မင်းတပ်မြို့မှာ ၂ လ အတွင်း စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူနေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

แชร์
ฝัง
  • เผยแพร่เมื่อ 8 ต.ค. 2024
  • စက်တင်ဘာလ ၂၈ ရက်။
    ချင်းပြည်နယ် မင်းတပ်မြို့မှာ စက်တင်ဘာလ ၂၆ ရက်နေ့၊ ၂၇ ရက်နေ့၂ ရက်ဆက်တိုက် အရပ်သားပြည်သူနေအိမ်တွေ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာခံရပြီး (၂)လအတွင်း အရပ်သားနေအိမ် ၅၀ ကျော်ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီဖြစ်ကြောင်း မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။
    မင်းတပ်မြို့ဒေသခံတစ်ဦးက “မနေ့ညနေကလည်း မီးရှို့ခံရတဲ့အိမ်တွေက ဆက်နေတာဆိုတော့ အတိကျပြောဖို့ခက်ပါတယ်။ ၃ အိမ်ထက်များနိုင်ပါတယ်။ ဒီ နှစ်လအတွင်း အရပ်သား နေအိမ် ၅၀ ကျော်တော့ မီးရှို့ခံရပြီဖြစ်တယ်” လို့ Chin World Media ကိုပြောပါတယ်။
    မနေ့ညနေ စက်တင်ဘာလ (၂၇) ရက်နေ့ညနေပိုင်းမှာ မင်းတပ်မြို့ အရှေ့ပြင် မြို့ဦးဘုန်းကြီးကျောင်းအနီးက အရပ်သားနေအိမ် ၃ လုံးကို စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက မီးရှို့ခဲ့ကာ၊စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း မင်းတပ်မြို့ အရှေ့ပြင် MPT ရုံးနဲ့ နမ့်ထာရပ်ကွက်ဘက်သွားတဲ့ ကြားလမ်းက အရပ်သားပြည်သူနေအိမ် ၅ လုံးလောက် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
    စစ်ရေးအခြေအနေတင်းမာနေတဲ့ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ဗုံးကြဲတာ ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဩဂုတ်လကစပြီး အခုအချိန်အထိ နေ့စဉ်နီးပါးဆက်တိုက်လုပ်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
    Video By HKL Mindat

ความคิดเห็น •