Pre-Diabetes အကြိုဆီးချို

แชร์
ฝัง
  • เผยแพร่เมื่อ 18 มิ.ย. 2022
  • အကြိုဆီးချို
    Pre-Diabetes
    သွေးချို ဆီးချို လူနာများတွင် စဉ်းစားစရာတခုရှိပါတယ်။ အဲ့ဒါကတော့ ရောဂါလက္ခဏာများ မပေါ်ပေါက်လာခင် ကြိုတင်သိရှိနိုင်လား!! ဆိုတဲ့ အတွေးပါ။
    အဖြေကတော့ ဟုတ်ကဲ့ လက္ခဏာများ အပေါ်ပေါက်လာခင် ကြိုတင်စစ်ဆေးပီး ဆီးချို ဖြစ်နိုင်ခြေ ရှိ/မရှိ ကို သိရှိနိုင်ပါတယ်။
    ဒီအကြောင်းအရာကို သွေးချို ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ အထူးကု ပါမောက္ခ ဒေါက်တာ ဒေါ်သန်းသန်းအေး (Prof Dr Than Than Aye), Grand Hantha International Hospital မှ ရှင်းပြထားမှုကို တင်ဆက်ပေးလိုက်ပါသည်။
    ဆရာမကြီး၏ ပြောကြားချက်များမှ မှတ်သားစရာအချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါသည်။
    ၁။ BMI (Body Mass Index) ကိုယ်အလေးချိန် ညွှန်းကိန်းကို ပုံမှန်ဖြစ်အောင် ဂရုစိုက်ရန်
    ၂။ Lifestyle (အစားအသောက်၊ ကိုယ်လက် လှုပ်ရှားမှု၊ ရေသောက်သုံးမှု၊ အိပ်ချိန်) ကို ဂရုစိုက်ရန်
    ၃။ စောစော ကာကွယ်နိုင်ရင် (Pre-Diabetes Stage ကို ကြိုသိလျင်) ဆီးချို ဖြစ်နိုင်မှု အခြေအနေကို နောက်ကျစေပီး ဆီးချိုနှင့် ပတ်သက်သော နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ဖြစ်နိုင်မှုနှုန်း ကျဆင်းစေပါသည်
    ၄။ ကြိုတင်သိရှိနိုင်ရန် Pre-Diabetes Program များလည်း ရှိနေပါသည်။
    ၅။ ဆီးချိုမဖြစ်ခင် အချိန် (၅) နှစ်လောက် စောပီး Pre-diabetes ကိုသိရှိနိုင်ပါသည်
    ၆။ စမ်းသပ်စစ်ဆေးမှု အနေဖြင့် လက်ထိပ်ဆီးချို စစ်ဆေးခြင်း သို့ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြင့်လည်းကောင်း၊ OGTT (Oral Glucose Tolerance Test) ဖြင့်လည်းကောင်း၊ HbA1c/ Insulin စစ်ဆေးခြင်း စသည်တို့ဖြင့် တိုင်းတာနိုင်သည်။
    ၇။ အသက် ၃၀ ကျော်၊ မိသားစုတွင် ဆီးချိုရှိသူ၊ သွေးတိုး ရောဂါရှိသူ၊ ခန္ဓာကိုယ် အဝလွန်သူ၊ ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်ဖူးသူများ ကြိုတင် စစ်ဆေးသင့်ပါသည်။
    အခြားသိရှိလိုသော အကြောင်းအရာများကိုလည်း အောက်မှာ comments ပေးထားခဲ့လိုရပါသည်။ နောင် ဗီဒီယိုများတွင် ထည့်သွင်း မေးမြန်းပေးသွားမည် ဖြစ်ပါသည်။
    ကျေးဇူးတင်ပါသည်

ความคิดเห็น • 28

  • @soelay1631
    @soelay1631 ปีที่แล้ว +3

    အရမ်းကိုတော်တဲ့ဆရာမကြီးပါ

  • @woetoe6618
    @woetoe6618 27 วันที่ผ่านมา +1

    တော်တယ်ဆရာမကြီး

  • @AThan-ro9kd
    @AThan-ro9kd หลายเดือนก่อน

    ကျေးဇူးပါ ဆရာမ

  • @thanthanmaw5008
    @thanthanmaw5008 ปีที่แล้ว +1

    ကျေးဇူးပါဆရာမ

  • @user-ht7xm3xw5m
    @user-ht7xm3xw5m ปีที่แล้ว +1

    ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @tinmarthaw4320
    @tinmarthaw4320 ปีที่แล้ว +1

    ကျေးဇူးတင်ပါတယ် ဆရာမ

  • @wailwin3233
    @wailwin3233 ปีที่แล้ว +1

    မဂ်လာပါ
    ကျေးဇူးပါ

  • @tflasx9689
    @tflasx9689 ปีที่แล้ว +1

    လေးစားကျေးဇူးတင်ပါသည်မြတ်ဆရာ

  • @layhlaing3237
    @layhlaing3237 ปีที่แล้ว +4

    ဟုတ်ကဲ့ပါကျေးဇူးပါခမြာ

  • @dawdaw9081
    @dawdaw9081 ปีที่แล้ว +1

    🙏🙏🙏

    • @thinthinkhaing3602
      @thinthinkhaing3602 ปีที่แล้ว

      ကျေးဇူးပါ ဆရာမကြီး

  • @MinMin-lk3ew
    @MinMin-lk3ew ปีที่แล้ว +1

    ❤❤❤❤

  • @tflasx9689
    @tflasx9689 ปีที่แล้ว +1

    နာယူမှတ်သားမျှဝေပါသည်မြတ်ဆရာ

  • @kyawkyaw152
    @kyawkyaw152 ปีที่แล้ว +1

    ပါမောက္ခ လိပ်စာပါ

  • @khinsapel2516
    @khinsapel2516 ปีที่แล้ว +2

    🙏🙏🙏🙏🙏

  • @kyawkyaw152
    @kyawkyaw152 ปีที่แล้ว +1

    လိပ်စာ လေးပြောပေးပါ

  • @moelay-xk8nt
    @moelay-xk8nt 11 หลายเดือนก่อน +1

    ကျေးဇူးပါဆရာမကြီးရှင့်

  • @yinmay-xq9rk
    @yinmay-xq9rk 4 หลายเดือนก่อน

    ကျေးဇူးအထူးတင်ရှိပါသည်Dr , ရှင့်

  • @layhlaing3237
    @layhlaing3237 ปีที่แล้ว

    usoeyee

  • @HtetHtet-pj1vg
    @HtetHtet-pj1vg 11 หลายเดือนก่อน +1

    ဟုတ်ကဲ့ကျေးဇူးပါDrတခုလောက်မေးပါရစေDrခုကဆီးချိုကညစာထမင်းမစားရင်နံနက်အစောတိုင်းလိုက်ရင်က5.8ပါညစာထမင်းစားရင်နဲနဲတက်တက်လာတယ်ဘလိုနေထိုင်စားသောက်ရမလဲဆိုတာလေးကျေးဇူးပြုပြီးဖြေပေးစေချင်ပါတယ်ရှင့်🙏🙏🙏

  • @user-ib3ti4dd1s
    @user-ib3ti4dd1s 12 วันที่ผ่านมา

    ကျေးဇူးအထူးတင်ပါတယ်ရှင်

  • @thanzincho699
    @thanzincho699 ปีที่แล้ว +1

    ကျေးဇူးတင်ပါတယ်ဆရာမရှင့်

  • @user-cw5ty4ts9q
    @user-cw5ty4ts9q 11 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်ရှင်

  • @DAWTHANMYINT-ue7xr
    @DAWTHANMYINT-ue7xr ปีที่แล้ว

    6⅚⁵665668⁶⅘ë4⁶⁸