Htoo Ma Caveမန္တ​လေးနဲ့နီး​ပြီး တော​တောင်ရှုခင်း​တွေ ကြည့်လို့ရတဲ့​​နေရာ​လေး 🌄ထူးမဂူ

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • ထူးမ​တောင်၊ထူးမဂူ က မန္တ​လေးနဲ့နီး​ပေမယ့် မန္တ​လေးက လူတိုင်းမ​ရောက်ဖူးကြပါဘူး။
    ထူးမဂူဟာ မန္တ​လေးမြို့ရဲ့အ​ရှေ့ဘက်ပုသိမ်ကြီးမြို့နယ်မှာရှိပါတယ်။​​​ရေတံခွန်​တောင်​ပေါ်က​နေ ဆက်သွားရတာပါ။
    ရေတံခွန်​တောင်​ဂေါက်ကွင်းလမ်းအတိုင်း တည့်တည့်ကြီးလာရင် ​ရေတံခွန်​​တောင်​ခြေကို ​ရောက်တာနဲ့​တောင်တက်လမ်းအတိုင်း ကား သို့မဟုတ် ဆိုင်ကယ်နဲ့ နာရီဝက်ခန့်တက်လာပြီး​နောက်ထပ်နာရီဝက်က ​ခြေလျင်တက်ရမှာပါ။
    စက်ဘီးလာစီးတဲ့လူ​တွေလည်း အမြဲလိုလိုရှိပါတယ်။
    ​တောင်တက်လမ်း၊​ရေတံခွန်​တောင်ကြားလမ်းက ​ကျောက်​တောင်​တွေနဲ့ ကဗျာဆန်ဆန်လှလွန်းလို့ ဓါတ်ပုံဆင်းရိုက်ကြည့်ပါ။
    ​​တောင်​ပေါ်ကို​ရောက်ရင် ဘုန်းကြီး​ကျောင်းမှာကား ဆိုင်ကယ်​တွေထားခဲ့ပြီး ထူးမ​တောင် ဝဋ်​ကြွေး​ပြေဘုရားမုဒ်ဦး​စောင်းတန်းအတိုင်း တက်လာပြီး​စောင်းတန်းဆုံးရင် ​ကျောက်​လှေကား​လေး​တွေအတိုင်း​တောင်​ပေါ်တက်ရမှာပါ။
    နာရီဝက်ခန့်​ခြေလျင်တက်ရင် ထူးမဂူကို ​ရောက်ပါပြီ။

    ထူးမ​တောင်က​နေ လှမ်းကြည့်လိုက်ရင် ​​တောင်အဆင့်ဆင့်နဲ့သာယာတဲ့ရှုခင်း ​တွေအပြင် ​မြေပြန်ွက မန္တ​လေးမြို့ကိုပါ အ​​ဝေးကမြင်နိုင်ပါတယ်။
    ထူးမဂူအ​ပေါ်ကိုဆက်တက်ရင် ​တောင်ထိပ်မှာ ဝဋ်​ကြွေး​ပြေဘုရားကိုလည်း ဖူး​မြော်နိုင်ပါတယ်။ ရှု​​ခင်း​တွေလည်းအရမ်းလှတယ်။
    မန္တ​လေးက​​နေမနက် ၆နာရီထွက်လာတာ မနက်၇နာရီမှာ​ထူးမတောင်ထိပ်​ရောက်ပါတယ်။ ​တောင်​ပေါ်မှာနား ဘုရားဖူး ရှုခင်းကြည့် ဓါတ်ပုံရိုက်ပြီးပြန်ဆင်းလာတာ အိမ်ပြန်​ရောက်​တော့ မနက်၉နာရီပါ။
    အသွားအပြန်မှအချိန် ၃နာရီပဲကြာခဲ့ပါတယ်။
    မန္တ​လေးက လူတိုင်း​တောင်မ​ရောက်ဖူး​သေးတဲ့ ​နေရာ​လေးမို့ ခံစားချက်အသစ်အဆန်းနဲ့ ရှုခင်း​လေး​တွေကြည့်ချင်ရင် သွားလို့ရပါတယ်​နော်

ความคิดเห็น •