အင်းတော်ကြီးအိုင် ဆီ

แชร์
ฝัง
  • เผยแพร่เมื่อ 17 ต.ค. 2020
  • ဒီတစ်ပတ် တနင်္ဂနွေ ခရီးသွား Vlog လေးမှာတော့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် က UNESCO အမွေအနှစ်စာရင်းဝင် အင်းတော်ကြီးအိုင် နဲ့ ဝန်းကျင် ကို အလည်ခေါ်သွားပါရစေခင်ဗျ။ တကယ်ဆို ခုလို သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့် အချိန်ခါမျိုးဆို အင်းတော်ကြီးမှာ ရွှေမဉ္ဇူဘုရား လပြည့်ပွဲတော်တွေနဲ့ သိပ်စည်ကားနေမှာ။ ခုတော့ဗျာ....
    အင်းတော်ကြီးမှာ ပွဲတော်ချိန်တွေ ဆိုင်ခန်းတွေ၊ ကခုန်ပျော်မြူးစရာ ရိုးရာဓလေ့တွေနဲ့ သိပ်လည်လို့ကောင်းတယ်။ မတ်လ ဘုရားပွဲချိန်၊ သီတင်းကျွတ် နဲ့ တန်ဆောင်တိုင် တွေဆို အမြဲစည်ကားနေတတ်တယ်လို့ သိရပါတယ်။ ရွှေမဉ္ဇူရေလယ် ဘုရားဆီ လူလမ်း နတ်လမ်း တွေ ရေကျချိန် ပေါ်လာရင် မြင်ရတဲ့ မြင်ကွင်းတွေဟာလည်း ဘုရားဖူးတွေအတွက် အဆန်းတကြယ်တွေပေါ့။ ဒီနေရာလေးဆီကို ကျွန်တော့်ရဲ့ ခရီးသွားဗီဒီယိုလေးကနေ ခေါ်ဆောင်သွားခွင့်ပြုပါခင်ဗျာ...
    မြစ်ကြီးနား နဲ့ အင်းတော်ကြီး ဆီ ခရီးစဉ် အသေးစိတ် စာ နဲ့ ပုံများများကြည့်ဖို့ဆိုရင် ဒီမှာနှိပ်ပါခင်ဗျ
    bit.ly/365teVP
    အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
    သီဟလုလင် (Thiha, the Traveller)

ความคิดเห็น • 17

  • @sapal9364
    @sapal9364 ปีที่แล้ว +2

    အမကမိုးညှင်းသူမောင်လေး
    တခါဘဲဖူးဘူးတယ်‌စက်လှေမ
    စီးဘူးကြောက်လို့အခုမှာ့စုံအောင်
    ဖူးရတယ်ကျေးဇူးပါမောင်လေး

    • @ThihaLuLin
      @ThihaLuLin  ปีที่แล้ว

      စက်လှေသတင်းတွေကြားတော့ စီးတဲ့အချိန် နည်းနည်းလန့်မိသေးတယ် 😬

  • @zinthu9609
    @zinthu9609 3 ปีที่แล้ว +2

    ဗန်းမော် သူပါ ဒါပေမဲ့မရောက်ဖူးပါရှင်😌😌

    • @ThihaLuLin
      @ThihaLuLin  3 ปีที่แล้ว

      ပွဲတော်ချိန်ဆိုရင်တော့ စည်ပြီး သဘောကျစရာလေး 😊

  • @Cookfork1
    @Cookfork1 3 ปีที่แล้ว +1

    တခါမှ မရောက်ဖူးဘူး။ ကျေးဇူးပါကိုသီဟ

    • @ThihaLuLin
      @ThihaLuLin  3 ปีที่แล้ว +1

      ကြည့်ရှုခံစားပေးလို့ ကျေးဇူးပါခင်ဗျ 😊

  • @thandarwin5348
    @thandarwin5348 2 ปีที่แล้ว +1

    MTTV 4 မဂ်လာပါ အစီအစဥ်မှာ ကိုသီဟ ကို တွေ့ဘူးတယ်၊ အင်းတော်ကြီး ရောက်ဖူးတယ်၊ ဒီ video ကြည့်ရတာ ကောင်းပါတယ်။

    • @ThihaLuLin
      @ThihaLuLin  2 ปีที่แล้ว

      ဟုတ် MRTV-4 က မင်္ဂလာပါ အစီအစဉ်လေး လွှင့်နေတုန်းက မကြာခဏ ပါဝင်ဖြစ်ပါတယ်။ အခုတော့ MNTV က Hello Myanmar အစီအစဉ်မှာလည်း ဗုဒ္ဓဟူးနေ့မနက်ဆို ပါဝင်ဖြစ်ပါတယ် 😊

  • @nilar5772
    @nilar5772 ปีที่แล้ว +1

    ရောက်ဖူးချင်ပါသည်

    • @ThihaLuLin
      @ThihaLuLin  ปีที่แล้ว

      ရောက်ဖူးစေချင်မိပါတယ်ဗျား

  • @koyewin51
    @koyewin51 2 ปีที่แล้ว +2

    Blog အတွက် ကျေးဇူးပါ - အမြင်ကွဲလွဲမှုအတွက် ကြိုတင်တောင်းပန်ပါသည် - နေရာဒေသ လူမှုဘဝများနှင့်ဖြစ်တည်မှုကိုသိလိုပါသည် - အထူးသဖြင့် မြန်မာ ဘုရားပုထိုးသမိုင်းတော်တော်များများမှာ ( အခြေအမြစ်မခိုင်မာသော ပါးစပ်ရာဇဝင်တို့ကို အိပ်ယာဝင်ပုံပြင်သို့ပြောဆိုနေကြ၍ ) စိတ်မကောင်းစရာဖြစ်ပါသည် - ဂေါတမဗုဒ္ဓသည်
    သက်ရှိထင်ရှားရှိစဥ်က အိန္ဒိယပြင်ပသို့ ခရီးသွားကြောင်းအထောက်အထားမရှိပါ - ထို့ပြင် မြန်မာပြည်မြောက်ဖျားပိုင်း အင်းတော်ကြီးဒေသတွင် မိကျောင်းသတ္တဝါများရှင်သန်ခဲ့ခြင်းမရှိပါ -
    သို့အတွက် မသေချာသောဘုရားသမိုင်းတို့ကိုပြောမည့်အစား လက်ရှိအနေအထားကို မီးမောင်းထိုးပြစေချင်ပါသည် ( ဤ blogတွင် အင်္ဂလိပ်စာတမ်းထိုးထားသောကြောင့် ပို၍သတိထားစေလိုကြောင်း စေတနာဖြင့်ပြောပြခြင်းသာဖြစ်ပါ)သည် -
    Blog ၏ ရုပ်သံပြတ်သားကောင်းမွန်မှုအတွက် ချီးကျူးပါသည် - ဆက်လက်အားပေးနေပါမည်

    • @ThihaLuLin
      @ThihaLuLin  2 ปีที่แล้ว

      ဘုရားသမိုင်းကြောင်းကတော့ တချို့တောင်းဆိုမှုအရ ထည့်ဖြစ်တာပါ
      ကျွန်တော်က အဲ့လို ဒဏ္ဍရီလိုလိုမျိုး ဘယ်တုန်းကမှ မယုံခဲ့ဘူး
      ဒါမဲ့ သူ့အရပ်သူ့ဇာတ်ပေါ့

  • @sapal9364
    @sapal9364 ปีที่แล้ว +1

    အခုတော့မန်းလေးမှာပါမောင်လေး
    ကျေးဇူးပါအခုမှာ့ညအလှကောကြည့်ရတာ

    • @ThihaLuLin
      @ThihaLuLin  ปีที่แล้ว

      ကျေးဇူးပါအစ်မရေ 🧡

  • @paukma8893
    @paukma8893 3 ปีที่แล้ว +2

    အရမ်းကိုရောက်ဖူးချင်တာခုလိုလေးတွေ့ရလို့ကျေနပ်မိပါတယ်🙂🙂

    • @ThihaLuLin
      @ThihaLuLin  3 ปีที่แล้ว +1

      ကျေနပ်မိနေပါပြီ 😍

    • @davidwheels9899
      @davidwheels9899 2 ปีที่แล้ว

      ဟော်တယ်တေရှိဘူးထင်တယ် Google map မှာမတွေ့မိဘူး