အမဲမဆလာခြောက်စပ် Myanmar Beef masala stir fry

แชร์
ฝัง
  • เผยแพร่เมื่อ 16 ต.ค. 2024
  • အမဲသားကို ခြောက်ခြောက်လေးကြော်ပြီး စပ်စပ်လေးနဲ့ မွှေးမွှေးလေး ... ထမင်းနဲ့လိုက်ဖက်သလို သောက်စရာတခုခုနဲ့ လိုက်ဖက်လွန်းတဲ့ ဟင်းပွဲလေးတပွဲလည်းဖြစ်ပါတယ်။ ဒီချက်နည်းလေးက အစ်မ အေးသူဇာဝင်းရဲ့ ချက်နည်းလေးလည်းဖြစ်ပါတယ်။
    ပထမဆုံး အမဲသား ၂၅ ကျပ်သား‌ကို အတုံးသေးသေးလေးလှီးထားပါ။
    အရသာအတွက် အချိုမှုန့်၊ ဆား၊ နနွင်း၊ ရှလကာရည် (သို့)ရှောက်သီးအရည်ညှစ်ပါ။ ချင်း(ဂျင်း) ထောင်းထားတာကို စားပွဲတင်ဇွန်း ၁ ဇွန်းစာလောက် အရည်ညှစ်ချပြီး နယ်ပြီး ၁ နာရီ သို့ ညလုံးပေါက်နှပ်ထားပါ။
    စပါးလင် ၂ချောင်းလောက်ကို ထုပြီး ထုံးထားပေးပါ။
    နှပ်ထားတဲ့အသားတွေကို အသားမြှုပ်ရုံရေထည့်မယ်။ စပါးလင်ထည့်မယ်။ ပြီးရင် ‌ရေခမ်းတဲ့အထိ မီးအလယ်အလယ်ထားပြီးပြုတ်ပေးပါ။
    ပြီးရင် အသားတွေကို ခဏလေးအအေးခံထားပါ။
    ကြက်သွန်ဖြူခပ်များများကို ထောင်းထား သို့ ခြစ်နဲ့ ခြစ်ထားပါ။
    ငရုတ်သီးခြောက် (အစေ့ထုတ်ထား) တာကို လှီးထားပါ။ ငရုတ်သီးအကျက်မှုန့် ၁ ဇွန်း။ အသားမဆလာ ၁ ဇွန်း။ ပျဉ်းတော်သိမ် ၁ စည်း။
    လေသလပ်ခံထားတဲ့ အမဲသားတွေကို ဆီပူပူထဲမှာ မီးအလယ်အလတ်နဲ့ ၈ မိနစ်လောက်ကြော်ပေးပါ။ အသားတွေ နီပြီး ကြွပ်လာရင် ဆယ်ထားပေးပါ။
    ဒယ်အိုးထဲမှာ အမဲသားကြော်ထားတဲ့ဆီကို ပြန်ထည့်လို့ရသလို ဆီအသစ်ထည့်ပြီး ပျဉ်းတော်သိမ်ရွက်တွေထည့်ပြီး ကြော်ပေးပါ။ မီးအေးအေးနဲ့ ကြွပ်ပြီး မွှေးလာရင် ခြစ်ထားတဲ့ ကြက်သွန်ဖြူတွေကို ဆီသပ်ပေးပါမယ်။ (မီးအားမများပါစေနဲ့) ကြွပ်ပြီးမွှေးလာရင် ငရုပ်သီးအရောင်တင်မှုန့်.။ ငရုတ်သီးအကျက်မှုန့်။ ငရုတ်သီးခြောက်။ မဆလာ။ သကြား သို့ အချိုမှုန့်။ ဆား အနည်းငယ်။ အားလုံးထည့်ပြီးမွှေပေးပါ။ (မီးအားလျော့ထား‌ပေးပါ)။
    ပီးမှ ခုနက ဆီမြှုပ်ကြော်ထားတဲ့ အမဲသားတွေကို ထည့်ပြီး မွှေပေးရင်တော့ မွှေးမွှေးစပ်စပ် အရသာရှိတဲ့ အမဲမဆလာ‌ခြောက်စပ်ကို ရပြီဖြစ်ပါတယ်။
    ဗီဒီယိုလေးကို နှစ်သက်ရင်လည်း သူငယ်ချင်းတွေကို မျှဝေပေးပါဦးခင်ဗျာ...
    သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ...

ความคิดเห็น • 79