ISEC Myanmar | Strabismus

แชร์
ฝัง
  • เผยแพร่เมื่อ 23 ส.ค. 2024
  • မျက်စိနဲ့ ပတ်သက်တဲ့ ကျန်းမာရေးထဲမှ အရေးကြီးသော ဝေဒနာတခုဖြစ်သည့် မျက်စိစွေခြင်းနဲ့ပတ်သက်သည့် လက္ခဏာရပ်များ ဖြစ်ပေါ်တတ်သည့် ဝေဒနာများကိုလဲ ဝေမျှပေးပါရစေ..
    ✅ မျက်စိစွေသူများတွင် မျက်စိသူငယ်အိမ်သည် တစ်ဖက်နှင့်တစ်ဖက်မညီဘဲ စောင်းနေတတ်ပါသည်။
    ✅ မျက်စိကိုထိန်းချုပ်ထားသော ကြွက်သား(၆)ခု၏ အလုပ်လုပ်ဆောင်မှုပုံမှန်မရှိခြင်းကြောင့် မျက်စိသူငယ်အိမ်အနေအထား ပုံမှန်မရှိဘဲ စောင်းရွဲ့ခြင်းကို ဖြစ်စေပါသည်။
    ✅ မျက်စိစွေခြင်းတွင် အတွင်းစွေခြင်း၊ အပြင်စွေခြင်း၊ အပေါ်စွေခြင်း၊ အောက်စွေခြင်း အစရှိသည်ဖြင့် ပုံစံများ ကွဲပြားနိုင်ပါတယ်။
    မျက်စိစွေသူများတွင်
    👉မျက်စိအမြင်အားမကောင်းခြင်း
    👉ပုံရိပ်နှစ်ထပ်ဖြစ်ခြင်း
    👉မျက်စိရွေ့လျားမှုထိန်းချုပ်ရာတွင်ခက်ခဲခြင်း တို့ကို ခံစားရနိုင်ပါသည်။
    ✅ မျက်စိစွေခြင်းကို စောလျင်စွာမကုသဘဲထားပါက နောက်ပိုင်းတွင် မျက်မှန်ပါဝါများခြင်း၊ lazy eye ဖြစ်ခြင်းများကို ခံစားရနိုင်ပါတယ်။
    ✅ မျက်စိစွေခြင်းကို ခွဲစိတ်ခြင်းနည်းဖြင့် ပြန်လည်တည့်မတ်အောင် ပြုလုပ်နိုင်ပါသည်။
    ခွဲစိတ်၍ မျက်စိသူငယ်အိမ်ကို ပြန်လည်တည့်မတ်ပြီးပါက မျက်စိအမြင်အားများ သိသိသာသာပြန်လည်ကောင်းမွန်လာပြီး မျက်စိလှုပ်ရှားမှုကို ပိုမိုထိန်းချုပ်လာနိုင်သည့်အတွက် နေ့စဉ်နေထိုင်မှုဘဝတွင် ပိုမိုအဆင်ပြေသွားပါလိမ့်မည်။
    မိမိ၏ မျက်စိအခြေအနေသည် ပုံမှန်မဟုတ်ဘဲ တခုခုခံစားရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
    သင်၏ အဖိုးထိုက်တန်လှသော အမြင်အာရုံနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုးအတွက် ISEC မျက်စိအထူးကုဆေးရုံကြီးမှာ လာရောက်ဆွေးနွေးကုသလိုက်ပါနော် ☺️
    အသေးစိတ်သိရှိလိုပါက
    🏥ISEC Eye Centre Myanmar
    A5, MinYeKyawSwar Street, MinYeKyawSwar Business Building, Corner of St.John City Mall, Lanmadaw Township, Yangon,Myanmar.
    ☎️Tel:+95 1 386 800,📞+95 9 448282821
    📧 isecmyanmar@gmail.com
    🌐 www.isecmyanmar.com.mm
    #ISEC_Myanmar #ISEC

ความคิดเห็น • 8

  • @MeeLay-hy9we
    @MeeLay-hy9we 2 หลายเดือนก่อน

    ကုလို့ရလာ

  • @zawzawnaing8066
    @zawzawnaing8066 22 วันที่ผ่านมา

    ကုသလို့ရနိုင်လား

  • @DawZinWinMar
    @DawZinWinMar หลายเดือนก่อน

    နောက်မျက်ကြောလွတ်ခြင်းအကြောင်းသိချင်ပါတယ်

  • @user-cy7zo3vh8u
    @user-cy7zo3vh8u 8 หลายเดือนก่อน +1

    6လသားကလေးလေး မျက်လုံးဆွေနေတာ ဘယ်လိုကုသပေးသင့်လဲရှင့်😢

  • @RedmiC-pv2rq
    @RedmiC-pv2rq ปีที่แล้ว +1

    ငယ်ငယ်လေးတည်းကမျက်စိစွေတာအခုအသက်20ကုလို့ရနိုင်သေးလားဗျလူကြားထဲဆိုအားငယ်ရလို့

  • @TaZin-bz9go
    @TaZin-bz9go 4 หลายเดือนก่อน

    ဘယ်မြို့မာလဲ ဆေးရုံက

  • @soeminthu9228
    @soeminthu9228 ปีที่แล้ว

    ဆေးရုံကဘယ်နားလဲဗျ

  • @KelonGezio
    @KelonGezio ปีที่แล้ว

    ဘယ်လောက်ကုန်လောက်မလည်း😢