ဆွမ်းတော်ကပ်ရင် မှားတတ်ကြတဲ့ - dhammabkk

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • ဓမ္မ မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ဗုဒ္ဓဘာသာ ဖြစ်ပေါလာပုံ အ‌ကြောင်းများ
    ဗုဒ္ဓဘာသာဝင်တိုအနေနဲ့
    ဆွမ်းတော်ကပ်ကြတဲ့အခါမှာ ဘာတွေမှားတတ်ကြသလဲ၊ ဘာတွေမှားနေကြသလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
    ဒီလိုသိရှိသွားမှလည်း ကုသိုလ်ပိုပြီး
    တိုးပွားလာနိုင်မယ်မဟုတ်ပါလားဗျ။
    ဒါကြောင့်အစီအစဥ်လေးကို အဆုံးထိ
    ကြည့်ရှုနားဆင်ပေးကြပါလို တိုက်တွန်းအပ်ပါတယ်နော်။
    ဆွမ်းကပ်တယ်ဆိုတဲ့အတိုင်း မြတ်စွာဘုရားကို ဒီဆွမ်းဟင်း
    ကပ်လှူကြောင်းလျှောက်ထားရပါမယ်။
    မိတ်ဆွေတို ပန်းကန်တင်လိုက်ရုံနဲ့
    ဘုရားကဘယ်လိုဘုန်းပေးနိုင်ပါ့မလဲ။
    ကပ်လှူကြောင်းသိရှိပြီးလက်ခံမှ
    ဘုန်းပေးလိုရနိုင်မယ်မဟုတ်ပါလားဗျ။
    ဒါကြောင့် သက်ရှိထင်ရှားဘုရားရှင်ကို
    ဆွမ်းကပ်နေရသလို စေတနာပါပါနဲ့
    ကပ်လှူသင့်တယ်လိုပြောရတာပါ။
    သောက်တော်ရေပြီးရင်တော့ မှားတတ်ကြတဲ့အမှားတစ်ခုက သစ်သီးဆွမ်းပဲဖြစ်ပါတယ်။ သစ်သီးတွေကိုရေဆေး၊
    ပန်းကန်ပြားပေါ်ကို လှအောင်တင်လိုက်ပြီး
    ကျနော်တိုအများစုကပ်တတ်ကြပါတယ်။
    မသိဘဲလွဲလိုက်မိတဲ့ဒီအရာကိုသေချာတွေးကြည့်လိုက်ပါ။
    မြတ်စွာဘုရားဘယ်လိုဘုန်းပေးနိုင်ပါ့မလဲ။
    ဥပမာအားဖြင့်... လိမ္မော်သီးဆိုရင်
    အခွံခွာဖိုလိုအပ်ပါတယ်။
    မြတ်စွာဘုရားဘာသာခွာလိုက်ပါလို
    မပြောရုံတမယ်ကပ်မိလိုက်ကြတာမျိုးပါ။
    ပြီးရင်တော့ သစ်သီးဆွမ်းကိုစွန့်ပြီး
    ကိုယ်တိုင်စားဖိုအတွက်ကျတော့ အခွံခွာလိုက်ကြပါတော့တယ်။
    #dhammabkk
    #ဆွမ်းတော်ကပ်ရင်
    #ဆွမ်းတော်ကပ်ရင်မှားတတ်ကြတဲ့
    #ဓမ္မ
    #ဗုဒ္ဓဘာသာ
    #ဗုဒ္ဓဘာသာဖြစ်ပေါလာပုံအ‌ကြောင်းများ

ความคิดเห็น • 140