#ကညွတ်ကွင်းမြို့က

แชร์
ฝัง
  • เผยแพร่เมื่อ 24 ส.ค. 2024
  • ဒီတစ်ခေါက် Vlog လေးကိုတော့ ကညွတ်ကွင်းမြို့နယ်အတွင်းက နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ကညွတ်ကွင်းငါးထပ်ကြီးဘုရားနဲ့ ရှေးဟောင်းမဟာဝိဇယသိမ်တော်ကြီးကို သွားရောက်လေ့လာဖူးမျှော် ရိုက်ကူးခဲ့ပါတယ်။ ငါးထပ်ကြီးဘုရားဟာ Yangon-Mandalay အမြန်လမ်းဟောင်းကနေ သွားရပါတယ်။ နေပြည်တော် အမြန်လမ်းမဘက်က လာရင်တော့ ၉၉ မိုင် ၄ ဖာလုံ သရက်စိန်လမ်းခွဲကနေလာလို့လည်း ရပါတယ်။ ငါးထပ်ကြီးဘုရားဆင်းတုတော်ကြီးဟာ နှစ်ပေါင်းရာကျော်သက်တမ်းရှိနေပြီး ဒုတိယကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရပေမယ့်လည်း အပျက်အစီးမရှိ သီတင်းသုံးတော်မူနိုင်တာကလည်း အလွန်ကို အံ့ဩဖွယ်ကောင်းလွန်းပါတယ်။ ရှေးဟောင်း မဟာဝိဇယသိမ်တော်ကြီးအတွင်းမှာ လဲ ရှေးခေတ်လက်ရာဘုရားဆင်းတုတော်များကို တည်ထားကိုးကွယ်ထားပြီး၊ တချို့သော ဘုရားဆင်းတုတော်များကတော့ ကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်ကာလအတွင်းမှာ မသမာသူတစ်စုရဲ့ ခိုးယူမှုတွေကြောင့် ပျောက်ဆုံးခဲ့ရတာကိုလည်း လေ့လာသိရှိခဲ့ရပါတယ် ခင်ဗျာ။

ความคิดเห็น • 6

  • @burmesevlogger
    @burmesevlogger ปีที่แล้ว +1

    မြန်မာပြည်အနှံမှာ လူမသိသူမသိ တိမ်မြုပ်နေတဲ့ ရှေးဟောင်းအမွေအနှစ်တွေက အများကြီးရှိတယ်။ အခုလို ဖော်ထုတ်တင်ပြပေးလို့ ကျေးဇူးပါ bro

  • @user-gd3rp4fc7n
    @user-gd3rp4fc7n ปีที่แล้ว

    ကညွတ်ကွင်းမှာ ဒီလိုရှေးဟောင်းဘုရားကြီးရှိနေတာ မသိခဲ့ဘူး

  • @ShineNayYaung
    @ShineNayYaung ปีที่แล้ว +1

    ကညွှတ်ကွင်းမြို့ကဘယ်မှာတည်ရှိတာလဲဗျ

    • @myanmaradventuretraveler2752
      @myanmaradventuretraveler2752  ปีที่แล้ว

      အမြန်လမ်းဟောင်းပေါ်မှာရှိတယ် Bro. ကျောက်တံခါးနဲ့ ဖြူး နဲ့ကြားမှာပဲ။ ဖြူး ကို မရောက်ခင်လေးပေါ့။

    • @KoAung-oe3pj
      @KoAung-oe3pj 9 หลายเดือนก่อน

      🙏🙏🙏🙏🙏

  • @AungThiha-zy3md
    @AungThiha-zy3md 4 หลายเดือนก่อน

    လွမ်းမိပါတယ်မွေးရပ်မြေ