#မပြန်ဖြစ်တဲ့အကြောင်း

แชร์
ฝัง
  • เผยแพร่เมื่อ 15 ก.ย. 2024
  • #poem #မပြန်ဖြစ်တဲ့အကြောင်း #writer #PK(ကျောင်းစောင့်ကြီး) #reader #ironbutterfly #revolutionmodernpoem #မော်ဒန်ကဗျာ #တော်လှန်ကဗျာ
    မပြန်ဖြစ်တဲ့အကြောင်း
    ရှေ့က ခုတ်တဲ့ဓါးတွေ
    နောက်က ထိုးမယ့်ဓါးတွေ
    တစ်ကွက်မှားရင် အစားခံရတဲ့လောကမှာ
    သားက ကမ်းနားသစ်ပင်ပါ အမေ
    တခါတခါ
    ရေစုန်ကို ဆန်တက်ချင်ပေမယ့်
    ရေစီးထဲပဲ
    ကန်ကန်ချနေကြတဲ့လောကမှာ
    သားက ပင်လယ်ထဲ လာဖျားနေတဲ့ မြစ်ပါ အမေ
    သွားလမ်းလည်း မသာ
    ပြန်လမ်းလည်း မလှ
    အိမ်ပြေးတွေရဲ့ဘဝပါ အမေ
    လိမ့်နေတဲ့ကျောက်ခဲဟာ ရေညှိမတက်ဘူး
    အဲဒီအယူအဆနဲ့ ဂျိုကြွခဲ့တဲ့ကောင်
    အယောင်အဆောင်တွေပေါတဲ့လောကမှာ
    သားက မြောင်းထဲ လာကျနေတဲ့ကျောက်ခဲတစ်လုံးပါ အမေ
    အရိပ်လိုချင် နေပူကစောင့်တဲ့
    မိုက်လိုက်ပုံများ
    နေပူခံဖို့ အရိပ်ထဲက ထွက်ခဲ့မိတယ်
    လူဆိုတာ ကြံရင်း သေတာတဲ့လေ
    သားကတော့
    အိပ်တန်းမပြန်နိူင်သေးတဲ့ မပျံနိူင်တဲ့ငှက်ပါ အမေ
    PK(ကျောင်းစောင့်ကြီး)

ความคิดเห็น • 1