ဖိုးလမင်းအိမ်ခြံမြေနှင့်ဆောက်လုပ်ရေး ဝါဆိုသင်္ဃန်းကပ်အလှူမင်္ဂလာ

แชร์
ฝัง
  • เผยแพร่เมื่อ 21 ต.ค. 2024
  • ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ မနက် (၁၀)နာရီ အချိန်ခန့်မှာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြိုနယ် (၆၉)လမ်း (၁၁၇) (၁၁၈) လမ်းကြား ကျွဲဆည်ကန် (ဧရာဝတီ ပရဟိတ) ဟင်္သာတရွှေကျောင်းတိုက်မှာ ဘုရားအမှူးပြုတဲ့ သံဃာတော် ရှင်သူမြတ်များကို ဖိုးလမင်းအိမ်ခြံမြေနှင့်ဆောက်လုပ်ရေး (ဖိုးလမင်းမြန်မာ ကုမ္ပဏီလီမိတက် မိသားစု)တို့မှ အနန္တော အနန္တငါးပါး အဘအောင်မင်းခေါင်နှင့် ဖိုးလမင်းရဲ့ ဖောက်သည်များကို ဦးထိပ်ထား၍ ဆဌမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဦးဝဏ္ဏစိုး၏ မွေးနေ့အလှူအဖြစ် ကျောင်းရှိသံဃာများနှင့် နေရပ်စွန့်ခွာခဲ့ကြရသော အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှ ပြည်သူများ အယောက် (၂၀၀)စာအတွက် နေ့လည်စာ ဆွမ်း၊ ထမင်း၊ ကြက်သားဟင်း ဝက်သားဟင်း ပဲနှပ် ချဉ်ရည်ဟင်း ငါးပိချက် အတိုအမြှုပ်တိုကို ကပ်လှူ ကျွေးမွေး လှူဒါန်းခဲ့ပါကြောင်း အများပြည်သူတို သိရှိသာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါတယ်ရှင်

ความคิดเห็น •