#မှော်ယောကြီးဆင်စခန်း

แชร์
ฝัง
  • เผยแพร่เมื่อ 24 ส.ค. 2024
  • မှော်ယောကြီးဆင်စခန်းဟာ နေပြည်တော်အမြန်လမ်း ၁၁၅ မိုင် ၄ ဖာလုံမှာတည်ရှိပြီး၊ ဆိုင်းဘုတ်တည်ရှိရာကနေ ဆင်စခန်းရောက်တဲ့အထိ နောက်ထပ် ၉ ဖာလုံ ထပ်မံသွားရောက်ရပါတယ်။ ဆင်စခန်းမှာရှိနေတဲ့ ဆင်လေးတွေဟာ အရင် သစ်တောဦးစီးဌာနက ပဲခူးရိုးမထဲမှာ သစ်ထုတ်လုပ်ရေးတွေလုပ်ခဲ့စဉ်တုန်းက သစ်ဆွဲဖို့အသုံးပြုခဲ့ပေမယ့်လည်း သစ်ထုတ်လုပ်မှုရပ်ဆိုင်းလိုက်တဲ့အချိန်ကစပြီး မှော်ယောကြီးဆင်စခန်းမှာပဲ ထိန်းသိမ်းလာခဲ့ကြတာဖြစ်ပါတယ်။ ဆင်လေးတွေဟာ ဆင်ဦးစီးတွေရဲ့ သင်ကြားပြသမှုတွေနဲ့ ယဉ်ပါးလိမ္မာကြပြီး ဆင်စခန်းကိုလာကြတဲ့ဧည့်သည်တွေကို လှဲအိပ်ပြခြင်း၊ ထိုင်ပြခြင်း၊ သစ်တုံးပေါ်တက် သရုပ်ပြခြင်း၊ ခြေနှစ်ချောင်းချိတ်ပြီး ထိုင်ပြခြင်း စတာတွေနဲ့ ဖျော်ဖြေ ပေးနေတာကို တွေ့ခဲ့ရပါတယ်။ ဆင်လေးတွေကို အစာကျွေးမွေးဖို့ အစာများရောင်းချပေးပြီး၊ ဘူဖေးစနစ်ဖြင့် ကျွေးမွေးလိုပါကလည်း ဆင်စခန်းမှ တာဝန်ယူစီစဉ်ပေးတယ်လို့ သိရပါတယ်။ ကုန်ကျစရိတ်ကို ငွေကြိုလွှဲပြီး လာရောက်ကျွေးမွေးနိုင်သလို ကိုယ်တိုင်ကိုယ်ကျ ဝယ်လာပြီး စိတ်တိုင်းကျ ကျွေးမွေးနိုင်တယ်လို့လည်း သိရပါတယ်ခင်ဗျာ။ ဆင်လေးတွေကို အစာကျွေးမွေးလိုပါက (ကိုခိုင်ဝင်း- မှော်ယောကြီးဆင်စခန်းတာဝန်ခံ- 09 5385483) သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲ နှစ်သစ်မှာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ။

ความคิดเห็น • 2

  • @columbascolumbas348
    @columbascolumbas348 ปีที่แล้ว

    ဆင်အကြောင်းလဲမပါဘဲနဲ့ဘယ်လိုဗဟုသုတရမှာလဲ

    • @myanmaradventuretraveler2752
      @myanmaradventuretraveler2752  ปีที่แล้ว

      ဟုတ်ကဲ့ပါ အခု Vlog လေးက မှော်ယောကြီးဆင်စခန်းကို ဘယ်လိုသွားရတယ်၊ ဆင်လေးတွေကို အစာကျွေးချင်ရင် ဘယ်လိုဆက်သွယ်ရတယ်ဆိုတာကိုပဲ ညွှန်ပြပေးတဲ့ Vlog လေးအဖြစ်နဲ့ပဲ ပေါ့ပေါ့ပါးပါး တင်လိုက်တာကြောင့်ပါခင်ဗျာ။ ဆင်တွေအကြောင်းနဲ့ ဆင်တွေရဲ့သဘာ၀ကိုတော့ ထပ်ပြီး တင်ပြနိုင်ဖို့ အခုလည်း စီစဉ်နေကြပါတယ်။ ဆင်ဦးစီးတွေနဲ့ ချိတ်ဆက်နေတာတွေရယ် တောထဲ တောင်ထဲအထိ လိုက်ရိုက်ဖို့က လောလောဆယ်အခြေအနေအရ တပိုင်းတစဖြစ်နေလို့ မတင်ပေးရသေးတာပါခင်ဗျာ။ ဝင်ရောက်ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။