ရူမယ်မုန်တိုင်းနောက်ဆုံးအခြေအနေ

แชร์
ฝัง
  • เผยแพร่เมื่อ 30 ก.ย. 2024
  • အပြည်ပြည်ဆိုင်ရာ မုန်တိုင်းခန့်မှန်းရေးဌာနများမှ ရရှိသည့် လေဖိအားနည်းရပ်ဝန်း တည်နေရာပြပုံများဖြစ်ပါသည်။
    (မေလ ၂၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ် NRL ပုံများ)
    ==========
    🔸 အခုအချိန်မှာ Well-Marked သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းတော့ ဖြစ်နေတာတွေ့ရပါပြီ။ အရှေ့-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း ဒုတိယပုံ(IR image - color)ပုံမှာတွေ့ရတဲ့ အနီရောင်နဲ့ အဝါရောင်တိမ်တိုက်တွေပေါင်းမိသွားပြီးအားပိုကောင်းလာတဲ့အခါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)DEEP-DEPRESSION ဖြစ်လာပါလိမ့်မယ်။
    🔸 ပြီးရင်တော့ မြောက်ဘက်ကိုချိုးကွေ့ရွေ့လျားပြီး စစ်တွေမြို့အနောက်ဘက် မိုင် ၁၉၀ ခန့်ကိုရောက်တဲ့အချိန်၊ မေလ ၂၆ ရက် နံနက်ပိုင်းမှာ အမည်ရဆိုင်ကလုန်းမုန်တိုင်း "REMAL" ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။
    ⚠️ မေလ ၂၄ ရက် နံနက်ပိုင်း၊ မြောက်ဘက်ကို စတင်ချိုးကွေ့ရွေ့လျားချိန်က စ ပြီး မုန်တိုင်းကုန်းတွင်းဝင်ချိန် မေ ၂၆ ရက် ည ပိုင်းအထိ ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ ငွေဆောင်၊ ချောင်းသာ အစရှိသောကမ်းခြေတွေ၊ ရခိုင်ပြည်နယ်ရဲ့ ကမ်းရိုးတန်းဒေသတွေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်မြစ်ဝ၊ မုတ္တမကွေ့နဲ့ မွန်ပြည်နယ်ကမ်းခြေတွေမှာ လေပြင်းများကျရောက်ပြီး မိုးသည်းထန်တာကို ကြုံတွေ့ကြရပါမယ်။
    ⚠️ လေပြင်းတိုက်ခတ်ချိန် တနာရီ မိုင် ၃၀ မှ မိုင် ၄၀ အထက်အထိ တိုက်ခတ်နိုင်ပြီး တောင်-အနောက်တောင်ဘက်မှ လှိုင်းအမြင့် ၉ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်ပါတယ်။
    ⚠️ ဒီနေ့ -မေလ ၂၃ ရက်ညပိုင်းက စ ပြီး ပင်လယ်ရေလုပ်သားများ ပြင်လယ်ပြင်ကို မထွက်သင့်တော့ပါ။
    တိကျမှန်ကန် မင်းဂွတ်သီးလေး စုစုစံအနေနဲ့ တိကျတဲ့ မိုးလေးဝသသတင်းများကို အချိန်ပြည့်စောင့်ကြည့် တင်ဆက်ပေးလျက်ရှိပါတယ်
    #Su_Su_San
    #စုစုစံ
    #မင်းဂွတ်သီး

ความคิดเห็น • 8