ကြက်ဂွေးတောက်ဟင်းချို Cotton Milk Plant Leaves and Chicken Soup

แชร์
ฝัง
  • เผยแพร่เมื่อ 26 ก.ค. 2024
  • ဂွေးတောက်ရွက် ဟင်းရည်ချက်တဲ့အခါမှာ အခါးအရသာ မပြင်းစေဘဲ မွှေးပြီးသောက်ကောင်းအောင် ချက်တဲ့ နည်းလေးပါ။
    ပထမဆုံး ဂွေးတောက်ရွက် နုတဲ့အပိုင်းလေးတွေကို ဦးစားပေးယူပါတယ်၊
    ကြက်သွန်ဖြူနဲ့ ချင်း ကို ညက်နေအောင် ထောင်းထားပေးပါ။
    ဟင်းရည်ဖြစ်တာကြောင့် လုံးချက် ချက်မှာ ဖြစ်ပါတယ်။
    ကြက်ပေါင်သား နဲ့ ကြက်တောင်ပံကို ဟင်းရည်ချက်ဖို့အတွက် သုံးပါမယ်၊ ဒါမှမဟုတ် ကြက်ရိုးတွေနဲ့ ချက်သောက်လည်း ချိုပြီး သောက်လို့ကောင်းပါတယ်၊
    ရေဆေးပြီး ရေစစ်ထားတဲ့ ကြက်သားထဲကို ထောင်းထားသည့် ကြက်သွန်ဖြူနဲ့ ချင်း ကိုထည့်မယ်။ မပါမဖြစ် ထည့်ရမှာက ပုစွန်ခြောက်မှုန့် ၁ ဇွန်း ပါ။ ဆား အနည်းငယ်။ အချိုမှုန့် သို့ ကြက်သားမှုန့် အနည်းငယ်။
    ငါးငံပြာရည် ၁ ဇွန်း။ ငရုတ်သီးစိမ်းအနည်းငယ်။ ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ပါမယ်။ ကြိုက်တယ်ဆိုရင်တော့ ငရုတ်ကောင်းမှုန့် ပိုထည့်ပါ။ ဆီ အနည်းငယ်ထည့်ပါမယ်၊ လုံးပြီးနှပ်ထားတဲ့ ကြက်သားကို ဒယ်အိုးထဲမှာ ၈ မိနစ် ၁၀ မိနစ်လောက် မွှေးလာတဲ့အထိ လှိမ့်ပေးပါ။ ပြီးမှ ရေထည့်ပါ။ မီးအားပြင်းပြင်းနဲ့ ၅ မိနစ်လောက် တည်ထားပြီး မှ မီး အားပြန်လျော့ပြီး ၁၀ မိနစ်လောက်တည်ထားပါ။ ပြီးမှ ဂွေးတောက်ရွက်တွေထည့်ပြီးတာနဲ့ မီးပိတ်လိုက်ပါ။ ဂွေးတောက်ရွက်တွေက မီးနဲ့ အကြာကြီး တည်ထားရင် ခါးသွားတတ်ပါတယ်။ ငရုတ်ကောင်းမှုန့် မွှေးမွှေးလေးနဲ့ သောက်ကောင်းတဲ့ ကြက်ဂွေးတောက်ဟင်းရည် ရပြီဖြစ်ပါတယ်။
    Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
  • แนวปฏิบัติและการใช้ชีวิต

ความคิดเห็น • 31

  • @yuzana2721
    @yuzana2721 11 หลายเดือนก่อน

    အရမ်းကြ်ိုက် ကျေးဇူးပါအကို😊

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

  • @aungphyowai4147
    @aungphyowai4147 11 หลายเดือนก่อน

    ကျနော်ဆို ခါးခါးလေးမှ ကြိုက်တာ အရမ်းစားလို့သောက်လို့ကောင်းတယ် ❤

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်ကဲ့ 😊

  • @khamtip7017
    @khamtip7017 11 หลายเดือนก่อน

    😻😻😻😋

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      Thank you 💞😊

  • @thartharlay3479
    @thartharlay3479 11 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်
    ကြေးအိုးတို့ ကြာဇံချက်တို့ချက်
    နည်းလေးလည်းတင်ပေးပါဥိီး😛

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ

  • @thetwin3771
    @thetwin3771 11 หลายเดือนก่อน

    တအားကြိုက်

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်ကဲ့ 😊

  • @eieiphyomon1667
    @eieiphyomon1667 11 หลายเดือนก่อน

    🎉အားပေးလျှက်ပါ အစ်ကိုရေ 😊

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน +1

      အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ🙏

  • @dawpaukpauk4304
    @dawpaukpauk4304 11 หลายเดือนก่อน

    ကျေးဇူးပါ အားပေးနေပါတယ် 😻😊👍
    ခုရာသီလေးနဲ့လိုက်တယ်
    ပူပူလေးသောက်ရင်မခါးဘူး
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်ကဲ့။ လုပ်သောက်ကြည့်ပါခင်ဗျ😊အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်ကဲ့။ လုပ်သောက်ကြည့်ပါခင်ဗျ😊အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏

    • @dawpaukpauk4304
      @dawpaukpauk4304 11 หลายเดือนก่อน

      @@Cookfork1 ဟုတ်ကဲ့ 😻

  • @missenglishspeakingclass212
    @missenglishspeakingclass212 11 หลายเดือนก่อน

    Thz my dear ❤❤❤

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      Thank you ❤️😊

  • @AyeAyeHlaing-by9yu
    @AyeAyeHlaing-by9yu 11 หลายเดือนก่อน

    လုပ်စားမယ် ကြိုက်

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်ကဲ့။ လုပ်သောက်ကြည့်ပါခင်ဗျ😊

  • @lewahaye43
    @lewahaye43 11 หลายเดือนก่อน

    covidတုန်းကသောက်လိုက်ရတာတော်သေးတယ်ဘာမှမဖြစ်လို့😅😅😅

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ကျန်းမာတာ အမြတ်ပဲ 🤗

  • @robot916
    @robot916 2 หลายเดือนก่อน

    အခါး မလွန်အောင်။
    အရင်ဆုံး ဆားနဲ့နယ်မယ်ဆိုရင်ရော်?

    • @Cookfork1
      @Cookfork1  2 หลายเดือนก่อน

      မရလောက်ဘူးဗျ

  • @waihtutpai
    @waihtutpai 11 หลายเดือนก่อน

    bro channel ကိုမကြည့်ဖြစ်တာ တောင်ကြာပြီ။ ကြက်ဂွေးတောက်ကြည့်ပြီး လိုက်လုပ်စားအုံးမယ်။

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်ကဲ့။ လုပ်သောက်ကြည့်ပါခင်ဗျ😊

  • @redhaythi
    @redhaythi 11 หลายเดือนก่อน

    ငရုတ်ကောင်းမှုန့် ကောင်းကောင်းလေး ဘယ်တံဆိပ်ထဲက ကောင်းလဲနော်

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน +1

      ငရုတ်ကောသ်းစေ့ကိူ လှော်ပြီးထောင်းထည့်ရင်တော့ ပိုမွှေးတယ်ဗျ။ မြန်မာ့ရနံ့တံဆိပ် တော့ သုံးကြတာများပါတယ်

    • @redhaythi
      @redhaythi 11 หลายเดือนก่อน

      @@Cookfork1 ကျေးဇူးတင်ပါတယ် ဆရာ

    • @redhaythi
      @redhaythi 11 หลายเดือนก่อน +1

      @@Cookfork1 အပန်းမကြီးရင် ‌သဘာဝပစ္စည်းတွေနဲ့ပဲ ခေါက်ဆွဲသုပ်တဲ့ အချဉ်‌စပ်နည်း လုပ်ပြပေးပါ နော် 😀

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ