Monjam သို့ တစ်ညတာ

แชร์
ฝัง
  • เผยแพร่เมื่อ 3 ต.ค. 2024
  • Monjan သို့ တစ်ညတာ
    Video By - Travel Jack
    ဒီတစ်ပတ်မှာတော့ Travel တစ်ယောက် ချင်းမိုင်က နာမည်ကျော်ကြားလှတဲ့ အပန်းဖြေစခန်းတွေတည်ရှိရာ ပန်းခင်းတွေ လည်ပတ်စရာအစုံနဲ့ တောင်ပေါ်ဘန်ဂလိုလေးတွေရှိတဲ့ Monjan ကို တစ်ညတာ သွားရောက်လည်ပတ်ခဲ့ပါတယ်။
    ထုံးစံအတိုင်း ဆိုင်ကယ်နဲ့ပဲသွားတာဖြစ်ပြီး တစ်နာရီသာသာလောက်သာ မောင်းရပါတယ်။ လမ်းမှာလည်း ဝင်ရောက် လည်ပတ်စရာတွေ ရှိနေတာမို့ Travel Jack ကတော့ လေးနာရီလောက်အချိန်ယူလိုက်ပါတယ်။
    ပထမဆုံး ဝင်ရောက်လည်ပတ်တဲ့နေရာက ပန်းခင်းတွေဆီပါ။ ခရမ်းရောင်ပန်းခင်းကြီးတွေရှိတဲ့ I Love Flower Farm ကိုပါ။
    နံနက် ၈ ခွဲလောက်ရောက်သွားတာတောင် ကျနော်တို့ရှေ့မှာ လူတွေက ရောက်နှင့်နေပါပြီ။ ဝင်ကြေးတစ်ယောက်ကို ဘတ် ၁၂၀ ပေးရပြီး အထဲမှာတော့ ပန်းခင်းနဲ့ဓါတ်ပုံရိုက်သူတွေ ၊ Pre-welding လာရိုက်သူတွေနဲ့ စည်ကားချက်ပါပဲ။
    င်ကြေးတစ်ယောက်ကို ဘတ် ၁၂၀ ပေးရပြီး အထဲမှာတော့ ပန်းခင်းနဲ့ဓါတ်ပုံရိုက်သူတွေ ၊ Pre-welding လာရိုက်သူတွေနဲ့ စည်ကားချက်ပါပဲ။
    အဲဒီမှာ တစ်နာရီလောက် အနားယူ လှည့်ပတ်ဓါတ်ပုံရိုက်ပြီးတာနဲ့ မဲ့ရင်လမ်းဆုံကနေတစ်ဆင့် Samoeng Looop တောင် ပတ်လမ်းကနေ တက်ခဲ့ပါတယ်။
    လမ်းမှာ တောင်စောင်းနံဘေး ကော်ဖီဆိုင်လေးတစ်ခုမှာ ရူခင်းကြည့်ရင်း နေ့လည်စာ စားကာ ကော်ဖီလည်းသောက်ခဲ့တယ်။
    ဆိုင်ကယ်နဲ့ ထပ်ထွက်လာပြီး ၁၅ မိနစ်လောက်အကြာ Monjan မရောက်ခင်လေးနားက Pong Yaeng Jungle Coaster & Zipline ကိုလည်း ဝင်ရောက်ခဲ့ပါတယ်။
    ကားစီးတာ သစ်ပင်တွေ တစ်ပင်ကနေတစ်ပင် ကြိုးနဲ့တွဲကာ စက်ဘီးစီး ၊ Zipline စီးတာတွေ အစုံပါပဲ။
    အဲဒီကနေ ၁၅ မိနစ်လောက် တောင်တက်လမ်းကို ဆိုင်ကယ်မောင်းထွက်ခဲ့တာနဲ့ တစ်ညတာ အနားယူမယ့် Monjan ထဲက တောင်ပေါ်ဘန်ဂလိုဆီရောက်ရှိပါတော့တယ်။
    တောင်စောင်းဘေးမှာ အဖြူရောင် ဘန်ဂလိုလေးတွေ စီတန်းထားပြီး ပန်းခင်း တွေနဲ့ အလှဆင်ထားတာဟာ ခရီးပန်းလာသမျှ အမောပြေသွားစေပါတော့တယ်။
    ညစာအနေနဲ့ မိုကထအကင်တစ်အိုးကို ဘတ် ၅၀၀ ပေးရပြီး နှစ်ယောက်အဝစားလို့ရပါတယ်။
    စျေးနူန်းအနေနဲ့နှစ်ယောက်စာဆိုရင် ကိုယ်လည်ပတ်ချင်သလောက် ကုန်ကျမှာဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် နှစ်ယောက်စာကို ဘတ် ၂,၅၀၀ ခန့်ကျသင့်မှာပါ။
    ခရီးဝေးလည်းမသွားချင်ဘူး ။ နီးနီးနားနားမှာပဲ အပန်းဖြေချင်သူတွေအတွက် ခရီးစဉ် တစ်လျှောက်သွားခဲ့ပုံတွေကို Travel Jack က မျှဝေလိုက်ရပါတယ်။
    #ILoveFlower
    #PongYaengJungleCoaster&Zipline
    #Monjan
    #ChiangMai
    #ThaiLand
    #TravelJack

ความคิดเห็น •