Khit Thit သတင်းဌာန၏ ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • Khit Thit သတင်းဌာန၏ ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
    By ရန်ကုန်ခေတ်သစ်
    ဒီကနေ့ ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
    - မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းမှာရှိတဲ့ တကောင်းမြို့ကို PDF ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
    - မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အဖိနှိပ်ခံ မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည် ပေါ်လာစေရေး အတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူတူရှိနေမယ်လို့ ဩဂုတ်လ ၁၂ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ တရားဝင် အသိပေး ထုတ်ပြန် လိုက်ပါတယ်။
    - ချင်းပြည်နယ် ဟားခါး -ထန်တလန်လမ်းပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ချေင်းတော်လှန်ရေးတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီတပ်သား မသာအလောင်း ၁၀ လောင်းနဲ့အတူ လက်နက် ၁၁ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

ความคิดเห็น • 559