Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

แชร์
ฝัง
  • เผยแพร่เมื่อ 16 ก.ย. 2024
  • Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
    By ရန်ကုန်ခေတ်သစ်
    ဒီကနေ့ စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
    - အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ၃ အထိ စစ်သင်တန်းဆင်း တပ်သား သစ်တွေ အားလုံးနီးပါးကို ရှေ့တန်းစစ်မြေပြင်တွေဆီ စေလွှတ်ပြီးတဲ့နောက် စစ်မှုထမ်း အပတ်စဉ် ၅ ကို စတင်ဖွင့်လှစ်နေပြီး ၊ နိုင်ငံတစ်ဝန်းက ပေါ်တာဆွဲခံရတဲ့ လူငယ်အများအပြား ပါဝင်သွားတယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ စစ်တပ်သတင်းရင်းမြစ်က ပြောထားပါတယ်။
    - ရခိုင်ပြည်နယ် ၊ ပေါက်တာမြို့နယ်က ရှင်ရွာ-ဆိုတဲ့ ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် စစ်ကောင်စီတပ်က စစ်သုံ့ပန်း အရာရှိကြီးတချို့နဲ့ စစ်တပ်သတင်းပေး တွေအပါအဝင် ၁၇ ဦးသေဆုံးသွားပြီး ၁၀ ဦးဝန်းကျင်ဒဏ်ရာတွေရထားတယ်လို့ အာရက္ခတပ်တော် AA က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
    - အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ စစ်တပ် လက်အောက်ခံအဖွဲ့တွေက ဩဂုတ်လအတွင်းမှာတင် စစ်ရာဇဝတ်မှုပေါင်း ၃၀၀ကျော်ကို ကျူးလွန်ခဲ့ပြီး ပြည်သူ အယောက် ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ ကြတယ်လို့ (SRD) ရဲ့ အချက်အလက် မှတ်တမ်းတွေမှာဖော်ပြထားတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

ความคิดเห็น • 466