သံတွဲ ခလရ ၅၅ ကို AA သိမ်းပိုက် ... နောင်ချို အမတ ၆၀၆ က သိမ်းမိလက်နက်တွေ TNLA ထုတ်ပြန်...

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ค. 2024
  • သံတွဲက ခလရ ၅၅ ကို AA သိမ်းပိုက် ... နောင်ချို အမတ ၆၀၆ က သိမ်းမိလက်နက်တွေ TNLA ထုတ်ပြန်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
    (၁၂-၇-၂၀၂၄)
    ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က စစ်ကောင်စီ တပ်ရင်းတခုနဲ့ မောင်တောမြို့နယ်က နယ်ခြားစောင့် တပ်စခန်းတခုကို ထပ်မံသိမ်းပိုက်လိုက်တယ်၊ လက်နက်ခဲယမ်းတွေလည်း များစွာသိမ်းမိတယ်လို့ AA
    - အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
    သံတွဲအခြေစိုက် ခလရ (၅၅) တပ်ရင်းကို ဇူလိုင် (၉) ရက်၊ မနက် ၁၀ နာရီခန့်မှာ အပြီးသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ၊ စစ်အသုံးအဆောင်များစွာ သိမ်းမိတယ်လို့ဆိုပါတယ်။
    ဒါဟာ သံတွဲလေယာဉ်ကွင်းအနီးရှိ ခမရ (၅၆၆) နဲ့ သံတွဲလေဆိပ်ကို ပြီးခဲ့တဲ့
    သီတင်းပတ်က သိမ်းပိုက်ပြီးနောက် နောက်ထပ်တပ်ရင်းတခုကို
    ဆက်တိုက်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။
    မောင်တောဒေသမှာ သိမ်းလိုက်တဲ့စခန်းကတော့ နခခ (၅) မြို့သူကြီးစခန်း
    အနီးရှိ မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းဖြစ်ပြီး
    ဇူလိုင် (၁၁) ရက်၊ မနက် ၉ နာရီခန့်မှာ အပြီးသိမ်းပိုက်လိုက်တယ်။
    စစ်ကောင်စီရဲ့အလောင်းတွေ၊ လက်နက်ခဲယမ်းနဲ့စစ်အသုံးဆောင်များစွာနဲ့အတူ
    အရှင်ဖမ်းမိသူတွေလည်းရှိတယ်လို့ ဖေါ်ပြပါတယ်။
    ဒီနယ်ခြားစောင့်ခစန်းက စစ်သားနဲ့ရဲသားအချို့ဟာ ဘင်္ဂလားဒေ့ရှ်ဖက်
    ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။ AA - အာရက္ခတပ်တော်ကတော့
    ထိုးစစ်တွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ဖေါ်ပြထားပါတယ်။
    ဒါ့အပြင်...
    - နောင်ချိုုမြို့သိမ်းတိုက်ပွဲက ရရှိတဲ့ အတွဲလိုက် ဒုံးတွေအပါဝင်
    လက်နက်ခဲယမ်းများစွာကို TNLA ထုတ်ပြန်...
    - နောင်ချို အမတ ၆၀၆ က သိမ်းမိတဲ့လက်နက်တွေအပြင် မတ္တရာမြို့နယ်
    အင်ကြင်းမြိုင်တပ်၊ လက်နက်ကြီးခစန်းက သိမ်းမိထားတဲ့ လေယာဉ်ပစ်
    စက်သေနတ်ကြီးတွေကို ပြန်လည်ပြင်ဆင်ထားပြီး အသုံးပြုနိုင်နေပြီလို့
    PDF-MDY အသိပေး...
    - UWSA “ဝ” စစ်ကြောင်းတခု တန့်ယန်းမြို့ဆီ ဝင်လာတယ်လို့
    ဒေသတွင်းမီဒီယာတွေက ဖေါ်ပြ...
    - ထီးလင်းမြိုရှိ ထွေ/အုပ် ရုံး၊ ဗျာဒိတ်ကုန်း၊ မီးသတ်ကုန်း၊ ရဲစခန်း၊
    အပါအဝင် စစ်ကောင်စီဘက်က တပ်စွဲထားတဲ့ နေရာတွေကို ဒေသခံ PDF တွေက Drone
    ဗုံးသီးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်...
    - ပုလောမြို့နယ်၊ ၅ မိုင်ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို
    ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ဗိုလ်မှူးတဦး
    အပါအဝင် ၅ ဦး သေ၊ ၂ ဦးကို လက်ရဖမ်းမိ၊ လက်နက်တွေလည်းရရှိ...
    ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
    (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
    လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

ความคิดเห็น • 27

  • @user-oz6ov7wt9l
    @user-oz6ov7wt9l 21 วันที่ผ่านมา +10

    အောင်မြင်ပါဇီAAစစ်ကောင်စီခွေးအားလုံးမောင်ထုပ်နိုင်ပါဇီ

  • @CyMobile-i8g
    @CyMobile-i8g 18 วันที่ผ่านมา +1

    ကောင်းလိုက်တဲ့ ခွေးမသာမျိုးယုတ်စာရင်း🤝🤝🤝👍

  • @WinWin-gd6ug
    @WinWin-gd6ug 21 วันที่ผ่านมา +2

    ကောင်းလိုက်တဲ့ သတင်း

  • @user-be6ns6fu3n
    @user-be6ns6fu3n 21 วันที่ผ่านมา +3

    မဂ်လာနံနက်ခင်းလေးပါ ကိုနေထူး BNN ရေ မျှဝေတာကျေးဇူးအထူးတင်ရှိပါတယ်ရှင် နံနက်ခင်းလေးက သတင်းတွေ ကကောင်း၏👍💯👋💙ပြည်သူကာကွယ်ရေးတိုင်းရင်းသားချစ်သောအားလုံးကျန်မာ ဘေးကင်းရန်ကွာကြပါစေ အထီ အခိုက်မရှိအောင်ပွဲအလီလီဆွတ်ခူးနိုင်ကြပါစေ 🙏🙏🙏⭐⭐🤘🤘💖💖တရားသော စစ် မုချ အောင်ရမည် အောင်ကိုအောင်ရမည် 💯💯💯♥♥♥🇨🇳🇨🇳🇨🇳

  • @user-sk4li1vu3o
    @user-sk4li1vu3o 21 วันที่ผ่านมา +2

    အားလုံးအေးချမ်းပါတော့မယ်

  • @UKhineMyatMin
    @UKhineMyatMin 21 วันที่ผ่านมา +2

    AA❤❤

  • @user-tk2mz9ri8e
    @user-tk2mz9ri8e 21 วันที่ผ่านมา +2

    AA❤❤💪💪

  • @zorzaw518
    @zorzaw518 21 วันที่ผ่านมา +4

    Good morning ပါ ❤❤❤❤❤❤❤❤❤❤❤

  • @SaiPhoeZaw-kb4ii
    @SaiPhoeZaw-kb4ii 21 วันที่ผ่านมา +1

    မင်္ဂလာပါ

  • @user-oz6ov7wt9l
    @user-oz6ov7wt9l 21 วันที่ผ่านมา +2

    တိုင်းရင်းသားပြည်သူ့လက်နက်ကိုင်အားလုံးအောင်မြင်ပါစေတိုင်းရင်းသားနယ်မြေတွေမှာဟိတဲစစ်ကောင်စီအားလုံးနှင်ထုပ်နိုင်ပါစေ

  • @BaNyunt-rw4gn
    @BaNyunt-rw4gn 21 วันที่ผ่านมา +1

    ဝ တပ်ဖွဲ့ကကူစစ်ပေး‌ေိနတယ်။

  • @uwinsoe2179
    @uwinsoe2179 21 วันที่ผ่านมา

    ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-gg4gl4rk5q
    @user-gg4gl4rk5q 21 วันที่ผ่านมา +1

    စခတွေက လုံးပါးး မှတ်ညာဏ်ကိုမရှိတာ အံသြတယ်

  • @ukyaw7184
    @ukyaw7184 21 วันที่ผ่านมา +1

    ရှင်းစရာရှိတာတွေကိုအပြတ်ရှင်းမှသာနောင်စိတ်အေးရပါမယ်။

  • @user-iu1ss2xy6q
    @user-iu1ss2xy6q 21 วันที่ผ่านมา

    စစ်ဆိုတာ စစ်မတိုက်တတ်သူတွေ စစ်တိုက်ကြယင် စစ်ကို ရှုံးစေပါတယ်။

  • @user-jg3hw7io3b
    @user-jg3hw7io3b 21 วันที่ผ่านมา

    ❤❤❤ ❤❤❤ ❤❤❤ good

  • @user-rq6vm5ro8s
    @user-rq6vm5ro8s 21 วันที่ผ่านมา +2

    ရေရောလေရောဝိုင်းတိုက်တောင်မနိုင်ဘူးလား

  • @Funnymanmyanmar
    @Funnymanmyanmar 19 วันที่ผ่านมา

    ဝမ်းသာဂုဏ်ပြုပါသည်။စစ်မှန်သောပေးဆပ်မှူအတွက်ထိုက်တန်သောအောင်မြင်မှူပါ။ လေးစားလျက် ချိုမင်းဒင်

  • @user-hm9kr9uw4g
    @user-hm9kr9uw4g 21 วันที่ผ่านมา

    ❤❤❤❤❤❤❤❤❤❤❤❤

  • @ငါပြန်လာပီဟေ့
    @ငါပြန်လာပီဟေ့ 21 วันที่ผ่านมา

    ပုတုယေပြာလီစွပါ

  • @JusticeSpeaker
    @JusticeSpeaker 21 วันที่ผ่านมา +1

    Hey first 😂

  • @user-es8fx2lb4i
    @user-es8fx2lb4i 21 วันที่ผ่านมา

    MR2P

  • @user-pb3vl1nj5c
    @user-pb3vl1nj5c 21 วันที่ผ่านมา

    ‌နောင်ချို
    ပြည်ထောင်စု လမ်းပေါ်က ပလီအနီးနား က ဖုန်းရောင်းတဲ့ကောင် ဟေမာ လင် သည် စစ်တပ်သတင်းပေးတယောက်ပါ

  • @user-qu9hy5cp7u
    @user-qu9hy5cp7u 21 วันที่ผ่านมา

    ၇ ကထမင်းမှန်း ချီးမှန်သိစပြုလာပြီ။
    ၄ က​ကောင်​​တွေလည်းထမင်းတခါစားတာငါကြားလိုက်တယ်။ ချီး​မျှော်​နေ​သေးလား။???

  • @PyaeSone-qe1nk
    @PyaeSone-qe1nk 21 วันที่ผ่านมา +3

    ခိုးဖို့ဝှက်ဖို့လိမ်ဖို့လောက်ပဲသိပြီးအကျင့်ပျက်နေတဲ့အကြမ်းဖက်စစ်တပ်မုချကျဆုံးရမည်

    • @user-ou9uj2fr4i
      @user-ou9uj2fr4i 21 วันที่ผ่านมา

      လက်နက်မဲ့ပြည်သူကိုတော့ မန်ဖီဆရာကြီးစတိုင်နဲ့ မတူမတန်ဆက်ဆံခဲ့ကြတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ လက်နက်ကိုင်ခြင်းတွေ့ရင်ဖင်ကုန်းပေးကြတာမြင်ရတော့ အရည်အခြင်းအမှန်တွေမြင်ရ

  • @hankyiwin7228
    @hankyiwin7228 20 วันที่ผ่านมา

    စစ်ရေးနိုင်ငံရေးကိုပြည်သူတွေအာရုံလွှဲဘို့ဘဏ်တွေကိုကိုင်ရှုတ်ထားတော့ပြည်သူတွေစားဘို့ကုန်ဈေးကြီးငွေထုတ်ဘို့အလုပ်ရှုတ်နိုင်ငံအရေးကိုမသိမပါဘို့လုပ်ချက်ဆိုက်ဝါးတွေကိုသိနားလည်နိုင်ကြပါစေ။