ဒီဇင်ဘာလ ၈ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်

แชร์
ฝัง
  • เผยแพร่เมื่อ 6 ธ.ค. 2023
  • သမ္မာတရားရိပ်မြုံ (ဆရာဂျက်)
    နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းအတွက်သမ္မာတရား
    ဒီဇင်ဘာလ ၈ ရက်၊ သောကြာနေ့၊ ၂၀၂၃ ခုနှစ်
    အခြေပြုကျမ်း - ဆာလံ ၆၂
    အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ ကျောက် ငါ့ကို ကယ်တင်ခြင်းအကြောင်း ငါခိုလှုံရာဖြစ်တော်မူ၍ ငါသည်လှုပ်ရှားခြင်းမရှိရာ ....ငါ့ကို ကယ်တင်ခြင်းအကြောင်း ငါဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း၊ ငါ့ကို အားပေးသောကျောက်.. ငါခိုလှုံရာကား ဘုရားသခင်ပေတည်း.....( ဆာလံ ၆၂:၆-၇)
    ####### ကျမ်းစာထဲမှာ ဘုရားသခင်ရဲ့ ဂုဏ်တော်တွေကို ဖေါ်ပြတဲ့ ပုံဆောင်ချက်တွေ ပုံစံတွေ များစွာပါပေမဲ့ အခု ဆာလံဆရာဒါဝိဒ်ရဲ့ဖေါ်ပြချက်ကတော်တော် ထူးခြားပါတယ်...ဘုရားသခင် က ငါ၏ ကျောက်ဖြစ်တယ်လို့ တင်စားပြောဆိုမှု မှာ အင်အားတွေပါရှိနေသလို တည်ငြိမ်မှု ခိုင်မာမှု ကွယ်ကာမှု နဲ့ စည်းလုံးညီညွတ်မှု တွေကို သိရှိခံစားရနိုင်တယ်..... ယနေ့ Holy Land လို့ခေါ်တဲ့ သန့်ရှင်းသောမြေမှာရှိတဲ့ ဒီ အံ့ဩဖွယ်ရာ ကျောက် ကို သင်တွေ့ရရင် ဒါဝိဒ်ရဲ့စိတ်ထဲမှာ ဘာတွေရှိနေလဲ ဆိုတာ သင်သိပါလိမ့်မယ်🗯️🗯️🗯️🗯️🗯️🗯️
    ###### ကန္တာရထဲမှာရှိတဲ့ ဒီကျောက်ကြီးဟာနေရဲ့ ပူပြင်းတဲ့အရှိန်ကို မခံရအောင် အရိပ်ပေးသလို ပြင်းထန်တဲ့ ကန္တာရလေမုန်တိုင်း သဲမုန်တိုင်းများမှလည်း ကွယ်ကာ ပေးတဲ့အပြင် ငှက်ဆိုးတွေရဲ့အပေါ်ကနေ တိုက်ခိုက်မှုများကိုလည်း ကာကွယ်ပေးပါတယ်... ဒါက သူ့သားသမီးများအတွက် ဘုရားသခင်ရှိနေခြင်းနဲ့လုပ်ဆောင်ပေးနေခြင်းများကို ပြောနေတာ ဖြစ်ပါတယ်...ဘုရားသခင် က ကျွန်တော်တို့ကို ကာကွယ်ပေးတယ်..လွတ်မြောက်စေတယ်... လုံခြုံစေတယ်.. နောက်ပြီး ကျွန်တော်တို့ရဲ့ တခုတည်းသော မြော်လင့်ရာလည်း ဖြစ်ပါတယ်...ကျွန်တော်တို့ကို ကွယ်ကာ မစ လမ်းပြ ပို့ဆောင်နိုင်သူ..ယခုလည်း ပို့ဆောင်နေသူဟာ ဘုရားသခင်မှလွဲ၍ အခြားမရှိပါ..သူတဦးတည်းကိုသာ ကျွန်တော်တို့အားကိုး ခိုလှုံယုံကြည် ကိုးစားရမှာဖြစ်ပါတယ်💥💥💥💥💥💥
    ####### ဘုရားသခင် ကို ကျွန်တော်တို့ခိုလှုံတဲ့အခါ ဘယ်အရာ ဘယ်သူ ဘယ်အဖြစ်အပျက်ကမှ ကျွန်တော်တို့ကို တုန်လှုပ်စေမှာမဟုတ်ပါဘူး..အချိန်တိုင်းမှာ သူ့ကိုသာ ခိုလှုံပါ.အခြေအနေဆိုးတွေနဲ့ ရုန်းကန်နေမှုတွေထဲမှာ နစ်မွန်းနေရတဲ့ အချိန်မျိုးမှာလည်း ဘုရားသခင်ရဲ့ နှုတ်မြွက်စကားတော်နဲ့ သူ့ဂတိတော်များကို သတိရပါ..သမ္မာကျမ်းစာ နှုတ်ကပတ်တော်နဲ့ သူ့သားသမီးများကို ဘုရားသခင် စကား ပြောလေ့ရှိပါတယ် နှုတ်ကပတ်တော် ဟာ ကျွန်တော်တို့ကို ကွယ်ကာ ပေးသလို ရန်သူတွေကိုလည်း တိုက်ခိုက်ပေးပါတယ်..နာကြင်မှုတွေ..စိတ်ပျက်မှုတွေ ခံစားရတဲ့ အချိန်မျိုးမှာ မိမိရဲ့ နှလုံးသား ကို ဘုရားသခင်ထံ သွန်းလောင်းလိုက်ပါ...ချက်ခြင်းဘဲ အပြင်မှာ ရုန်းကန်နေရခြင်းများဟာ အတွင်း နှလုံးသား ထဲမှာ ငြိမ်သက်ခြင်းသို့ ပြောင်းလဲသွားပါလိမ့်မယ်⭐⭐⭐
    ###### ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဟာ ဘယ်တော့မှ အချည်းနှီး အလဟသ မဖြစ်ပါဘူး..ဘုရားသခင်ကို ခိုလှုံမိလို့ နောင်တရတယ်ဆိုတာ လုံးဝမရှိပါဘူး....ဘုရားသခင် ဘယ်သူလဲဆိုတာ ပေါ်ထွက်လာဘို့ သင် သူ့ကို ယုံကြည်စွာ ခိုလှုံပါ..ဆုတောင်းပါ..သင့်ရဲ့ ဘုရားသခင် က ဘယ်လို ဘုရားမျိုးလဲ?သူသင့်ကို ဘာလုပ်ပေးလဲဆိုတာ သင် သက်သေခံရပါလိမ့်မယ်❤️❤️❤️
    🤔🤔🤔🤔🤔 ထပ်မံဆင်ခြင်ရန်... သင် ဘုရားသခင် ကို စောင့်နေဘူးပါသလား?
    🙏🙏🙏🙏🙏 ဆုတောင်းရန်... အဖဘုရား...ကျွန်တော့်ကို အမြဲ ကွယ်ကာ မစ လမ်းပြပို့ဆောင်နေသောကြောင့် ကျေးဇူးတင်ပါတယ်အဖ
  • เพลง

ความคิดเห็น • 1