ဟာလဝါ Halawa

แชร์
ฝัง
  • เผยแพร่เมื่อ 6 ก.ย. 2024
  • ကျွန်တော် ဒီနေ့မှာ ဟာလဝါ ထိုးမှာဖြစ်ပါတယ်။ အချို လျော့စားတဲ့ သူတွေအတွက် အဆင်ပြေစေဖို့ အချိုအနည်းဆုံးလေးနဲ့ ထိုးထားပါတယ်ခင်ဗျာ။
    ပထမဆုံး ဘိန်းစေ့ တွေကို မီးအေးအေးနဲ့ လှော်ပေးပါ။
    ကြံသကာ ၃ချပ်လောက်ကို ရေ ၃ ခွက် (ဆန်ချိန်ခွက်) ထည့်ပြီး ကြိုပေးပါမယ်။ အချိုးအစားမှာ ချိန်ခွက် မိမိ အသုံးပြုမယ့် ခွက်တခွက်နဲ့ သာ ချိန်သွားလို့ရပါတယ်။ ဟာလဝါထဲမှာ နို့အရသာလေးအနည်းငယ်ပါဖို့အတွက် နို့ဆီ ၂ ဇွန်းလောက်ထည့်ပါမယ်။ ဆား လေးအနည်းငယ်ထည့်မယ်။ ကြံသကာတွေအားလုံးအရေပျော်သွားရင် မီးပိတ်ပြီး အုန်းနို့ကို ခွက် ၂ ခွက် ထည့်ပါမယ်။ မွှေးပြီးရင် ခဏထားထားပါမယ်။အခုဆိုရင် အရေ က စုစုပေါင်း ၅ ခွက်ပါ။
    ဟာလဝါထိုးတဲ့အခါ အမှုန့် ၁ ဆို ရင် အရည်စုစုပေါင်းက ၂ ဆ ပါ။
    အမှုန့်အနေနဲ့ ကောက်ညှင်းဆန် ၂ ခွက် ဆန်မှုန့် ခွက်တဝက်ထည့်ပါမယ်။ ပြီးရင် အမှုန့်တွေကို မွှေပြီး ခုနက ဖျော်ထားတဲ့ အုန့်နို့ကြံသကာထဲလောင်းထည့်မယ်။ အမှန်ု့နဲ့ အရည်ကို ပျော်သွားအောင် မီးမဖွင့်သေးဘဲ အမှုန့်တွေ အားလုံး ကြေသွားသည်အထိ မွှေပေးပါ။ ၁၀ မိနစ်လောက် ခဏထားထားရင်လည်း အမှုန့်တွေဟာ အကုန်ပျော်သွားမှာဖြစ်ပါတယ်။ ပြီးမှ မီးဖွင့်ပြီး ဟာလဝါ စပြီးထိုးလို့ရပါပြီ။ တဖြည်းဖြည်းနဲ့ ပျစ်ပြီး ခဲလာမှာကြောင့် မီးအားမပြင်းဘဲ မီးအားသေးသေးနဲ့ ထိုးပေးပါ။ မုန့်သားတွေ ချောလာပြီဆိုမှ ထောပတ် ဆီကို စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ဆက်မွှေပါမယ်။ မုန့်နှစ်ဖျော်သည့် အခါမှာ ထောပတ်ဆီကို မထည့်ထားဘဲ ဟာလဝါ ထိုးတဲ့အခါမှ ထောပတ်ကို ဖြည်းဖြည်းချင်း ထည့်ပေးပါ။ ဒါမှ ဆီမပေါက်ဘဲ ထောပတ်တွေက မုန့်သားထဲ စိမ့်ဝင်ပြီးအိအိလေးဖြစ်သွားမှာဖြစ်ပါတယ်။ မုန့်သားချောလာပြီဆိုမှ ဘိန်းစေ့တွေထည့်ပြီး ၅ မိနစ်လောက်ထိုးပေးပါ။ ဒါဆိုရင် အိအိလေးနဲ့ စားကောင်းတဲ့ ဟာလဝါရပြီဖြစ်ပါတယ်။
    ဓာတ်ပုံရိုက်ဖို့အတွက် ရေခဲသေတ္တာထဲက ထုတ်ထုတ်ပြီးချင်းဖြစ်တာကြောင့် ပုံထဲမှာ မာနေသလို ထင်ရပါလိမ့်မယ်။ ရေခဲသေတ္တာထဲမထည့်ဘဲ အခန်းအပူချိန်မှာပဲ ထားပြီးစားရင်တော့ အိအိလေးနဲ့ စားကောင်းတဲ့ ဟာလဝါကို ရမှာဖြစ်ပါတယ်။ ကျွန်တော်လုပ်တဲ့ အချိုးအစားမှာ အချိုအရသာက နည်းတာကြောင့် အချိုနှစ်သက်တဲ့ သူငယ်ချင်းတွေအနေနဲ့ အချိုပိုထည့်လို့ရပါတယ်ခင်ဗျာ။

ความคิดเห็น • 30

  • @akarichitoo6815
    @akarichitoo6815 11 หลายเดือนก่อน +6

    မြန်မာ cooking channel တွေထဲမှာ ဒီchannel လေးကို အကြိုက်ဆုံးပါ။ ဟင်းချက်တာရော နောက်ခံအသံရော အကုန်လုံးကို ကြည့်ရတာ အေးအေးဆေးဆေးနဲ့ တော်တော်သဘောကျမိလို့ပါ။ အားပေးနေပါတယ်ရှင့်။

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      အခုလို ပြန်သိခွင့်ရတာ အားတွေဖြစ်ရပါတယ် 🙏ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏ကျန်းမာပျော်ရွှင်ပါစေ🙏

  • @dawpaukpauk4304
    @dawpaukpauk4304 11 หลายเดือนก่อน +1

    ကျေးဇူးပါ အားပေးနေပါတယ် 😍😻
    ဟလဝါလဲ ကြိုက်ပါတယ်
    ရောင်းတာတွေက ဆီအရမ်းများလွန်း
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်တယ်ဗျ။ ကိုယ်တိုင်လုပ်က အချိုလဲပေါ့တယ်။

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ🙏

  • @sunoe9350
    @sunoe9350 11 หลายเดือนก่อน

    အရမ်းကြိုက်သောအစားအစာ❤❤❤

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်ကဲ့ 😊

  • @nanamaracho5502
    @nanamaracho5502 11 หลายเดือนก่อน +1

    3:06 Videos တိုင်းအား​ပေး​နေပါတယ်....
    ဟာလဝါကို မြန်မာ့အစားအစာဖြစ်လို့ ကြိုက်သလို အချို​လျှော့ထား​တော့ ကျန်းမာ​ရေးနဲ့လည်း ညီညွတ်ပါတယ်..​..😊

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ🙏🙏🙏

  • @shanlaybeebee7890
    @shanlaybeebee7890 11 หลายเดือนก่อน

    ပဲဟာလဝါ စိမ့်စိမ့်လေးလုပ်နည်းလေးမျှဝေပါအုန်း please 😒💙💙💙

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ

  • @lewahaye43
    @lewahaye43 11 หลายเดือนก่อน

    ကြိုက်တယ်စားချင်လိုက်တာ။မအားပါဘူး။🙏😝😝❤️❤️

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      အချိန်တော့ ပေးရတယ်ဗျ 😊 အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷

  • @kkjmyanmar189
    @kkjmyanmar189 10 หลายเดือนก่อน

    ပျော့သွားတယ်လှီလို့တောင်မရဘူ😭

    • @Cookfork1
      @Cookfork1  10 หลายเดือนก่อน

      ရေခဲသေတ္တာထဲထည့်ရင် မာသွားလိမ့်မယ်ဗျ ပျော့တာပိုစားကောင်းတယ်

  • @linhtat9641
    @linhtat9641 11 หลายเดือนก่อน

    ဘယ်သူမှ မလုပ်ပြတဲ့ ဆိုင်ချက် ဒံပေါက် လုပ်နည်းလေးတင်ပါလားခင်ဗျာ။။နီလာတို့ကြက်လျှာစွန်းတို့လို လုပ်နည်းလေး တင်ပေးပါလားခင်ဗျာ။။❤❤❤

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ🙏

  • @KK-nk9op
    @KK-nk9op 11 หลายเดือนก่อน

    မြေပဲပွကြော်လေး မလုပ်တတ်လို့ သင်ပေးပါ

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน +1

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ

  • @MgMgSoe-jg1pd
    @MgMgSoe-jg1pd 11 หลายเดือนก่อน

    အမအိမ်မှာmochi လုပ်တာအဆင်မပြေဘူး မောင်လေးmochi လုပ်ဘူးလားမသိဘူး

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน +1

      ကျွန်ဝော့်ာ ချန်နယ်ထဲမှာလုပ်ပြဖူးတာ ရှိတယ်ခင်ဗျ။

    • @MgMgSoe-jg1pd
      @MgMgSoe-jg1pd 10 หลายเดือนก่อน

      @@Cookfork1 ကျေးဇူးပါ

  • @thaehtwe-fx1lm
    @thaehtwe-fx1lm 11 หลายเดือนก่อน

    ငှက်ပျောပေါင်းလုပ်နည်းလေးတင်ပေးပါအုံးရှင့်❤

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      အရင်က တင်ထားပေးဖူးတယ်ခင်ဗျ🤗

  • @thartharlay3479
    @thartharlay3479 11 หลายเดือนก่อน

    ကြံသကာမရှိလို့ဘယ်လိုလုပ်ရမလဲရှင့်

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      သကြား အစားထိုးလို့ရပါတယ်ခင်ဗျ

    • @thartharlay3479
      @thartharlay3479 11 หลายเดือนก่อน

      @@Cookfork1 သကြားဘယ်လောက်
      ထည့်ရပါသလဲရှင့်

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      @thartharlay3479 ချိန်ခွက် ၁ ခွက်လောက်ဆိုရပြီဗျ။ ထမင်းစားဇွန်း ၈ ဇွန်းလောက်ပါ။

  • @cc-qe8eg
    @cc-qe8eg 11 หลายเดือนก่อน

    ဟင်းချက်နည်းVideoလေးတွေများများတင်ပေးပါရှင့်

    • @Cookfork1
      @Cookfork1  11 หลายเดือนก่อน

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ