ไม่สามารถเล่นวิดีโอนี้
ขออภัยในความไม่สะดวก
အအီပြေ ချဉ်ပေါင်ဟင်းရည် ချက်နည်း Myanmar Roselle leaves soup Recipe
ฝัง
- เผยแพร่เมื่อ 7 มี.ค. 2024
- အအီပြေချဉ်ပေါင်ဟင်းရည်လေးက ဘယ်အချိန်သောက်သောက် မရိုးသော ဟင်းရည်လေးတခွက်ပါ။
ချက်နည်းလေးကတော့ အရမ်းကို ရိုးရှင်းလွယ်ကူလှပါတယ်။
ပုစွန်စိတ်လေးတွေကို ဆားနဲ့ နနွင်းမှုန့်နဲ့ ပထမဆုံးနယ်ထားပေးပါ။ အရည်သောက်လေးဖြစ်တာကြောင့် ကြက်သွန်ဖြူနီကို အများကြီးထည့်စရာမလိုပါဘူး။ ကြက်သွန်နီ ၁ လုံးနဲ့ ကြက်သွန်ဖြူအနည်း ငယ် နဲ့ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ် ကို ကြေညက်အောင် ထောင်းထားပေးပါ။ အရည်သောက်ပေမယ့် ဆီသတ်ပြီးချက်တာပိုပြီးမွှေးတဲ့အတွက်ကြောင့် ဒယ်အိုးထဲမှာ ဆီလေးအနည်းငယ်ထည့်ပြီး ထောင်းထားတာတွေကို ထည့်ပြီး ဆီသတ်ပေးပါ။ မွှေးလာပြီဆိုရင် အရသာနှပ်ထားတဲ့ပုစွန်ထည့်ပေးပါ။ ငပိလေး အနည်းငယ်ထည့်ပါ။ ပုစွန်နဲ့ ငပိလုံးသွားပြီဆိုရင် ငရုတ်သီးစိမ်း ထည့်ပေးပါ။ အငန်အရသာအတွက် ငါးငံပြာရည် အနည်းငယ်ထည့်ပေးပါ။ ခဏမွှေပြီး ရေထည့်ပေးပါ။ ချဉ်ပေါင်ဖြူ ချွေထားတာထည့်ပါ။
အရွက်တွေနွမ်းသွားပြီဆိုရင် အရသာမြည်းပြီး လိုအပ်ရင် ငါးငံပြာရည်အနည်းငယ်ထည့်ပေးပါ။
ဒါဆိုရင် အရသာရှိတဲ့ ချဉ်ပေါင်ဟင်းရည်လေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
Mingalar par Sayar,thank you for sharing.🥰🥰🥰🥰🥰
Mingalarpar 🙏 Thank you so much 😊🤍
Thank you for sharing with public
Thank you so much 🙏
ကျေးဇူးပါ အားပေးနေပါတယ်😍😻🤗🐈
ချဥ်ပေါင်ဟင်းရည်နဲ့ငပိထောင်းလေးနဲ့လိုက်ပါတယ်
ဘေးကင်းကျန်းမာအဆင်ပြေပါစေ🤗
ကျေးဇူးတင်ပါတယ်အစ်မ... ကျန်းမာပျော်ရွှင်ပါစေ....
ချက်ဦးမယ်
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
❤❤❤
❤️❤️❤️
မဂ်လာပါK1+2😊
မင်္ဂလာနံနက်ခင်းပါ....
Please post more
I will 🤗
အိမ်ရောက်မှစားရတော့မှာဝေ့ခုကခရီးသွားနေရတယ်😮😢😢😅
ဟုတ်ကဲ့... ပျော်ရွှင် ပါစေ..ခင်ဗျာ...
ဒီတစ်ခါတော့ချက်နည်းတူသွားပြီအိမ်ကချက်နည်းနဲ့😊😊
ဟုတ်ကဲ့ 😊🤗
ကျေးဇူးပါရှင့်❤❤❤
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏