မြန်မာနိုင်ငံ နှင့် ဒုတိယကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံ၏သမိုင်း............D

แชร์
ฝัง
  • เผยแพร่เมื่อ 17 ก.ย. 2024
  • #knowledgesharing #audiobooks #history #audiomyanmar #knowledge #education #entertainment #voiceeffects #thantzin #knowledgevideo
    ၁၉၃၉-ခုနှစ်၊ စက်တက်ဘာလ ၁ ရက်နေ့တွင် ဂျာမန်တို့သည် ပိုလန်နိုင်ငံကို ရုတ်တစ်ရက် ဝင်ရောက် တိုက်ခိုက်ကြ လေသည်။ ထိုအခါဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ပိုလန်နိုင်ငံကို ကူညီရန်တာဝန် ရှိသည့်အလျောက် စက်တင်ဘာလ ၃ ရက်နေ့တွင် ဂျာမနီနိုင်ငံအား စစ်ကြေညာ ခဲ့လေသည်။ ထိုသို့အားဖြင့် ဥရောပတိုက်၌ စစ်မီးများ စတောက်နေချိန်တွင် မြန်မာပြည်၌ အမျိုးသား စည်းလုံးရေး စိတ်ဓာတ်၊ နယ်ချဲ့တို့ကို တော်လှန်ရေး စိတ်ဓတ်တို့ တက်ကြွ ပြင်းထန်လျက် ရှိလေသည်။ သခင်အောင်ဆန်း အမှူးပြုသော မျိုးချစ်လူငယ် ခေါင်းဆောင်တို့က ဗြိတိသျှတို့ကို မြန်မာနိုင်ငံမှ နှင်ထုန်ရန် ကြံစည်အားထုတ်ကြလေသည်။
    ၁၉၄ဝပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့တွင် သခင်အောင်ဆန်းသည် မြန်မာပြည်မှ ရုတ်ခြည်း ပျောက်သွားလေသည်။ ၁၉၄၁ခုနှစ် ဧပြီလလောက်တွင် မြန်မာပြည်သို့ ရုပ်ဖျောက်၍ ပြန်ရောက်လာပြီးလျှင် ပြည်တွင်းပြည်ပ တော်လှန်ရေးအတွက် မြန်မာလူငယ် ခေါင်းဆောင်တို့နှင့် တိုင်ပင်လေသည်။ ထိုနောက် သခင်အောင်ဆန်းသည် မြန်မာပြည်မှ တစ်ဖန် ထွက်ခွာသွား လေသည်။ ထိုအခါ ပြည်တွင်း၌ ကျန်ခဲ့သော မျိုးချစ်ခေါင်းဆောင်တို့က သခင်အောင်ဆန်း အပါအဝင် လူငယ်ပေါင်း ၃ဝ မျှကို စစ်သင်တန်းတက်ရန် ရွေးချယ်၍ တစ်သုတ်ပြီးတစ်သုတ် ဂျပန်နိုင်ငံသို့ လျှို့ဝှက်စွာ ပို့ခဲ့ကြ လေသည်။ ယင်းတို့သည်ကား နောင်အခါ ယိုးဒယားနိုင်ငံတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို ခေါင်းဆောင် ဖွဲ့စည်းခဲ့၍ ရဲဘော်သုံးကျိပ်ဟု အမည်တွင်သူများ ဖြစ်လေသည်။
    မဟာမိတ်တို့ကလည်း ပြည်သူ့တပ်မတော်ကို မျိုးချစ် တပ်မတော်ဟူသော အမည်ဖြင့် အသိအမှတ် ပြုကြသည်။ ထိုသို့အားဖြင့် ဂျပန်တပ်များသည် တောင်ဘက်သို့ တစ်ဆုတ်တည်း ဆုတ်ခဲ့ကြရလေရာ နောက်ဆုံး၌ ရန်ကုန်မြို့ကို ဧပြီလ ၂၃ ရက်နေ့တွင် စွန့်လွတ်လိုက်ရလေသည်။ မဟာမိတ်တပ်များသည်လည်း ဧပြီလ ၁ဝ ရက်နေ့တွင် ပဲခူးမြို့ကိုလည်းကောင်း၊ မေလ ၂ ရက်နေ့တွင် ရန်ကုန်မြို့နှင့် ပြည်မြို့တို့ကိုလည်းကောင်း ပြန်လည်သိမ်းပိုက်ခဲ့ကြသည်။ ဂျပန်တပ်တို့သည် မော်လမြိုင်မြို့ဘက်သို့ ဆုတ်ခွာ ထွက်ပြေး ကြလေသည်။ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဂျပန်တို့ လက်နက်ချအရှုံးပေးလေသည်။
    မျိုးချစ် ဗမာ့တပ်မတော်သည် မြန်မာနိုင်ငံတွင်း၌ ရှိနေသေးသော ဂျပန်တပ်သား အကြွင်းအကျန်တို့ကို ဆက်လက် ရှင်းလင်းရပြီးနောက် တော်လှန်ရေး ခေါင်းဆောင်များနှင့် အာရှအရှေ့တောင်ပိုင်း စစ်ဌာနချုပ်တို့ သဘောတူညီချုပ်ဆိုကြသော ကန္ဒီစာချုပ်အရ ဗြိတိသျှ အစိုးရ၏ မြန်မာ့ တပ်မတော်နှင့် ပူးပေါင်းခဲ့ကြသည်။
    ဗိုလ်ချုပ်အောင်ဆန်းသည်လည်း နိုင်ငံရေး ဆောင်ရွက်ရန် စစ်မှုထမ်း အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဗြိတိသျှတပ်ထဲသို့ မဝင်သူများက ပြည်သူ့ရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်း တည်ထောင် ကြလေသည်။
    မြန်မာပြည်ကို မဟာမိတ်တို့က ပြန်လည် သိမ်းပိုက်ပြီးနောက်တွင် ဗြိတိသျှအစိုးရသည် ကတ်စဘီခေါ် စစ်ဘက်မြို့ ပြအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့လေသည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပြီးလျှင် ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် စစ်မဖြစ်မီက အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၃၉ အရ မြန်မာပြည်ကို ပြန်လည်အုပ်ချုပ်လေသည်။ ထိုအုပ်ချုပ်ရေးမှာ မျိုးချစ်စိတ်အလွန်ပြင်းပြနေသော မြန်မာလူထုနှင့် မအပ်စပ်အောင် ဖြစ်လေသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသော နေသူရိန်လူထု အစည်းအဝေး၌ ဘက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလ)အဖြစ် ပြောင်းလဲခဲ့လေသည်။ ( ဖဆပလ။) ဖဆပလအလံတော် အောက်တွင် မြန်မာတိုင်းရင်းသား လူထုတစ်ရပ်လုံးသည် မကြုံဖူးအောင် စည်းလုံးညီညွတ်လျက်ရှိပြီးလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးကို အရယူရန် သွေးစည်းခဲ့ကြ လေသည်။ ( မြန်မာ့နိုင်ငံရေးသမိုင်း။)
    မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြု၍၊ စာရိတ္တ မြင့်မားမှုကို အခြေခံသော ပညာရေးစနစ်သစ်ကို တည်ထောင်လျက်ရှိ၍ အထူးသဖြင့် သိပ္ပံပညာကို ဦးစားပေးနေသည်။ တော်လှန်ရေးကောင်စီ၏ ပညာရေး ရည်မှန်းချက် ပန်းတိုင်သည် လူတိုင်း အခြေခံပညာကို သင်ယူနိုင်ခွင့် ရရှိရေးဖြစ်သည်။ အထက်တန်းပညာကို မီအောင် လိုက်နိုင်မည့် ကြိုးစားမှုရှိသူများကိုလည်း အထူးအားပေး၍ သင်ကြားခွင့် ပေးလျက် ရှိလေသည်။

ความคิดเห็น • 1