​Night camping in a rhododendron forest,Mt.Ashae Myin Anauk Myin,Shan Stae,Myanmar

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • တောင်ဇလပ်ပန်း​တွေပွင့်တဲ့
    အ​ရှေ့မြင်အ​နောက်မြင်​တောင်(7752 ​ပေ)
    လက်ရှိအချိန်မှာ​တော့ သွားလာခွင့် ပိတ်ထားပါ​သေးတယ်။
    ရှမ်းပြည်နယ်​တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ
    ရွာငံမြို့အနီးမှာ တည်ရှိပါတယ်။
    ရွာငံအနီးမြ​စေတီရွာဘက်က​နေ တက်ခဲ့တာပါ။
    2024 Janauary လ အစ မှာတက်ခဲ့တာမို့ ​တောင်ဇလပ်​ပန်း​​တွေ တောင်လုံးကျွတ် ပင်လုံးကျွတ် ပွင့်​နေပါပြီ။
    ​တောင်​တွေ​ကျော်လိုက် လွင်ပြင်​တွေဖြတ်လိုက် ​​တောအုပ်​လေးထဲ ​ရောက်သွားလိုက်နဲ့ ၅နာရီခွဲ​လောက်ကြာ​အောင်တက်ခဲ့ရပါတယ်။
    ​တောင်ဇလပ်​တောအုပ်​လေးထဲမှာ Tent ထိုး ညအိပ်ကြတယ်။
    ညစာအတွက် လမ်းပြအဖွဲ့က စီစဥ်​ပေးပါတယ်။
    တနပ် ၅၀၀၀
    (မှတ်ချက် ​ရိုးရာအရ တောင်​ပေါ်မှာငါးမစားရပါ)
    ညအပူချိန် 3 °C
    ​အေးရတဲ့အထဲ ​လေက တဝုန်းဝုန်းတိုက်
    ဇရပ်ဘာညာ မရှိ
    Tentမပါရင် ​လေဖြတ်သွားနိုင်တယ်။Tent မပါမဖြစ်​နော်။
    ​အေးလွန်းလို့ မနက်​နေထွက်မှ ​​နေသာထိုင်သာရှိ​တော့တယ်။
    မနက်စာ ပါလာတဲ့​ခေါက်ဆွဲပြုတ်စား​ကော်ဖီ​သောက်(​ရေ​နွေးက လမ်းပြ​တွေက မီး​မွှေးတည်​​ပေးပါတယ်)
    အိမ်သာရှိ​ပေမယ့် ​ရေမရှိ wet tissue ​ဆောင်သွားပါ။
    Camping site က​နေ ၅မိနစ်​လောက် လျိုထဲဆင်းပြန်တက်ရင် ​တောက်ထိပ် Summit point ကို​ရောက်ပါမယ်။
    ​တောင်ထိပ်ကကြည့်ရင် ရှမ်းရိုးမနဲ့မိတ္ထီလာလွင်ပြင်ကို မြင်နိုင်
    ​တောင်ဇလပ်​တွေ ရဲတွတ်​နေတာပဲ အရမ်းလှ
    (​တောင်ဇလပ်ပန်းများကို မခူးရပါ)
    အဆင်း ၄ နာရီကြာပါတယ်။
    ဖိနပ်​ပေါက်တတ်ရင် slipper အပို ယူခဲ့ပါ။
    Tent /Sleeping Bag /လက်အိတ်/​ခေါင်းစွပ်/​သယ်ရတာပေါ့ပါးပြီး ​နွေးတဲ့အ​​နွေးထည်/မနက်စားဖို့ တခုခု/​ရေဘူး 4 litres/power bank ယူလာရန်
    ​တောင်​ပေါ်မှာ ph လိုင်းက မိတချက်မမိတချက်ပါ
    ကိုယ့်ပစ္စည်းကိုယ်သယ်ရတာမို့ မလိုတာ​တွေ မသယ်လာနဲ့။
    ဘာမှမသယ်ပဲတက်ချင်ရင် အထမ်းငှားလို့ရ တ​ယောက်စာ ဆို 60000 ပါ။
    လမ်းပြခ က သပ်သပ်ပါ။
    လမ်းပြငှားပါ။ခရီးကရှည်ပြီး လမ်း​ပျောက်တတ်တယ်။
    ​မန္တ​လေးမှ ရွာငံမြို့(ကားနဲ့2:30 hrs)
    ရွာငံမြို့မှ မြ​စေတီရွာ(ကားနဲ့30 mins)
    မြ​စေတီရွာမှ ​​တောင်​ခြေ ​ညောင်ပင်(ရွာကကားနဲ့ 20 mins)
    ​ညောင်ပင်ရှိတဲ့​နေရာက​နေ စတက် (​ခြေလျင်ကြာချိန် 5:30 hrs)သက်လုံ​ပေါ်မူတည်ပြီး တ​ယောက်နဲ့တ​ယောက်ကြာချိန် မတူနိုင်)
    ​တောင်​ပေါ်က​နေ ပြန်ဆင်း (​ခြေလျင်4 hrs)
    မန္တ​လေးက​နေ သွားရင် ​နေ့ချင်းပြန်လို့မရပါ။
    ရှုခင်း​တွေက​ ဆွစ်စလန် အလားပဲအရမ်းလှတယ် ။
    လွင်ပြင်​တွေဖြတ်ရတာကို​တော့အကြိုက်ဆုံး။
    Drone ​တွေဘာ​တွေနဲ့ရိုက်နိုင်ရင်​တော့ amazing view ပဲ။
    သွားလို့ရတဲ့​တ​နေ့နေ့ သွားဖြစ်ခဲ့ရင် အကူအညီဖြစ်​စေဖို့ မျှ​ဝေ​ပေးလိုက်ပါတယ်။
    #adventureholidaysbynway
    #အ​ရှေ့မြင်အ​နောက်မြင်​တောင်

ความคิดเห็น •