Booty Bands တစ်ခု ရှိရုံနဲ့ အိမ်မှာဖြစ်ဖြစ် Gymမှာ ဖြစ်ဖြစ် လိုက်ဆော့လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေပါ

แชร์
ฝัง
  • เผยแพร่เมื่อ 5 ก.ย. 2024
  • #exercise #fitness #gym #health #healthy #innerthighworkout #myanmar #sixpack #workout #yoga
    တင်ဘေးချိုင့်တာ ပျောက်အောင် ဘာဆော့ရမလဲဆိုပြီး အများကြီး လာမေးကြတာမို့ တင်ဘေးချိုင့်တာ သက်သာစေမဲ့ လေ့ကျင့်ခန်းလေးတွေ ဆော့ပြပေးထားပါတယ် ✨
    Booty (Resistance) Bands တစ်ခု ရှိရုံနဲ့
    အိမ်မှာဖြစ်ဖြစ် Gymမှာ ဖြစ်ဖြစ် လိုက်ဆော့လို့ရတဲ့
    လေ့ကျင့်ခန်းလေးတွေပါ ✌🏻
    စုစုပေါင်း ၈ခုဆော့ပြထားပြီး
    Leg day or Booty Focus Day တွေမှာ ၃ခုလောက်ထည့်ဆော့ပေးရင် လုံလောက်ပါပြီ
    တစ်မျိုးကို ၁၅ကြိမ်*၃-၄ကြော့ ဆော့ပေးပါရှင် ✔️
    Side Booty Focus Day ဆိုပြီး တစ်နေ့ထဲ အကုန်ဆော့ချင်လည်း သဘောပါနော် 😉
    1. Squat with Side Touch
    Basic Squat ထိုင်ပြီး ပြန်မတ်တဲ့အချိန် ခြေထောက်ကို ဘေးဘက်လေးကားပြီး ထိပေးရုံပါဘဲ
    တင်ပါးဘေးဘက်ကို အာရုံစိုက်ပါ
    2. Sumo Squat with 3pauses
    Sumo Squat ကိုမှ အောက်ရောက်တဲ့အခါ ၃ခါဆိုင်းပြီးမှ ပြန်ထပါ
    3. Curtsy Lunges
    တင်ဘေးပြည့်ဖို့အတွက် အထောက်အကူဖြစ်ပါတယ်
    နိုးဆေားပြထားသလို လိုက်ဆော့ပေးပါ
    4. Lateral Squat Walk
    Squat or RDL အနေအထားကိုမှ ဘေးဘက်ကို ဂဏန်းလျှောက် လျှောက်တာပါ
    တင်ဘေးဘက်ကို အာရုံစိုက်ပါ
    5. Side to Side Squat with a pause
    ခြေထောက်ကို ၂ဆလောက် ချဲထားပြီး ဘေးတစ်ဖက်ဆီကို ထိုင်ချရတာက Side Squat ပါ
    အဲ့တာကိုမှ အောက်ရောက်တဲ့အခါ ၁ချက်ဆိုင်းပြီးမှ ပြန်ထပါ
    6. Fire Hydrant
    ဒါကတော့ လေးဖက်ထောက် အနေအထားကိုမှ
    တင်ဘေးဘက်ကိုညှစ်ပြီး ခြေထောက်ကို ကားတင်တာပါ
    7. Hip Lateral Rotation
    ခြေထောက်ကို ဆန့်ထားပြီး ဘေး(အပြင်)ဘက်ကို စက်ဝိုင်းပုံလှည့်တာပါ
    တင်ပါးဘေးကို အာရုံစိုက်ပေးပါ
    8. Glute Bridge with abduction
    Glute Bridge ကတော့ သိကြမှာပါ
    တင်ပါးကို အပေါ်ဆုံးမှာ ညှစ်ထားပြီးတော့ ခြေထောက်ကို ဘေးဘက်ကားထုတ်တာပါ
    ၃ခါဘေးကားပြီးရင် အောက်ပြန်ချပါ
    👉🏻 တင်ဘေးချိုင့်တာက လုံးဝပျောက်သွားတာမျိုး ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ Bone Structure ပေါ် အများကြီး မူတည်ပါတယ်
    Bone Structure ကို ခဏမေ့ထားပြီး နိုးတို့ တင်ပါးဘေးလေးကို အတတ်နိုင်ဆုံးဖြည့်ပေးဖို့ အတွက်တော့ ဒီလေ့ကျင့်ခန်းလေးတွေက အထောက်အကူဖြစ်မှာပါရှင် 💯

ความคิดเห็น •