Myanmar Movie Trailer - အန္တရာယ်များသော ဧဝံဂေလိခရီး

แชร์
ฝัง
  • เผยแพร่เมื่อ 20 พ.ค. 2024
  • Myanmar Movie Trailer - အန္တရာယ်များသော ဧဝံဂေလိခရီး|True Testimony of a Christian Sharing the Gospel Amidst Persecution
    ရှူဆောင်အန်သည် အိမ်တွင်းအသင်းတော်တစ်ခုရှိ အကြီးအကဲတစ်ယောက်ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို သူ လက်ခံပြီးနောက်တွင် သူ၏ သင်းအုပ်ဆရာနှင့် တွဲဖက်အမှုဆောင်များအား စိတ်ထက်သန်စွာ ဧဝံဂေလိ ဟောကြားခဲ့သည်။ သို့ရာတွင် သူသည် အံ့ဩစွာပင် ၎င်းတို့၏ ရှုတ်ချမှု၊ ငြင်းပယ်မှုတို့ကို တွေ့ကြုံခဲ့ရသည်။ သင်းအုပ်ဆရာနှင့် အကြီးအကဲများ၏ သဘာဝအနှစ်သာရသည် သမ္မာတရားအား မုန်းတီးခြင်းနှင့် သမ္မာတရားအား စိတ်ကုန်ခြင်းဖြစ်သည်ဆိုသည်ကို ရှူဆောင်အန် မြင်ခဲ့ပြီး ဘာသာတရားထံမှ သူ့ကိုယ်သူ ပြတ်သားစွာ ခွဲထွက်ခဲ့သည်။ ထို့နောက်တွင် သူသည် တက်ကြွစွာဖြင့် ဧဝံဂေလိ ဖြန့်ဝေပြီး ဘုရားအတွက် သက်သေခံသည်။ နှစ်ဝက်အတွင်းတွင် ဘုရားရှေ့သို့ သူ၏ဦးဆောင်မှုအောက်၌ရှိသော ယုံကြည်သူ ၁၀၀၀၀ ကျော်ကို ခေါ်ဆောင်ခဲ့သည်။ ဤအတွက်ကြောင့် သူသည် ဘာသာရေးသင်းအုပ်ဆရာထံမှ ရန်လိုမှုကို ရင်ဆိုင်ရသည်။ ပြီးလျှင် ရဲသို့တိုင်ကြားခြင်းခံရပြီး ဖမ်းဆီးခံရသည်။ သူ၏ ပြစ်ဒဏ်ကို ကျခံနေစဉ်တွင် သူသည် ဘာသာရေးခေါင်းဆောင်လီမူကွမ်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့နှစ်ယောက်သည် ချက်ချင်းခင်မင်ရင်းနှီးသွားပြီး ထောင်ထဲတွင် အချင်းချင်းမကြာခဏ ပံ့ပိုးပြီး မိတ်သဟာယဖွဲ့ကြသည်။ ရှူဆောင်အန်သည် လီမူကွမ်အား ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို အလွန်ပင် သက်သေခံလိုသည်။ သို့သော် ထောင်ထဲတွင် ၎င်းတို့ကို အလွန်နီးကပ်စွာ စောင့်ကြည့်ခြင်းခံရသည်။ လီမူကွမ်သည် သူ၏ ပြစ်ဒဏ်ပြီးဆုံးပြီး ထောင်မှထွက်ရလုနီးနီးရှိနေပြီလည်း ဖြစ်သည်။ ရှူဆောင်အန်သည် အလေးအနက်စဉ်းစားပြီး အန္တရာယ်များသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ သူသည် လီမူကွမ်အား ဧဝံဂေလိ မျှဝေရန်အတွက် ထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ထောင်မှအောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်မည်လား။ သူသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိကို ဆက်လက်၍ ဖြန့်ဝေပြီး သက်သေခံနိုင်မည်လား။ သိရှိရန်အတွက် အန္တရာယ်များသော ဧဝံဂေလိခရီးတစ်ခု ကို ကြည့်ရှုပါ။
    ကျေးဇူးပြု၍ မှတ်သားရန်- ဤချန်နယ်လ်မှ ဗီဒီယိုများအားလုံးကို အခမဲ့ကြည့်ရှုနိုင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ TH-cam ချန်နယ်လ်မှ မည်သည့် ဗီဒီယိုကိုမဆို ကြိုတင်ခွင့်ပြုချက် မရှိဘဲ၊ သီးခြားပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အုပ်စုက တစ်စုတစ်လေက ကူးယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ကွန့်ခြင်း သို့မဟုတ် ကောက်နုတ်ခြင်းတို့ကို အထူးတလည် ရည်ရွယ်၍ တားမြစ်ထားပါသည်။ ဤစည်းမျဉ်းစည်းကမ်း တစ်ခုတစ်လေကို ချိုးဖောက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်ခွင့်ရှိပါသည်။ လူသိရှင်ကြား ဖြန့်ဝေခြင်းအတွက် ကြိုတင်တောင်းဆိုရန် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ ဆက်သွယ်ပါ။

ความคิดเห็น •