တစ်ခါက မက္ခရာ ရှေးမြို့ဟောင်း ဆီ

แชร์
ฝัง
  • เผยแพร่เมื่อ 26 ส.ค. 2024
  • မက္ခရာဟာ တကယ်ကို အပျိုစင်လေးလို ထိတွေ့မှုနည်းနေသေးတဲ့ ခရီးသွားကောင်းတဲ့ဒေသတစ်ခု မှန်း ကျွန်တော် အလည်ရောက်သွားတဲ့အခါ သိလိုက်ရပါတယ်ခင်ဗျ။ လူသိနည်းနေသေးတဲ့ မန္တလေးမြို့နားက မက္ခရာမြို့ဟောင်း အကြောင်း ကို ဒီတနင်္ဂနွေ ခရီးသွား Vlog လေးကနေ လည်လည်ခေါ်သွားချင်ပါတယ်။ Stay at Home ကာလမှာ ပျော်ရွှင်စွာနဲ့ ခံစားရောက်ရှိနေစေဖို့ပါဗျား။
    သောသောသာ မက္ခရာ ဆိုတဲ့ စကားအတိုင်း သက္ကရာဇ် ၆၆၆ ခုနှစ်မှာ အသင်္ခရာ က မက္ခရာမြို့ကို တည်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောက်ခေတ်လူသားများ နေထိုင်ခဲ့တဲ့ အထောက်အထားတွေကိုလည်း ဒီဒေသမှာ တွေ့ရှိရပြီး ကျောက်လက်နက်အပဲ့ အစအနတွေ မြင်တွေ့ရဆဲလို့ သိရပါတယ်။ ကျောက်ခေတ်ကစလို့ ပျု၊ ပုဂံ၊ ပင်းယ၊ အင်းဝ နဲ့ ကုန်းဘောင်ခေတ်တွေအထိ စည်ပင်ထွန်းကားခဲ့ပုံရတဲ့ ရှေးဟောင်းမြို့တော် ဖြစ်နိုင်တယ်လို့ မှတ်သားရပြန်ပါတယ်ခင်ဗျာ။ လည်ပတ်စရာတွေကတော့ ဘုရားစေတီတွေပဲ များပါတယ်။ ပြီးတော့ မက္ခရာရွာ ရဲ့ လူမှုဘဝဝန်းကျင်တွေကို မြင်တွေ့ရမှာ ဖြစ်သလို မြစ်ငယ်မြစ်ကမ်းခြေထိ ဆင်းကြည့်နိုင်ဦးမှာ ဖြစ်ပါတယ်။ မက္ခရာမှာ ရှေးဟောင်းဘုရားတွေကို ဖူးမြော်လေ့လာရင်း လည်ပတ်နိုင်တဲ့အကြောင်းနဲ့ ကပ်ရောဂါကြီးကင်းစင်ရင် ကိုယ်တိုင်လည်ပတ်နိုင်ဖို့ပါ ကြိုတင် တင်ပြပေးထားလိုက်ရပါတယ်ခင်ဗျာ။
    မက္ခရာမြို့ဟောင်းလေးနဲ့ပတ်သက်ပြီး စာနဲ့ ပုံများများ ပြည့်ပြည့်စုံစုံ ဖတ်ကြည့်ဖို့အတွက် ဒီမှာနှိပ်ပြီး ဖတ်နိုင်ပါတယ်ခင်ဗျာ ...
    bit.ly/3cWWnWI
    အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
    သီဟလုလင် (Thiha, the Traveller)

ความคิดเห็น • 14

  • @koyewin51
    @koyewin51 2 ปีที่แล้ว +2

    ကောင်းတယ်ဗျာ - တိမ်မြုပ်နေတဲ့ သမိုင်းဝင်နေရာကို ဖော်ထုတ်တင်ပြပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ - ခရီးသွားဆောင်းပါးရှင်ကိုလည်း အထူးလေးစားပါကြောင်းပြောပါရစေ

    • @ThihaLuLin
      @ThihaLuLin  2 ปีที่แล้ว

      အားဖြစ်ရပါတယ်ဗျ

  • @Cookfork1
    @Cookfork1 3 ปีที่แล้ว +2

    ကိုသီဟ ရဲ့ ပရိတ်သတ်ပါ။ စာလေးတွေဖတ်ပြတာကိုလည်း သဘောကျပါတယ် 😊

    • @ThihaLuLin
      @ThihaLuLin  3 ปีที่แล้ว +1

      ကျေးဇူးအထူးပါဗျား 😍😘

  • @zinthu9609
    @zinthu9609 3 ปีที่แล้ว +1

    Mdy နေ ဒီနေရာမရောက်ဖူးပါ ကျေးဇူးအထူးပါ

    • @ThihaLuLin
      @ThihaLuLin  3 ปีที่แล้ว

      လည်ကြည့်စေချင်မိပါတယ် 😊

  • @heme8840
    @heme8840 2 ปีที่แล้ว

    🙏သမိုင်းဝင်ရှေးဟောင်းမြို့တမြို့ကို
    သိခွင့်ရလိုက်တယ်
    ကျေးဇူးတင်ပါတယ်,

    • @ThihaLuLin
      @ThihaLuLin  2 ปีที่แล้ว +1

      ကြည်နူးရပါတယ်ဗျား 😊

  • @MonMon-vj3fj
    @MonMon-vj3fj 3 ปีที่แล้ว +1

    ကျေးဇူးပါအကို

    • @ThihaLuLin
      @ThihaLuLin  3 ปีที่แล้ว +1

      ဟုတ်ညီမ​ရေ 😊

  • @thuraaung4350
    @thuraaung4350 ปีที่แล้ว +1

    သီဟးးညီလေးကျေးဇူးပါးးဆက်ကြိုးစားပါးးတကယ်တန်ဘိုးရှိပါတယ်းး

    • @ThihaLuLin
      @ThihaLuLin  ปีที่แล้ว

      ဟုတ် ကြိုးစားပါ့မယ် အစ်ကိုဗျ 🙏

  • @paukma8893
    @paukma8893 3 ปีที่แล้ว +1

    အရမ်းကိုသွားလည်ချင်နေပါပီ😊😊

    • @ThihaLuLin
      @ThihaLuLin  3 ปีที่แล้ว

      pauk ma သွားတဲ့လမ်းလေးကအစ သဘောကျမိတယ် 😊