတွေ မကျက်ရဘူး , တာမဲ့ သင်တဲ့စာတွေကို ဆွေးနွေးရတယ် , math တွေတော့ homework ပဲလုပ်ရတယ် ကျန်တာ အကုန် အဆင်ပြေတယ် သေချာလဲ သင်ပေးတယ် , ကျူရှင်တွေလဲ မတက်ရဘူး , IT ပိုင်းတွေ သင်ရတယ် , project တွေ , gp နဲ့ အလုပ်ရတဲ့ဟာတွေ ခိုင်းတယ် အဲတော့ အဆင်ပြေတယ် , တာမဲ့ ဖုန်းတွေ , laptop တွေနဲ့ စာသင်ရတော့ စိတ်ကိုနိုင်အောင်တော့လုပ်ရတယ် မဟုတ်ရင် စာသင်တာကိုစိတ်မဝင်းစားနိုင်လို့ပေါ့။ ကျွန်တော့တွက် တော့ ခုဆိုစိတ်ကိုထိန်းနိုင်လို့ အဆင်ပြေပါတယ်😊

  • @fingerlay-zw9cf
    @fingerlay-zw9cf 3 หลายเดือนก่อน +5

    ငါတို့နိုင်ငံရဲ့ပညာရေး‌ကနိုင်ငံခေါင်ဆောင်တွေကိုကပ်ဖားရပ်ဖာတွက်အသုံးပြုနေကြတယ်လူတွေကြီးပဲ
    ကြိုးစားတယ့်လူတွေလည်ရှိတယ်ဒါပယ်မယ့်ဘောင်မဝင်ဘူးဖြစ်‌နေတယ်

  • @alexiaHarmony
    @alexiaHarmony 3 หลายเดือนก่อน +4

    မြန်မာနိုင်ငံက စောက်တလွဲဗျာ
    တက္ကသိုလ်ထိ tuition ရှိတာ
    ဆေးကျောင်းမှာတောင် dark side တွေ အများကြီးဘဲ အကောင် သားသမီးတွေ ဆို စာသိပ်မကျက်ရဘဲ အမှတ်တွေ လန်ပြန် အချို့ဆို နေ့တိုင်း ဘားသွား ကလပ်သွားနဲ့ test တိုင်းကျ 60 ကျော်တွေ ငါလိုး တကယ် လိ့နိုင်ငံ😅 ပီးရင် ဆေးပညာမှာ Noble ဆုရမဲ့ကောင်တကောင်မှလည်း ထွက်တာ မဟုတ်
    ပညာရေးက ယိုတာတော့ ယိုနေတာဘဲ နိုင်ငံကြားက ပညာရေး plan ဆွဲတဲ့သူတွေ အစိုးရအဖွဲ့ထဲ ထည့်သင့်နေပီ Old School တွေက သူတို့ ကြ က်တူရွေး လုပ်ခဲ့သလို Gen Z တွေကို လုပ်စေချင်တာ
    မြန်မာ တက္ကသိုလ် တွေ Global top 100 ထဲတောင် မပါဘူး
    ပညာရေး upgrade ပိုလုပ်ရင်သူတို့ကို ပြန်ကလန်နိုင်လို့
    ခုထိ စောက်တလွဲ system ထည့်ထားတာ😢

  • @mungsan191
    @mungsan191 3 หลายเดือนก่อน +3

    အရမ်းကောင်းတဲ့ အစီအစဥ်ပါဗျာ လူငယ်တွေ များများနားထောင်စေချင်မိ....

  • @dgdhbdhdx5487
    @dgdhbdhdx5487 2 หลายเดือนก่อน +1

    Grade 8 student ပါ ခုကျူရှင်တက်နေရပါတယ် မိဘတွေကလည်း ကျူရှင်နှစ်တိုင်းထားပါတယ် ရည်ရွယ်ချက်က စာမေးပွဲ မှာ အမှတ်ပြည့်ရမယ်တဲ့ ဘယ်လောက်ပညာရလဲဆိုတာထက် ဘယ်လောက်အလွတ်ကျက်ပီး စာမေးပွဲအောင်လည်းကိုပဲ focus ထားနေကြတယ် ကျနော်ကတော့ရုန်းထွက်ချင်မိလို့ ကျောင်းစာထက် ပြင်ပဗဟုသုတကိုလေ့လာနိုင်ဖို့ ပိုက်ဆံနဲ့ပတ်သက်တာတွေလေ့လာနိုင်ဖို့ကို focus ချင်တယ်ဗျ စာစီစာကုံး ကအစ ဤသည်မရွေးကျက်ပြီး အမှတ်ပြည့်တာထက် ကိုယ်အတွေးနဲ့ကိုယ်ရေးပြီး အမှတ်မကောင်းတာက ပိုကောင်းအုံးမယ်ဗျာ

  • @HninHninWai-yn3to
    @HninHninWai-yn3to 2 หลายเดือนก่อน

    Thank all🎉

  • @PhyoThetKhine-fg7ex
    @PhyoThetKhine-fg7ex 3 หลายเดือนก่อน +8

    ကျွန်တော် မနှစ်က G11 တက်နေရင်းနဲ့ထွက်လိုက်တာပါ သူများတွေကျက်ဖြေလုပ်ပေမယ့် သေချာနားလည်အောင်လေ့လာဖြစ်ခဲ့ပါတယ် ဒါမယ့် ဆရာမတွေတွက်တာနဲ့ သူ့ရဲ့ theory အရ နည်းနည်းလွဲနေတာတွေ တွေ့ရတော့ ဘာကြောင့်လဲလို့မေးခွန်းထုတ်ပါများတော့ ဆရာ ဆရာမတွေရော အတန်းဖော်တွေရော အမြင်စောင်းလာပါတယ် စာမေးပွဲမှာ Eassy တွေ ဆောင်းပါတွေ ကဗျာ စကားပြေတွေကို ကိုနားလည်သလို အတင့်ရဲပြီးဖြေခဲ့ပါတယ် ကိုကျော်တို့ပြောသလိုပဲ အမှတ်က အကွာကြီးပါ နောက်ဆုံးဒီပညာရေးထဲမှာ ငါလေ့လာနေရင် ငါ့အတွက်ဘာအကျိုးမှ မရှိဘူးလို့ ခံယူပြီး ကျောင်းကိုထွက်လိုက်တာပါ ခုတော့ ကိုယ်တကယ်လုပ်ချင်တဲ့အပိုင်းတွေ ဝါသနာပါတွေကို သေချာလေ့လာ လုပ်ဖြစ်နေပါတယ်

    • @naytun888
      @naytun888 3 หลายเดือนก่อน +1

      So Good.

    • @waihansoe-l7p
      @waihansoe-l7p 3 หลายเดือนก่อน +1

      keep going pro

  • @waihansoe-l7p
    @waihansoe-l7p 3 หลายเดือนก่อน

    ကျေးဇူးပါ

  • @DeadPool-u4b
    @DeadPool-u4b 3 หลายเดือนก่อน +1

    since schooldays i did not do home work so i was beaten and read about world .now I am grinding money for my life .

  • @mgflug-qz9tt
    @mgflug-qz9tt 3 หลายเดือนก่อน

    Psychology field ထဲက fundamental or basic concepts တွေသိချင်ပါတယ်ခင်ဗျ လူငယ်တွေလည်းနားလည်ထားသင့်တယ်ထင်ပါတယ်အကို Reality တို့ Freedom တို့ Fulfilment တို့ ဘယ်လိုအလုပ်လုပ်လဲ ဘယ်လိုရရှိခံစားနိုင်မလဲဆိုတာတွေပါ

  • @NyiNyi-lm2in
    @NyiNyi-lm2in 3 หลายเดือนก่อน

    ကျေးဇူးပါ ဆရာလေးတို့ ဆရာမလေးယော အရမ်းကျေးဇူးပါ❤❤❤

  • @YannYannYannYann
    @YannYannYannYann 3 หลายเดือนก่อน +8

    ကျမတို့ တက်ခဲ့ရတဲ့အ​​ေ ခြခံကျောင်းတွေမှာတော့ ဆရာမတွေက ကျောင်းမှာစာမသင်ဘူးရှင့်။
    သူတို့ ကကျူရှင်ခေါ်တယ်။ကျူရှင်ရောက်မှစာသင်တယ်။
    ကျမတို့လို ဆင်းရဲလို့ ကျူရှင်မတက်နိုင်တဲ့ သူတွေကိုကျ စာအသစ်တွေအိမ်စာပေးပြီး နောက်နေ့ အိမ်စာပြန်ပြခိုင်းတာပါ။
    စာအသစ်မို့ အိမ်စာကိုမဖြေနိုင်တဲ့ကလေးတွေကို သူတို့ကပြောတယ် နင်တို့ ငါ့ဆီမှာကျူရှင်မတက်သ၍ တစ်နှစ်လုံး ခုလိုအရိုက်ခံနေရမှာဘဲတဲ့။
    ရှိသေးတယ်ရှင့်။ပြီးတော့ ကျောင်းမှာ ကလေးတွေကို ရတဲ့မုန့်ဘိုး ခွဲစုရတာ။နှစ်ကုန်ရင် နှုတ်ဆက်ပွဲလုပ်ပေးမှာဆိုတာမျိုးပေါ့။ပြီးတော့လဲ ဘာမှ သေချာလုပ်မပေးဘဲ ကလေးတွေမုန့်ဘိုး လိမ်ယူသွားသလိုမျိုးတွေပေါ့ရှင်။
    အဲ့လိုနဲ့ ကလေးတွေ စာရိတ္တကောင်းတဲ့ ပညာတတ်ကြီးတွေ အများကြီး မွေးထုတ်ပေးခဲ့ကြတာ😅

    • @nayzawmoe833
      @nayzawmoe833 3 หลายเดือนก่อน +1

      ဟုတေ အမှန်ပေ ညီမ

    • @AyeMyatMay-k3j
      @AyeMyatMay-k3j 3 หลายเดือนก่อน +1

      ဟူတ်ပါတယ် မှန်ပါတယ် ​​ကျောင်းမှာဆို စာ​သေချာမသင်​ပေးပါဘူး။ ကျူရှင်မှာဆိုရင်​တော့ သင်​ပေးတယ် ဂရုတစိုက် ​​​ကြို​တောင်သင်​ပေးဦးမယ်။😂 တကယ်ဆိူရင် ​ကျောင်းမှာသာ ​သေ​သေချာချာသင်​ပေးမယ်ဆိူရင် ကျူရှင်ဆိုတာ​တောင် ယူစရာမလိုပါဘူး ။

    • @yoonnadikyaw-bs4so
      @yoonnadikyaw-bs4so 3 หลายเดือนก่อน

      truth..

    • @sawyunwe1017
      @sawyunwe1017 3 หลายเดือนก่อน

      ဟုတ်တယ် အဲ့ကြားထဲ အပတ်စဉ် အငတ်ခံ အသင်းကြေး ကထိန်ကြေး နာရေးက အတန်းထဲက လူမိဘဖြစ်ရင် မ‌ထည့်မနေရ အတင်းကောက် ကထိန်ဆို အပြိုင်အဆိုင် ပိုက်ဆံထည့်ခိုင်း ရေးရင် မကုန်တော့ဘူး

  • @Fluoroantimonic09
    @Fluoroantimonic09 3 หลายเดือนก่อน +2

    အချို့ကလေးတွေ သင်္ချာ 2 တောင်အလွတ်ကျက်နေကြတာအတော်အများတွေ့ရတယ်

    • @CCc-rp4yh
      @CCc-rp4yh 3 หลายเดือนก่อน +1

      Meပါ

  • @SuMyatHlaing-np1xv
    @SuMyatHlaing-np1xv 3 หลายเดือนก่อน +1

  • @MyLittleBrain-2s
    @MyLittleBrain-2s 3 หลายเดือนก่อน +4

    ကျွန်တော်လဲဒီနှစ် G-12 တက်နေပါတယ်။
    Podcast နားထောင်ပီးရင်စာကျက်မယ်စဥ်းစားထားတာ နားထောင်ပီးမကျက်ချင်တော့ဘူး thank 😂.😅

    • @CCc-rp4yh
      @CCc-rp4yh 3 หลายเดือนก่อน

      တူတူဘဲg-12

  • @saiwana2200
    @saiwana2200 3 หลายเดือนก่อน +1

    အဝေးကြီးမကြည်နဲ့ မအလ ကိုပဲကြည့် 54:08

  • @Than_Htike_Aung
    @Than_Htike_Aung 3 หลายเดือนก่อน

    Liked ❤

  • @botauk1015
    @botauk1015 3 หลายเดือนก่อน +1

    အဲ့အချိန်မှာက စာပဲကျက် တက္ကသိုလ်မှာ လိုင်းကောင်းကောင်း ရဖို့
    ကျောင်းမှာ စာတွေပဲကျက်ပီး တက္ကသိုလ်ရောက် မှ လက်တွေ့ နဲ့တွေ့ 😂 ဘာလိုင်းရလဲတောင် မမှတ်မိတော့ဘူး 😂

  • @HtunLin-r5c
    @HtunLin-r5c หลายเดือนก่อน

    All of you! your personal perspectives are different from what I view over the circumstances that Myanmar students are facing now! you guys should work as Prime Ministers of Myanmar Government so that you guys will more understood about those kind of similar issues ! HAHA

  • @Maestro-ot7sq
    @Maestro-ot7sq 3 หลายเดือนก่อน

    အားပေးနေပါတယ်ဗျ😊❤

  • @Ahseint936
    @Ahseint936 2 หลายเดือนก่อน +1

    ကိုကျော်ရဲ့သင်တန်း page လေး pls..

    • @kyawhtut905
      @kyawhtut905 28 วันที่ผ่านมา

      @Ahseint936 Ace Of Data

  • @nyeinthu-qc9ns
    @nyeinthu-qc9ns 3 หลายเดือนก่อน

    Episode တွေတိုင်းကိုနားထောင်ဖြစ်ပါတယ်

  • @fayfay1999
    @fayfay1999 2 หลายเดือนก่อน

    စာစာစာလုပ်နေလို့ရတဲ့ကောင်းတဲ့အချက်တစ်ခုမှမမြင်ဘူး လူ့အခွင့်အရေးကိုကလေးဘဝကတည်းကအချိုးဖောက်ခံနေရတဲ့အရာကို ဘယ်နေရာမှာကောင်းတာ နိုင်ငံခြားမှာနေပြီး ဗမာ့လူအဖွဲ့အစည်းနဲ့ထိစပ်နေတော့ သောက်ပိန်းမပါပဲ ငါ့စကားမှားတယ်ထင်ရသ် တည်ပြီးရှင်းမယ် လာခဲ့ မင်းတို့ဝေသာဝေဖန်နေတာ မသိဘူး မြန်နိုင်ငံကိုဝေဖန်ချင်ရင် ဒီထက်ထပ်နိမ့်ကြည့် အစအဆုံး စုတ်ပြတ်သတ်နေတာ မြင်လိမ့်မယ် အကုန်လုံးရဲ့စိတ်တွေ ပျက်စီးနေတာတွေမင်းတို့မသိတာလားပဲ အဆုံးထိကြည့်ပြီး မဝေဖန်ရဲ့ဘူးချီးးးးး

  • @sawyunwe1017
    @sawyunwe1017 3 หลายเดือนก่อน

    👏👏👏🌱🌱🌱

  • @KyawZayYa-w1l
    @KyawZayYa-w1l 3 หลายเดือนก่อน

    20:40

  • @TinOwn-l9j
    @TinOwn-l9j 3 หลายเดือนก่อน

    ❤❤❤

  • @ချစ်ကလေး
    @ချစ်ကလေး 3 หลายเดือนก่อน

    စနစ်တစ်ခုလိုတယ် ပြီးတော့ စာသင်တတ်ရုံနဲ့ဆရာမဖြစ်ဘူး
    ကိုယ်သင်မယ့် စာကို ကိုယ့်time tableအတိုင်း ကျောင်း မှာပဲ့ သင်သင် ဘယ်နေမှာသငိသင် Qualityတစ်ခုဖြစ်ဖို့လိုတယ်
    နေ့စဉ်မှတ်တမ်းဆိုတာက ကိုယ့်time table ကို remindလုပ်တဲ့သဘောပါပဲ့ အဲလောက်အချိန်မပေးရဘူး ကိုယ့်အလုပ်ကို professional သဘောထားတယ်ဆိုရင်

  • @ThetHtarEain-n6m
    @ThetHtarEain-n6m 3 หลายเดือนก่อน

    Niceeeee

  • @CG-pu3qj
    @CG-pu3qj 3 หลายเดือนก่อน

    ၈တန်းတုန်းက ဘဝလေး မှတ်မိတယ် လပတ်တွေမှာ ၂၅ မှတ်နဲ့ ဖြတ်တဲ့ စနစ်
    မြန်မာဆရာမ ကျူရှင်
    အင်္ဂလိပ် ဆရာမ ကျူရှင်
    သမိုင်း ကျူရှင်
    ကိုယ်တွေက အင်္ဂလိပ်ဆရာမဆီမှာ တက်တယ် အဲ့တော့????
    မြန်မာ ဆရာမ ဆီမှာ တက်တဲ့ သူက လတိုင်း ၂၄ မှတ် ရတယ် ၁ မှတ်က လက်ရေးကြောင့် ကျန်တဲ့သူက ၁၈ မှတ်ပဲ
    Eng ဆရာမ ဆီမှာ တက်တဲ့ ကိုယ်တေက Eng နဲ့ Math မှာ အမြဲ ၂၅ ၂၄ ပဲ ကျန်တာ ၁၆ မှတ် ၁၈ မှတ်
    သမိုင်းဆရာမလဲ တူတူပဲ အမြင့်ဆုံး ၂၃ မှတ် က တက်တဲ့သူရတယ်ကျန်တဲ့ကောင် ၁၅ ၁၈ ဝန်းကျင်ပဲ
    ကောင်းလိုက်တဲ့ စနစ်ကြီးကို ဖြတ်သန်းခဲ့ရတာပေါ့ကွာ
    အစိုးရစစ် ဆိုတော့ ၂ ကြိမ်တော့ skill အမှန် ထွက်ခဲ့တာပေါ့ကွာ ဘုတ်စစ် ဘုတ်စစ်

  • @Nora43_a
    @Nora43_a 3 หลายเดือนก่อน +5

    ဒီ vd ကို အစိုးရကျောင်းက ဆရာမ တွေကိုပြချင်တယ်🙂

    • @owiowiowi
      @owiowiowi 2 หลายเดือนก่อน

      သူတို့သွားပြလို့ဘာထူးမှာလဲ မင်းပညာရေးစနစ်ကိုက စောက်တလွဲ‌ဖြစ်နေတာ ဆရာ ဆရာမတွေဆိုတာ အကြမ်းဖျင်းအားဖြင့် educated တွေထဲမှာအနိမ့်ဆုံးပဲ နှိမ်တာမဟုတ်ဘူး ဘာ training မှမရှိ ဘာ improvement မှမရှိ အဲ့လိုလူတွေကို ဆရာ ဆရာမအဖြစ်ခန့်ထားတဲ့ပညာရေးစနစ်ဆိုတော့ တွေးကြည့်ပေါ့

  • @kohtet3583
    @kohtet3583 3 หลายเดือนก่อน

    ဆရာကြီးတွေပေါ့

  • @aretheur
    @aretheur 3 หลายเดือนก่อน

    အရင်ထွက်သွားတဲ့ဘဲ က ဘော်ဒါမှာ အကြာကြီးနေခဲ့ဖူးမယ်ထင်တယ် 😅 အဲ့ဘဲ မကြိုက်ဘူး ဒဲ့ဘဲ

  • @MeeMeeHtun-n5t
    @MeeMeeHtun-n5t 3 หลายเดือนก่อน

    ❤❤❤❤

  • @yarsieshee2682
    @yarsieshee2682 3 หลายเดือนก่อน

    ❤👍

  • @kyawswar3833
    @kyawswar3833 3 หลายเดือนก่อน

    အမြဲနားထေ င်ဖစ်တယ်

  • @LinyoungLay
    @LinyoungLay หลายเดือนก่อน

    ကျနော်ထင်တာတော့ဗျာ ဆရာ ဆရာမတွေက စာအုပ်ထဲက စာအတိုင်းခေါင်းထဲမှာ အသေမှတ်ခိုင်း ပြီးတာနဲ့ တခြားစာရွက်ပေါ်ချရေး အဲဒါကို ပညာသင်တယ်လို့ခံယူတယ်ဗျာ တစ်တန်းချင်းးဆီမှာရလာသင့်တဲ့ အ‌‌ေခြခံတွေကို အလွှတ်ကျက်သဘောနဲ့ပဲသင်ခဲ့ကြတာ သင်္ချာမှအစဗျာ အတွက်ရိုးရိုးဆိုရတယ် ဂဏာန်းကြီးတာလည်းတွက်နိုင်တယ် စဉ်းစားပါဆိုရင် လွယ်လွယ်လေးလည်း မစဉ်းစားနိုင်ဘူး မစဉ်းစားဘူး စဉ်းစားတဲ့အကျင့်လည်း လုပ်‌မပေးခဲ့ဘူး ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကျက်ခဲ့ကြရတာ အဲဒါတွေကို ဆရာဆရာမတွေ ပညာသင်တယ်လို့ ခံယူထားတာ ခေတ်စကားနဲ့ပြောရရင် ကျနော်တို့ ဘာတွေမျှော်လင့်မိနေတာလဲ။စာရင်းဇယားဆိုတာ ကြားကောင်းယုံပြောတာဗျာ။နေ့စဉ်မှတ်တမ်းတို့ နေ့စဉ်ကျောင်းခေါ်ကြိမ်တို့ အမှတ်စာရင်းတို့ဆိုတာ နည်းနည်းလေး။နေ့စဉ်မှတ်တမ်းဆိုတာကသင်ခန်းစာကြိုတင်ပြင်ဆင်ခြင်းကိုပြောတာ ဒါကတော့ ဆရာတစ်ယောက်အနေနဲ့ လုပ်ကိုလုပ်ရမယ့်ကိစ္စ။မလုပ်ရင် ဘာတွေသွားသင်မှာလည်း။ကြိုပြင်ဆင်ထားတော့ အစီစဉ်ကျတယ် အချိန်တွေကို ခန့်ခွဲနိုင်တယ် သင်တဲ့အခါ ထိရောက်မှုရှိစေတယ်။အချိန်ကုန်သက်သာစေတယ်။ပေးရမယ့်အရာတွေမကျန်ခဲ့တော့ဘူးဗျာ။တွေးတဲ့အခါ ရှုထောင့်အမျိုးမျိုးကနေ တွေးပြပေးနိုင်စေ တွေးစေလို့ရတယ် တွေးတတ်အောင်ကူညီပေးတဲ့ အခါ အထောက်အကူအများကြီးပြုနိုင်တယ်။ ပြီးတော့ အဲဒီဆရာဆရာမတွေဆီမှာ အတွေးတစ်ခုရှိတယ် ငါတို့တုန်းကလည်းညအဲလိုပဲသင်ခဲ့တာပဲ တို့လည်း တတ်လာတာပဲ ဆိုတာနဲ့လမ်းဆုံးတယ်။အဲဒီအဖွဲ့စည်းကနေ ဘာတွေမျှော်လင့်နေတာလဲ broတို့။ဘာမှ ရမှာမဟုတ်ဘူး။ခုက ပိုဆိုးသွားပြီသိလား။

  • @realme-j4w
    @realme-j4w 2 หลายเดือนก่อน

    မင်းတိူ့ဆွေးနွေးတာတေတကယ်ကောင်းပါတယ်ဒါပေမဲ့လိုရင်းကိုမရောက်ပဲမလိုအပ်တာတေပြောနေတာကိုမကြိုက်တာ

    • @moeoo6372
      @moeoo6372 2 หลายเดือนก่อน

      ဘောင်ဝင်ချင်ရင် သာသနာ့ဘောင်ဝင်

  • @aungnaingmin8444
    @aungnaingmin8444 3 หลายเดือนก่อน

    ❤❤❤❤🎉🎉🎉🎉🎉🎉🎉

  • @KoYeMin-gc3p
    @KoYeMin-gc3p 2 หลายเดือนก่อน

    တို့ ကတော့ ပညာရေး အားမပေးတဲ့ မိသားစုက လာတာ ဆိုတော့ ကျူရှင်တွေ ဘာတွေ တက် ချင် ရင်တောင်ကို ကိုဘာသာ လုပ်ရတယ်၊ ဆယ်တန်း တက်နေရင်း guide လုပ်ခဲ့ရတယ်၊ အောင်စရင်း ထွက်တာ မစောင့်နိုင်ဘူး အလုပ် ဝင်ခဲ့ရတယ် ၊ ရန် ကုန် မှာ အလုပ်လုပ်ရင်း၊ English စာ လေ့လာခဲ့ရတယ် ၊ အလုပ်ရတော့ ၊ အလုပ် အားချိန်မှာ ရပ်ကွက် မှာ ပညာဒါန ပြန် သင် ခဲ့တယ် ၊ နယ် လှည့် ပီး လဲ သင်ခဲ့တယ် ၊ အခုလိုအချိန် မှာ ဘာ ကျန်လဲ ဆိုတော့ ၊ ငါ ဘာတွေ လုပ်နေခဲ့တာ လဲ ဆိုတဲ့ မေးခွန်း ပါပဲ

  • @moonggyi77htun49
    @moonggyi77htun49 3 หลายเดือนก่อน

    ခုလို ပညာရေးပေါ် Gen Z လူငယ်တွေ အမြင်ကို ဖလှယ်တာလေးတွေ လေးစားပါတယ်။ နောက်ဆို ပညာရေး‌‌ဆွေးနွေးရင် အဲ့နယ်ပယ်မှာ ကျင်လည်နေ/ခဲ့တဲ့ ဆရာ/မတွေ ပါရင်.... ကျန်းမာရေးအကြောင်းပြောရင် တကယ့်ဆရာဝန်တွေပါရင်တော့ ပိုကြီးကျယ်သွားမလားပဲ 😊

  • @saihanhark
    @saihanhark 17 วันที่ผ่านมา

    အရမ်းတော်ကြပါတယ် တိုးတက်အောင်တော့မလုပ်နိုင်ကြပါဘူး အလကားလေပေါရုံပဲ ေကျာင်းထိလာပြီးကလေးကိုဆင်းသင်ပြ အာ့မှလက်တွေ့ကြတာ ပြောရုံနဲ့အကနု်ပြောနိုင််တယ်

  • @ThanLinHtut-h5x
    @ThanLinHtut-h5x หลายเดือนก่อน

    ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဆန္ဒ ရှိတယ်ဗျ
    ဘယ်ကနေ ဘယ်လို စရမလဲ တတ်နိုင်သလောက်လေး လုပ်နိုင်တဲ့နေရာကနေ ဘယ်လိုနည်းလမ်းနဲ့ planချလို့ရနိုင်မလဲ ဆွေးနွေးပေးကြပါလား
    နောက်တစ်ခုက အခု ပြောင်းလဲထားတဲ့ စနစ်သစ်ပညာရေးကို သူ့ရဲ့ သင်ခန်းစာအလိုက် ချမှတ်ထားတဲ့ မျှော်မှန်းချက်တွေအတိုင်း လိုက်နာပြီးတော့ သင်ပေးနိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခုဖြစ်မလား

  • @konayzar
    @konayzar 28 วันที่ผ่านมา

    ဘာသာရပ်တွေကို သင်ကြားပေးခဲ့တဲ့ ဆရာ/ဆရာမတွေ ကိုယ်တိုင်ကရော အဲဒီဘာသာရပ်ကို တကယ်ကျွမ်းကျင်တာလား.. ဒါမှမဟုတ် သင်ရိုးထဲက အကြောင်းအရာကိုပဲ ခြုံငုံမိရင် ပြီးရောဆိုပြီး အစိုးရက ဆရာ/ဆရာမ တွေကို အလုပ်ခန့်ထား ဘာသာရပ်ခွဲပေးခဲ့ကြတာလားဆိုတာကို နံပါတ်(၁) မေးရမှာ၊ အဲဒါက root ပဲ။

  • @ubosisi7459
    @ubosisi7459 3 หลายเดือนก่อน

    အဖျောက်က အနှိုင်းမဲ့ ဘော်ဒါ ကို သိလားbro

  • @ThihaNwayoo-k8v
    @ThihaNwayoo-k8v 2 หลายเดือนก่อน

    အရင်းချုပ်တော့နိုင်ငံရေးပဲ....ခေတ်အဆက်ဆက်ယိုယွင်းခဲ့တဲ့ပညာရေးစနစ်ရဲ့ အကျိုးဆက်တွေပါ။ အစိုးရ ပညာရေးစနစ်အကြောင်း ပြုပြင်ပြောင်းလဲချင်တယ် ဆိုရင်တော့😅😅😅😅 ပြုပြင်ပြောင်းလဲဖို့ ဘာလုပ်ရမလဲဆိုတာ တကယ် သိသွားတဲ့ သူတွေကတော့......တကယ်လုပ်နေကြပါပြီ။ အဓိက ပြောင်းလဲရမယ့် အရာကို မပြောင်းနိုင်သမျ မြန်မာပြည်ရဲ့ ပညာရေးက နလန်မထူနိုင်ပါဘူး။

  • @realme-j4w
    @realme-j4w 2 หลายเดือนก่อน

    အများကြီးပြောမနေနဲ့တိုင်းပြည်စနစ်နဲ့ပြည်သူတွေရဲ့အသိညဏ်နဲ့စဥ်းစားတွေ့ခေါာမှုနည်းတယ်လို့တိုက်ရိုက်ပြောလိုက်ပီးပီး..လီးလိုပဲမင်းတို့ကဒည့်ပြောစမ်းပါ..အရမ်းဝိုက်လွန်းနေတယ်

  • @thirisu-x7d
    @thirisu-x7d 2 หลายเดือนก่อน

    လူငယ်တွေ ဆွေးနွေးသံုးသပ်သွားတာလေးတွေ သဘောကျပါတယ်။ အန်တီတို့အရွယ်တုန်းက အဲဒီလောက်တောင် အသိအမြင်မကျယ် ခဲ့ဘူး။ ပညာရေးစနစ်က ခေတ်နဲ့အညီ ပြုပြင်သင့်တာ ကြာပါပြီး။ ဒီအစီစဉ်လေးကို ပညာရေးဌာနက လူကြီးတွေတွေ့မြင်ပြီး ပြုပြင်ပြောင်းလည်းချင်စိတ်ရှိကြပါစေလို့ ဆန္ဒဖြစ်မိပါတယ်။ လူငယ်တွေက မိမိတို့တိုင်းပြည်ကိုတိုးတက်ဖို့ ပြုပြင်ပြောင်းလဲစေချင်တဲ့ အချက်လေးတွေကို မကြာခဏ သုံးသပ်ပေးစေချင်ပါတယ်

  • @kaka-j8j4t
    @kaka-j8j4t 2 หลายเดือนก่อน

    မြန်မာလိုအကုန်လုံးပြောကြည့်လို့မရဘူးလား
    စကားလုံးတိုင်းကိုတော့ မဆိုလိုပါဘူး