ဂျင်းပြုတ်/ကန်းစွန်းဥ

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • ဂျင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ
    ဂျင်းဟာ အလွန်ဆေး၀င်တဲ့ အစားအစာတစ်မျိုးဖြစ်သလို
    ဆေးဖော်စပ်ရာမှာလည်း အလွန်အစွမ်းထက်တဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။
    ဂျင်းပြုတ်ရည်ကို အမျိုးသမီးများသာမက အမျိုးသားများလည်း မကြာခဏ သောက်သုံးပေးနိုင်ပါတယ်။
    ဆေးဖက်၀င်အောင် ဂျင်းပြုတ်ရည် ပြုတ်နည်း
    (၁) ဂျင်းတက်ကို အခွံခွါ၊ အကွင်းလိုက်ပါးပါးလှီး၍ ပွတ်ပွတ်ဆူနေသော ရေနွေးအိုးထဲကို ထည့်ပါ။
    (၂) အနည်းဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပြုတ်ထားပါ။
    (၃) ရေနွေးအိုးကို အောက်ချ၊ အဖုံးအုပ်ထားပြီး ၁၀ မိနစ်ခန့် ထားပါ။
    (၄) ခပ်နွေးနွေးလေးဖြစ်ရင် ခွက်ထဲကို ဂျင်းပြုတ်ရည်ထည့်၍ ရှောက်သီး တစ်စိတ် ညစ်ထည့်ပါ။
    (၅) ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းလောက်ထည့်ပါ။ ပူစီနံရွက် ၂ ရွက်ခန့် ထည့်၍ သောက်ပါ။
    ဂျင်းကို ဂျင်းပြုတ်ရည်လုပ်သောက်နိုင်ရုံမကပဲ ဂျင်းသုပ်လုပ်စားခြင်း၊ ဟင်းချက်ရာတွင် ထည့်သွင်းစားသုံးခြင်း စသဖြင့် အမျိုးစုံးပြုလုပ်၍ စားသုံးပေးနိုင်ပါတယ်။
    ဂျင်းမှာပါ၀င်တဲ့ Manganese ဓါတ်ဟာ Testosterone ထုတ်လွတ်မှု များပြားသည့်အတွက် မျိုးအောင်နှုန်းကို ပိုမိုမြင့်တက်လာစေပါတယ်။
    သွေးလည်ပတ်မှုကို အားကောင်းလာစေသည့်သဖြင့် အမျိုးသားများအတွက် အိမ်ထောင်မှုသုခကို ပြည့်ဝစေပါတယ်။
    ဂျင်းမှာပါ၀င်တဲ့ ဗီတာမင်ဓါတ်တစ်မျိုးဟာ နှလုံးသွေးကြောကျဉ်းစေတဲ့
    သွေးခဲများကိုလည်း လျှော့ချပေးနိုင်သည့်အတွက် နှလုံးရောဂါနှင့် အူမကြီးကင်ဆာဖြစ်ပွါးမှုများကိုပါ လျှော့ချပေးနိုင်ပါတယ်။
    သွေးထဲမှာပါ၀င်နေတဲ့ အချိုဓါတ်များကိုလည်း လျှော့ချပေးနိုင်သည့်အတွက် ဆီးချိုသွေးချိုသမားများလည်း ဂျင်းကို မကြာခဏ စားသုံးပေးသင့်ပါတယ်။
    ငွေကုန်ကြေးကျနည်း၍ လွယ်ကူသက်သာသောနည်းဖြင့် ကျန်းမာရေးအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ကြပါစေ။
    စောနွဲ့နေဆိုင်(ပူတာအို)
    ကိုးကား - Health Benefits of Ginger
    အစွမ်းထက် သဘာဝဆေးနည်းများ
    #Credit.ကျေးဇူးပါဆရာ
    မေတ္တာဖြင့် Bonebone Thaw

ความคิดเห็น •