ဆီးချို သွေးချိုရောဂါ (Diabetes Mellitus) Shwe Kyan Mar
ฝัง
- เผยแพร่เมื่อ 4 พ.ย. 2024
- ဆီးချို၊ သွေးချိုရောဂါ (Diabetes Mellitus) ဆိုသည်မှာ ကိုယ်ခန္ဓာအတွင်း အင်ဆူလင်ဟော်မုန်းဓာတ် လုံးဝ သို့မဟုတ် အတန်အသင့် ချို့ယွင်းမှုကြောင့် သွေးများအတွင်းရှိ ဂလူးကိုစ့်ဓာတ်များ (Glucose) မြင့်တက်ခြင်းနှင့် ပတ်သက်သည့် ရောဂါလက္ခဏာများပြသသော ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် ဆီးချို၊ သွေးချိုရောဂါဆိုတာက သွေးအတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သကြားဓာတ်) အလွန်အကျွံများနေတဲ့ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဆီးချို၊ သွေးချိုရောဂါ ကြောင့် နှလုံးရောဂါ၊ လေဖြတ်၊ အမြင်အာရုံ ထိခိုက် တာ၊ ကျောက်ကပ် အလုပ်မလုပ်တော့တာ၊ နောက်ဆုံး အဆင့်မှာ ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို ဖြတ်တောက် ပစ်ရတာ အထိ ရောဂါလက္ခဏာတွေခံစား ရနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ ဆီးချို၊ သွေးချိုရောဂါ ခံစား နေရတဲ့ လူအများအပြား ရှိပါတယ်။ ဒီရောဂါကြောင့် တစ်နှစ်မှာ လူ တစ်သန်းကျော် သေဆုံး နေရ ပါတယ်။ ၂၀၂၃ ခုနှစ် WHO ရဲ့ စာရင်းဇယားတွေ အရ ဆိုရင် ၄၆၃ သန်း သော လူတွေဟာ ဆီးချို၊ သွေးချိုရောဂါ ခံစား နေရတယ်လို့ ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် နဲ့ နှိုင်းယှဉ်ရင် အရေအတွက် ၄ ဆ ကျော် မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၄၅ ခုနှစ်မှာတော့ သန်း ၇၀၀ အထိ ရှိလာမယ်လို့ သိရပါတယ်။