ပုစွန်ငရုတ်သီးနှပ် Spicy prawn

แชร์
ฝัง
  • เผยแพร่เมื่อ 14 ต.ค. 2024
  • ပုစွန်ကို ဆီပြန်ဟင်းပုံစံ မချက်ချင်တဲ့အခါ အခုလို ပုစွန်ကို ငရုတ်သီနဲ့ နှပ်လည်းစားလို့ကောင်းပါတယ်။ ချက်နည်းလေးကတော့ အကိုဝင်းနိုင်သိန်းရဲ့ ချက်နည်းလေးအတိုင်းပြန်ပြီးချက်ထားပါတယ်ခင်ဗျာ။
    ပထမဆုံး ပုစွန်တွေကို သန့်သွားအောင် ဆေးကြောထားပါမယ်။ ပု စွန် ခေါင်းထိပ်ပိုင်းမှာ ရှိတဲ့ အညစ်အကြေးတွေကိုဖယ်ပြီး အလယ်ကိုခွဲကာ အညစ်အကြေးတွေထုတ်မယ်။ ခေါင်းက အဆူးတွေရယ် ခြေထောက်တွေကို ဖြတ်ထားပါမယ်။ ရေသန့်စင်အောင်ဆေးပြီးတာနဲ့ ရေစစ်ထားပေးပါ။
    ပြီးရင် ဆားနဲ့ နနွင်း နယ်ထားပေးပါ။ ငရုတ်သီးအရောင်တင်မှုန့်မသုံးတာကြောင့်အရောင်လှချင်ရင် နနွင်း များများထည့်ပေးပါ။
    ကြက်သွန်ဖြူကို ထောင်းထားသလို့ရသလို ကြိတ်စက်နဲ့ ကြိတ်ထားပါ။
    ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး အရသာနှပ်ထားတဲ့ ပုစွန်တွေကိုထည့်ပြီး ကြော်ပေးပါ။
    မီးထိတာနဲ့ ကျက်တာမြန်မတဲ့အတွက် အကြာကြီးတော့ ကြော်စရာ မလိုပါဘူး။ ပြီးရင် ပုစွန်ကို ဘေးနားမှာ ကပ်ပြီး ကြိတ်ထား သို့ ထောင်းထားတဲ့ ကြက်သွန်ဖြူတွေကို ထည့်ပြီး ကြော်ပေးပါ။ ဆီချက်မဖြစ်တဖြစ်အနေအထား ရောက်လို့ မွှေးလာရင် သကြားသို့ အချိုမှုန့် အနည်းငယ်။ ငါးငံပြာရည် ၁ ဇွန်း (စားပွဲတင်ဇွန်း)ထည့်ပေးပါ။ နောက်ဆုံးမှာ ငရုတ်သီးခွဲကြမ်းမှုန့်ကို ထည့်ပြီး မီးအေးအေးနဲ့ ထပ်ကြော်ပေးပါ။ အစပ်ကြိုက်တယ်ဆိုရင် ငရုတ်သီးခွဲကြမ်းကို ပိုပြီးထည့်ပေးပါ. မွှေးပြီး စားကောင်းတဲ့ ပုစွန်ငရုတ်သီးနှပ်ကို ရပြီဖြစ်ပါတယ်။

ความคิดเห็น • 11

  • @dawpaukpauk4304
    @dawpaukpauk4304 ปีที่แล้ว

    ကျေးဇူးပါ 😻😊👍
    ဒီတစ်ခါအဲ့လိုချက်စားမယ်
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊ကျန်းမာပျော်ရွှင်ပါစေ🙏

  • @鄭彩虹
    @鄭彩虹 ปีที่แล้ว +1

    💯💯💯👍👍👍

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you ❤️😊

  • @moureenofficial3727
    @moureenofficial3727 ปีที่แล้ว

    Thanks 👍👍👍

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you 💞😊

  • @tintinwin1882
    @tintinwin1882 ปีที่แล้ว

    Wow! 😋😊😋

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you 💞😊

  • @phyoephyoe7844
    @phyoephyoe7844 ปีที่แล้ว

    💕💕💕🙆

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you 💞😊

  • @missenglishspeakingclass212
    @missenglishspeakingclass212 ปีที่แล้ว

    Thz