မိုးကုတ် မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်၊

แชร์
ฝัง
  • เผยแพร่เมื่อ 16 ต.ค. 2024
  • တစ်မြို့လုံး ထိန်းချုပ်နိုင်ဖို့ စစ်စခန်း လေးခု သိမ်းဖို့ကျန်ဟု TNLA ပြော၊
    ဇူဇူး(Newsland)၊ ဇူလိုင်-၁၃
    မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေး တပ်တွေက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မနေ့က စလို့ မိုးကုတ် အရှေ့ပိုင်းမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတယ်လို့ သတင်း ရရှိပါတယ်။
    ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အဖြစ် ဇွန်(၂၅)ရက်က စတင်ကာ မိုးကုတ်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မိုးကုတ်မြို့ အနောက်ပိုင်း၊ ကျပ်ပြင်ကို သိမ်းပိုက်ထားပြီးဖြစ်ကာ မြို့လုံးကျွတ် ထိန်းချုပ်နိုင်ဖို့အတွက်တော့ မိုးကုတ် အရှေ့ပိုင်းမှာ စစ်စခန်း လေးခု ကျန်ရှိနေသေးတယ်လို့ တအာင်း အမျိုးသား လွတ်‌မြောက်ရေး တပ်မတော် - TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ပြောပါတယ်။
    "မိုးကုတ်မြို့ တစ်မြို့လုံး ထိန်းချုပ်နိုင်ဖို့ ဆိုရင်တော့ ကျွန်မတို့က ဒီ အရှေ့ပိုင်း (မိုးကုတ်အ‌ရှေ့ပိုင်း)မှာ စစ်ကောင်စီ တပ်စခန်းတွေ ကျန်ပါသေးတယ်၊ အဲ့မှာ တပ်စခန်းဆိုရင် လေးခုလောက်တော့ ကျန်ပါသေးတယ်၊ အဲ့ကြောင့်မို့ လက်ရှိမှာ ကျွန်မတို့ ဒီစခန်းတွေ သိမ်းနိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်"
    မိုးကုတ်အနောက်ပိုင်း၊ ကျပ်ပြင်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး ဒေသခံ ပြည်သူတွေ ပုံမှန်အတိုင်း သွားလာ လှုပ်ရှား၊ ရောင်းဝယ် ဖောက်ကားနေတဲ့ ပုံတွေကို TNLA က ဇူလိုင်(၅)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
    "မိုးကုတ်မြို့ အနောက်ပိုင်းကိုတော့ ကျွန်မတို့ TNLA တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့မှ ထိန်းချုပ် ပြီးသား ဖြစ်တယ်၊ လက်ရှိမှာတော့ ဒေသခံတွေက ဈေးတွေ ခင်းတာမျိုး၊ ဈေးရောင်းဝယ် နေတာမျိုး တခြားသူတွေက နေရပ် ပြန်လာတာမျိုးလည်း ကျွန်မတို့ ‌တွေ့ရှိရပါတယ်" လို့ TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ပြောပါတယ်။
    မိုးကုတ်မြို့အရှေ့ပိုင်းက စစ်အုပ်စုရဲ့ လက်ကျန်စခန်းတွေကို တော်လှန်ရေး တပ်တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတာလို့ မိုးကုတ်တိုက်ပွဲမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) MDY-PDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။
    "မိုးကုတ်မှာရှိတဲ့ လက်ကျန် တပ်စခန်းတွေကို တော်လှန်ရေး အင်အားစုတွေ၊ တော်လှန်ရေး တပ်ဖွဲ့တွေ ဘက်က ဝိုင်းရံ ပိတ်ဆို့ ထားတယ်"
    ဇူလိုင်(၁၂)ရက် မနေ့က စလို့ မိုးကုတ်မြို့အရှေ့ပိုင်းက စစ်အုပ်စု တပ်စွဲထားတဲ့ မင်းတံတားရပ်ကွက်၊ လျှပ်စစ်ရုံးနဲ့ ပန်းမထိပ် ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ နေအိမ် မီးလောင်တာ၊ ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
    "မင်းတံတား(ရပ်ကွက်) EPC ရုံး(လျှပ်စစ်ရုံး)ဝင်းထဲ၊ အုပ်ဆောင်းတောင်ဘက်၊ ပန်းမထိပ်၊ ပေါ်တော်မူဘုရား နားတွေမှာ စကစ တွေ ရှိတယ်လို့တော့ ကြားတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
    မိုးကုတ်မြို့တွင်း လူနေရပ်ကွက်တွေထဲ စစ်အုပ်စုက တပ်စွဲကာ နေရာယူထားခဲ့ပေမယ့် လက်ရှိမှာတော့ ဗျူဟာကုန်းမှာပဲ အင်အား သွားစုနေပြီလို့ ယူဆရကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။
    မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်အုပ်စုရဲ့ ဗျူဟာကုန်း၊ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေ တည်ရှိပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ မိုးကုတ် အနောက်ပိုင်း ကျပ်ပြင်ဟာ ခုနှစ်မိုင် ဝန်းကျင် ကွာဝေးပြီး တိုက်ပွဲစဖြစ်တဲ့ ဇွန်(၂၅)ရက် ကစလို မိုးကုတ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကူးသန်းသွားလာတဲ့ လမ်းကို စစ်အုပ်စုက ပိတ်ဆို့ ထားပါတယ်။
    ဇွန်(၂၅)ရက်က စတင်တဲ့ မိုးကုတ်မြို့သိမ်း တိုက်ပွဲတွေအတွင်း သိန်းနဲ့ချီတဲ့ ပြည်သူတွေ ပိတ်မိနေပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ကာ ကုန်စည်စီးဆင်းမှု မရှိလို့ ဒေသခံတွေ စားသောက်ရေး အခက်ကြုံ နေရပါတယ်။
    ဒါ့အပြင် မိုးကုတ်မြို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ထုတာတွေကြောင့် သံဃာအပါအဝင် မြို့ခံပြည်သူ (၁၃)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ (၁၈)ဦး ရှိပြီး သာသနိက အဆောက်အဦးတွေ အပါအဝင် အိုးအိမ် (၂၁)လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
    TNLA အနေနဲ့ တိုက်ပွဲအတွင်း ပြည်သူတွေ မထိခိုက်စေဖို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ လွေး‌ယေဦး က ပြောပါတယ်။
    "တကယ်လို့ တိုက်ပွဲကာလအတွင်းမှာ ဆိုရင် ဒေသခံလူထုတွေ ထိခိုက်မှု မရှိစေအောင်၊ ထိခိုက်မှု လျော့နည်းသွားအောင် ကျွန်မတို့သည် စစ်ဆင်ရေးကို ဖော်ဆောင်နေတဲ့ ဦးဆောင်နေတဲ့ စစ်ဦးစီးမှူးကနေ တဆင့် အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးတော့မှ၊ တွက်ချက်ပြီးတော့မှ ကျွန်မတို့ ဒီစစ်ဆင်ရေးကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်"
    မိုးကုတ်မြို့သိမ်း တိုက်ပွဲတွေအတွင်း တအာင်းတပ်မတော် - TNLA နဲ့အတူ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF၊ မိုးကုတ်ဗျူဟာ၊ PDF (၅၁၃)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ (မိုးကုတ်) တို့လည်း ပူးပေါင်း ပါဝင် တိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
    #Mandalay_Free_Press_MFP

ความคิดเห็น • 26

  • @kispywillo6749
    @kispywillo6749 3 หลายเดือนก่อน +4

    TNLA PDFများအောင်မြင်ပါစေ❤❤❤🎉🎉

  • @asassasa7750
    @asassasa7750 3 หลายเดือนก่อน +1

    မြင်းခြံမြို့❤❤❤TNLA😊😊😊

  • @UsawUsaw-o8t
    @UsawUsaw-o8t 3 หลายเดือนก่อน +5

    အိမ်အပြန်ခရီးသာယာအေးချမ်းကြပါစေ ဘေးရန်ကင်းကြပါစေ အားလုံးကျန်းမာကြပါစေ ရွှေမန်းသာPDFအားလုံးသတိရှိကြပါ လေးစားဂုဏ်ယူပါတယ်

  • @sansanyuu9474
    @sansanyuu9474 3 หลายเดือนก่อน +3

    ပြည်သူ့သူရဲကောင်းလေးတွေဘေးကင်း၍အောင်မြင်ကြပါစေ

  • @ဂဠုန်းမင်းမြတ်
    @ဂဠုန်းမင်းမြတ် 3 หลายเดือนก่อน +11

    အကြမ်းဖက်စစ်အုပ်စုမှ မအလနှင့်အပေါင်းပါ သူခိုးကြီးများ မိသားစုတို့ရဲ့ အနာဂတ်မဲ့ ပြန်လမ်းမရှိတဲ့ စစ်ကျွန်းခွေးများအတွက် ရှေ့တန်းပြန်ဆိုတာ ဆိတ်သုန်းလိုသွားပါပြီး... ဋ္ဌုံဖွ ချီးတုံးမတ်တပ်ရပ် ယတြာစစ်ခေါင်းဆောင် လူယုတ်မာ မင်းအောင်လှိုင် ရဲ့ ကျေးကျွန်း စစ်ခွေးတွေဘဝကာ စစ်ခွေးဘောမတွေကနေ ပန်းကုံးစွတ်ချင်လွန်လို့ ရှေ့တန်းပြန်ကို မျော်ပြီး စောင့်လင့်ခဲ့ပေးမဲ့လည် ခိုးဆိုးလုယှက်မုဒိန်းကောင်စစ်ခွေးတွေ အတွက် ပြန်လမ်းမဲ့ခဲ့လေပါပြီး.. ပြည်သူ့ တော်လှန်းရေး ရဲဘော်တွေရဲ့ တရားဓမ္မ အဆုံမ လက်သံပြောင်းမှုတွေကြောင့် ပြန်လမ်းမဲ့ခဲ့ကြလေသော်အခါ စစ်ခွေးအတွက် " ရှေ့တန်းပြန် " ဆိုတာ အိမ်မက်တစ်ခုအလာ ကွယ်ပျောက်လိုသွားခဲ့ပါပြီး.... ပြည်သူ့အရေးတော်ပုံမုချအောင်ရမည်

  • @UsawUsaw-o8t
    @UsawUsaw-o8t 3 หลายเดือนก่อน +5

    စစ်ခွေးအားလုံးမိသားစုနဲ့ပြန်တွေနိုင်ရန်လက်နက်ချအလင်းဝင်ကြပါပြည်သူကကြိုဆိုလျက်ပါ အနာဂတ်ဘဝကိုစဉ်းစားကြပါ

  • @angelflowers8014
    @angelflowers8014 3 หลายเดือนก่อน +4

    ြပည်သူ့ ကာကွယ်​ရေး​တွေနဲ့TNLA​တွေ ​ဘေး ကင်း ပါ​စေ မိုးကုတ် တစ် ြမို့ လုံး ​အောင် ြမင်စွာ သိမ်း ပိုက် နိုင်ပါ​စေ

  • @SuYadanarw7m
    @SuYadanarw7m 3 หลายเดือนก่อน +1

    ❤❤❤

  • @NandarJueWai-w6s
    @NandarJueWai-w6s 3 หลายเดือนก่อน +1

    မဒဝဒဏ်ခေတ်ကိုမမှီပေမဲ့ခွေးအောင်လှိုင်ခေတ်ကပိုဆိုးတယ်‌

  • @msr3126
    @msr3126 3 หลายเดือนก่อน +3

    နိုင်ငံနဲ့ပြည်သူလူထုကြီးတစ်ရပ်လုံးအတွက် အမှန်တရားဘက်က မားမားမတ်မတ်ရပ်တည်ပြီး အသက် ၊ သွေး ၊ ချွေးတွေရင်းနှီးကာတိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး‌တပ်တော် တိုင်းရင်းသားညီနောင်မဟာမိတ် ရဲဘော်များအားလုံးနဲ့ မြန်မာနိုင်ငံဒေသအသီးသီးက တော်လှန်ရဟန်းရှင်လူ ၊ ပြည်သူများအားလုံး ခလုတ်မထိ ၊ ဆူးမငြိစေပဲ တိုက်ပွဲတိုင်းကို အောင်မြင်ခြင်းများစွာ ရရှိခြင်းနဲ့အတူ အောင်ပွဲတွေကိုလည်း လိုရာခရီးပန်းတိုင်ရောက်တဲ့အထိ ဆွတ်ခူးဆင်နွှဲနိုင်ကြပါစေ *****
    မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ အာဏာလုမိစ္ဆာတိရိစ္ဆာန် ၊ အကြမ်းဖက်စစ်ခွေးတွေအပေါ် အမှန်တရားဖော်ထုတ်ရေးအတွက် ဆင်နွှဲနေကြတဲ့ တရားတဲ့စစ်ပွဲကြီးဟာလည်း မကြာတော့တဲ့ကာလ အခိုက်အတန့်မှာ မုချအောင်မြင်ပြီးမြောက်ပါတော့မယ် *****
    မိစ္ဆာအစွန်းရောက်အုပ်စုဟာလည်း အမြစ်ပြတ်ကျရှုံးပြီး ပြည်သူ့တရားစီရင်မှု အာဏာစက်အောက်ကနေတစ်ဆင့် အဝီစိငရဲရဲ့အောက်ဆုံး ဂျိုးကပ်မယ့်နေရာကို လားပင်စင်အပေးခံရတော့မှာဖြစ်ပါတယ် *****
    အခုလက်ရှိ သူတို့အုပ်စုကြုံတွေ့နေရတာတွေက ရှေ့ပြေးနိမိတ်တွေပါပဲ *****
    ရှေ့လျှောက် သူတို့အုပ်စုအတွက် ကြုံတွေ့ရမယ့်အခြေအနေကတော့ လှုပ်လေမြုပ်လေဆိုတာမျိုးပဲ ဖြစ်လာတော့မှာပါ *****
    မြန်မာ့နွေဦး ပြည်သူ့အရေးတော်ပုံကြီး မကြာမီ မုချ (မုချ) အောင်တော့မည် ✊✊✊✊✊

  • @mumumu2620
    @mumumu2620 3 หลายเดือนก่อน +3

    အောင်မြင်ဘေးကင်းပါစေ 🙏🙏🙏🌿🌿🌿💪💪💪

    • @KoLin-uh8id
      @KoLin-uh8id 3 หลายเดือนก่อน

      😮🎉jx

  • @mgmgkoko5903
    @mgmgkoko5903 3 หลายเดือนก่อน +1

    👍💪💪

  • @TitanCameraman-cc2nm
    @TitanCameraman-cc2nm 3 หลายเดือนก่อน +1

  • @kwtrio-r2l
    @kwtrio-r2l 3 หลายเดือนก่อน +1

    မြို့ဖျက်လောက်တော့လုပ်လိုက်😂😅

  • @NandarJueWai-w6s
    @NandarJueWai-w6s 3 หลายเดือนก่อน +1

    ဘေးမသီရန်မခပဲ အောင်မြင်ပါစေကွာပြည်သူ့စစ်ကလေးတွေနဲ့ TNLA

  • @bandulabandula5497
    @bandulabandula5497 3 หลายเดือนก่อน +2

    148ခွေးထက်ဆိုးတယ် မိုးကုတ်ပြည်သူတွေ ​ပေးမပြန်ဘူး

  • @MobileBest-ww7no
    @MobileBest-ww7no 3 หลายเดือนก่อน +4

    တလရ။တပ်မဟာ‌တပ်ပေါင်းစုညီအကိုများ။ဘေးကင်းကျမ်းမာလို့။အောင်ပွဲအလလီလီရရှိပါစေ။❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤တပ်မဟာတပ်ပေါင်းစုအတွက်ပြည်သူတရပ်လုံးကဘေးကင်းပါစေရန်။ဆုတောင်းလျှက်ပါ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @khantkhant2696
    @khantkhant2696 3 หลายเดือนก่อน +2

    မိုးကုတ်မြို့ဖျက်
    တိုက်ပွဲ ပြင်းထန်နေ
    ပြည်သူသတ်မတော်များဟာ
    မြို့ပြာသိမ်းဖို့ရာ ဆက်လက်
    ကြိုးပမ်းနေကြပါတယ်❕

  • @thetpaing-f9i
    @thetpaing-f9i 3 หลายเดือนก่อน +1

    💪💪💪💪💪💪💪💪

  • @maythetsoe66
    @maythetsoe66 3 หลายเดือนก่อน

    13 7 2024
    ည ၈နာရီဝန်းကျင် လေယာဉ်သုံးလေးစင်း ပျံတာတွေ့ရတယ် ရှမ်းမြောက်ဘက်

    • @MotherLoves-ns3sk
      @MotherLoves-ns3sk 3 หลายเดือนก่อน

      ယခုကို တံတားဦးတက်သွားပြီ

  • @UMgMg-es1mo
    @UMgMg-es1mo 3 หลายเดือนก่อน +1

    ဖာသယ်မတွေ နင့် မြှောက်ပေး ​မြို့ပြာကျလိပ်မယ် နင့်က ဘေးကအော်နေဒါ့ မြန်မာပြည်ကို နင့်စားဝတ်နေရေး အတွက် မြှောက်ထိုးပင့်ကော် လုပ်နေဒါ့

  • @minaung342
    @minaung342 3 หลายเดือนก่อน +1

    🤩🤩🤩🤩🤩💪💪💪💪💪💪💪👏👏👏👏👏❤❤❤❤❤

  • @PaPa-g8f
    @PaPa-g8f 3 หลายเดือนก่อน +1

    တော်လှန်ရေးရဲဘော်များနဲ့ ပြည်သူကာကွယ်ရေးတပ်ဘေးကင်းအောင်မြင်ကြပါစေ❤❤❤❤❤