စစ်တပ်ရဲ့တတ်နိုင်စွမ်းအားကို နိုင်ငံတကာ ဝိုင်းဝန်းလျှော့ချဖို့ ပါမောက္ခရှောင်တာနယ် ဆော်ဩ

แชร์
ฝัง
  • เผยแพร่เมื่อ 29 ก.ย. 2024
  • စစ်တပ်ရဲ့တတ်နိုင်စွမ်းအားကို နိုင်ငံတကာ ဝိုင်းဝန်းလျှော့ချဖို့ ပါမောက္ခရှောင်တာနယ် ဆော်ဩ
    စစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ဆိုတာ စစ်တပ် ပြောင်းလဲ လာမလား ... စစ်တပ် ကျူးလွန်နေတာတွေ ကိုယ်ရှိန်သတ် သွားမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ဆောင်ရတာ မဟုတ်၊ စစ်တပ်ရဲ့ စစ်ရေး တတ်နိုင်စွမ်းအားကို တကယ် လက်တွေ့ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဩစတြေးလျ ဘောဂဗေဒ ပညာရှင် ပါမောက္ခ ရှောင်တာနယ်က ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောဆိုပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အထူးအကြံပေး ပါမောက္ခ တာနယ်ဟာ မြန်မာအကျဉ်းထောင်ထဲ ၂ နှစ်နီးပါး နေခဲ့ရပြီး လွတ်မြောက်လာခဲ့တဲ့နောက် လတ်တလောမှာပဲ An Unlikely Prisoner ဆိုတဲ့ ခေါင်းစဥ်နဲ့ ထောင်တွင်း အတွေ့အကြုံတွေကို စာအုပ်ရေးသား ထုတ်ဝေထားပါတယ်။
    ဒီနှစ်နှောင်းပိုင်းမှာပဲ နောက်ထပ် စာအုပ်တစ်အုပ်လည်း ထုတ်ဝေဖို့ ရှိနေပြီး သူရေးလက်စ ပြီးစီးလုနီး ဖြစ်နေပြီလို့ လန်ဒန်မြို့ ဘီဘီစီရုံးချုပ် ရှိရာ မတ်လ ဆန်း ပထမပတ်ထဲ ရောက်လာခဲ့တဲ့ ပါမောက္ခတာနယ်က ပြောဆိုပါတယ်။ အဲဒီစာအုပ်ကတော့ ပညာရပ်ပိုင်း ပိုဆန်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လက်ထက် ချမှတ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံတွေ အကြောင်း ဖြစ်တယ်လို့ ပါမောက္ခ တာနယ်က ဆိုပါတယ်။
    “ကိုဗစ်ကမ္ဘာ့ကပ်ဘေးကို ရင်ဆိုင်ရချိန် လိုက်လျောညီထွေ ဖြစ်စေမယ့် ရဲဝံ့ခိုင်မာတဲ့ စီမံကိန်း အသစ်တစ်ရပ်ကို စီးပွားရေး နလံထူ ခိုင်မာရေးနဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းစဥ်နဲ့ ရေးသားနေခဲ့တာမှာ ဒီကနေ့ ပြီးဆုံးတယ်ဆိုရင် နောက်ရက် အာဏာသိမ်း ခံလိုက်ရတာပဲ"
    "စစ်တပ်ကလည်း NLD အစိုးရလက်ထက် ဆောင်ရွက်ခဲ့တာတွေကို အစဖျောက်ဖို့ ကြိုးစားနေတဲ့ အတွက် မှတ်တမ်းမှတ်ရာ အနေနဲ့ ကျန်ခဲ့စေလိုတာက တစ်ကြောင်း၊ မြန်မာ့နိုင်ငံရေး မြင်ကွင်းမှာ စစ်တပ်ကွယ်ပျောက်သွားချိန် အနာဂတ် မြန်မာပြည်အတွက် ဆက်လက် ဆီလျေော် အသုံးတည့်မှာ ဖြစ်လို့ကတစ်ကြောင်း Best Laid Plans ဆိုတဲ့ ခေါင်းစဥ်နဲ့ စာအုပ်ရေးသား နေတယ်” လို့ ပါမောက္ခတာနယ်က ဘီဘီစီမြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။
    သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံတွေဟာ သူ့ရဲ့ လူသားဝါဒ အပေါ် ယုံကြည်မှု အမြင်ကို တစုံတရာ အပြောင်းအလဲ ဖြစ်စေခဲ့လား ဆိုတာက အစ၊ ဒေါ်အောင်ဆန်းစုကြည်လက်ထက် ကျောက်ဖြူရေနက် ဆိပ်ကမ်း နဲ့ အထူး စီးပွားရေးဇုန် စီမံကိန်းကို စာချုပ် ပြင်ဆင် ချုပ်ဆိုဖို့ တရုတ် အစိုးရနဲ့ကြား အောင်မြင်အောင် ညှိနှိုင်းနိုင်ခဲ့တဲ့ ဖြစ်ရပ် အပါအဝင်၊ NUG နဲ့ကြား သူ့အနေနဲ့ လက်ရှိ ဘာတွေ ပူးပေါင်း လုပ်ဆောင်နေလဲ ဆိုတာတွေကို ပါမောက္ခ တာနယ်က ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုထားပါတယ်။
    ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး တွေ့ဆုံ မေးမြန်းပြီး သတင်းမြင်ကွင်း အစီအစဥ်အနေနဲ့ တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

ความคิดเห็น • 248

  • @LalZamLiana-w9c
    @LalZamLiana-w9c 6 หลายเดือนก่อน +9

    Professor Sean Turnell is a remarkable & irreparable economist for Myanmar.
    Plus this interview is proof that he is an extremely humble & honest person!

    • @zawwai8966
      @zawwai8966 6 หลายเดือนก่อน

      Very very nice to see you,Mr.Sean.

  • @KKii-nc9dg
    @KKii-nc9dg 6 หลายเดือนก่อน +43

    အရမ်းအားရပါတယ်
    မျိုးဆက်သစ်လူငယ်တွေရဲ့ကြိုးစားအားထုတ်မူ့အတွက်သိမှတ်ပြု့ပါတယ်
    ကြိုးစားပါမြန်မာနိူင်ငံကြီးငြိမ်းချမ်းသာယာပြီးစီးပွားရေးစနစ်ခိုင်မှာပါစေ။

  • @thwinaung123
    @thwinaung123 6 หลายเดือนก่อน +3

    Thanks a lot Mr Sean.

  • @MyoZinWin-c9y
    @MyoZinWin-c9y 6 หลายเดือนก่อน +4

    ကောင်းလိုက်တဲ့ interview

  • @EiKyawEiKyaw-c7q
    @EiKyawEiKyaw-c7q 6 หลายเดือนก่อน +5

    သူကတကယ့်ပညာရှင်ပါ

  • @kokopaukpauk7829
    @kokopaukpauk7829 6 หลายเดือนก่อน

    မြန်မာနိုင်ငံ ရဲ့ စီးပွားရေး အကြံပေး
    ဘယ်စီးပွားရေး မှ မတိုးတတ်ခဲ့ဘူး

  • @EiKyawEiKyaw-c7q
    @EiKyawEiKyaw-c7q 6 หลายเดือนก่อน +29

    အိုကေပါ မစ္စတာ မြတ်မာ့စီးပွားရေးပြန်လည်ရွက်ဆောင်နိုင်ပါစေ
    ခင်ဗျားရဲ့စေတနာကိုတော့တကယ်လေးစားတယ်ဗျာ😊❤

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 6 หลายเดือนก่อน

    ဆယ်မြောင်းတွေကောင်ပြိးလုံလောက်တဲ့ရေခွဲဝေသုံးစွဲနိုင်ရေးတွေကလည်းလိုအပ်နေတုံးပါဘဲအခုဆိုဗမာပြည်နယ်တွေမှာအိမ်တွေမိးရှို့လို့အိမ်တွေပျက်စိးဆုံးရှုံးနေကြရပြိးနေစရာအတော်များများပျောက်ဆုံးနေကြရပါတယ်

  • @thethat848
    @thethat848 6 หลายเดือนก่อน +42

    ကျေးဇူးပါ ရှောင်ရေ နောင်တစ်ချိန် သာယာဆိုပြေတဲ့အချိန်မှာ ပျော်ရွှင်မူတွေနဲ့ ပြန်ဆုံကြမယ် မြန်မာပြည်ကြီးနဲ့ပေါ့🙏❤

    • @koawngnyein
      @koawngnyein 3 หลายเดือนก่อน

      လူသားဆန်တဲ့ ရှောင်တာနယ်လိုပုဂ္ဂိုလ်မျိုးက အင်မတန်လေးစားစရာပါပဲ။

  • @uzin3906
    @uzin3906 6 หลายเดือนก่อน +28

    **ဤဆွေးနွေးစကားတွေကိုကမ္ဘာကြီးသိအောင်မျှဝေပေးကြပါ...❤❤❤

  • @yinyinthant579
    @yinyinthant579 6 หลายเดือนก่อน +8

    နားထောင်ကြစမ်း​ေဘာမလူယုတ်မာငပိန်းတို့နင်တို့အဘတွေဘယ်လောက်တိုင်းပြည်ကိုဒုက္ခပေးထားလဲ😡တို့အမေကဘယ်လောက်တိုင်းပြည်ကိုဘယ်လောက်ချစ်မြတ်နိုးလဲ🥺

    • @naingaung2304
      @naingaung2304 6 หลายเดือนก่อน +1

      အဲ့လူက နိုင်ငံ စီးပွားဖျက်သူလျှိုတဲ့ ။ သူအတွင်းကြကြ ဝင်တားခဲ့တဲ့ စီမံကိန်းတွေဟာ ဘယ်ဟာတွေလည်း သိရင် ကို ဒီလိုမပြောပါဘူး။

  • @rubyjunrose6522
    @rubyjunrose6522 6 หลายเดือนก่อน +5

    မြန်မာပြည်ကိုစေသနာအပြည့်ထားခဲ့တဲ့ ရှောင် ကိုလေးစားကျေးဇူးတင်ပါတယ်ဆိုတာကိုယ်တိုင်ပြောခွင့်ရခဲ့တာကိုဂုဏ်ယူပါတယ်။ တနေ့မှာပြန်လာနိုင်ပါစေ။❤

  • @bagyishein1238
    @bagyishein1238 6 หลายเดือนก่อน +7

    ပါမောက္ခရှောင်တာနယ်ရဲ့ခြုံငုံသုံးသပ်တတ်ပုံကခေတ်နောက်ကျနေတဲ့ကျုပ်တို့နဲ့ဘယ်လောက်အလှမ်းကွာနေပြီလဲဆိုတာမီးမောင်းထိုးပြသလိုပါဘဲလား။

  • @yeyemk5740
    @yeyemk5740 6 หลายเดือนก่อน +3

    ကျွန်တော်တို့လေးစားရတဲ့ လူထုခေါင်းဆောင်ဆိုတာ ဒါပါပဲ။ တည်ကြည်တယ်၊ရဲရင့်တယ်၊ယုံကြည်မှုရှိတယ်၊မေတ္တာထားတယ်၊ပြည်သူ့မျက်နှာကိုပဲကြည့်တယ်။ မတရားဘူးထင်ရင် သူ့ဟာသူဘာ‌ကြီးဖြစ်နေနေ No ဆိုပြီးပြန်ပြောရဲတယ်။ ချုပ်ဆိုပြီးသားစာချုပ်ကနေ အကြွေးနွှံ 10 ဘီလီယံ တင်မယ့်အရေးကို 1 ဘီလီယံအထိ လျော့ချနိုင်ခဲ့တယ် ဆိုတာ နည်းတဲ့ပမာဏမဟုတ်ပါဘူး။ အာဏာရှင်စနစ်ကျဆုံးပြီးအလွန် နိုင်ငံကိုပြန်လည်ထူထောင်တဲ့နေရာမှာ ထိပ်ပိုင်းကပါကျမယ့် လူကြီး/လူငယ် မရွေး ပါမောက္ခရှောင်တာနယ်ရဲ့ ဒုတိယ ထွက်မယ့်စာအုပ်ကို အလုအရက်နဲ့ ဝယ်ဖတ်ထားစေချင်တယ်။ထက်မြတ်တဲ့ခေါင်းဆောင်ကောင်းမလို့ နှစ်ဟောင်းရဲ့ နောက်ဆုံးရက်မှာ နောက်ထပ် ငါးနှစ်သက်တမ်းရဲ့ plan တွေကို ချမှတ်ပြင်ဆင်ထားပြီးသားဖြစ်တယ်။
    ကဲ.. ပြီးတော့ နည်းနည်းတော့ဆဲဦးမယ်😎
    မအေ loe သိန်းစိန်😈။သိန်းစိန်က ဒါနဲ့များ စီးပွားရေးအကြံပေး ရှောင်တာနယ်ကို ငှားတာ... အရည်အချင်းမရှိတဲ့အစိုးရမို့ ပြည်ပအားကိုးအစိုးရမို့တဲ့😅 သူတို့လက်ထက်တုန်းက ဘာအကြံပေးမှငှားစရာမလိုဘူးဆိုပြီး ပါတီဟောပြောပွဲမှာ ဂုဏ်ထဆာလိုက်သေးတယ်။
    မအေ loe သိန်းစိန် သူခိုးက ဆင်းခါနီး မြန်မာနိုင်ငံက စီးပွားရေးလုပ်ကွက်အကုန်လုံးကို တတ်နိုင်သမျှ အောက်ကြေးနဲ့ စာချုပ်လိုက်ချုပ်ပြီး ဆင်းလဲဆင်းရော သမ္မတအိမ်ဖြူတော်က ဗိုလ်ထိုင်အိမ်သာခွက်တောင် ဖြုတ်သယ်သွားတဲ့ကောင်က.... ထွီ🤮... ပြောလိုက်ရင်တော့ နိုင်ငံကို တစ်လက်မတောင် အထိမခံဘူးတဲ့ လိုအပ်ရင် နံရိုးကိုပါဖြုတ်ပြီး တိုင်းပြည်ကိုခြံစည်းရိုးခတ်ဦးမတဲ့😂 လုပ်ရပ်က ကျောက်ဖြူရေနက်ဆိပ်ကမ်းလုပ်ကွက်ကို အကြွေး 10 ဘီလီယံနဲ့ထားခဲ့ပြီး သီရိလင်္ကာလို တရုတ်လက်ထဲထိုးအပ်ရမယ့်အဖြစ်မျိုးလုပ်ခဲ့တာ။2010 မှာ NLD ဝင်မပြိုင်လို့သာ သိန်းစိန် သမ္မတဖြစ်လာတာ နိုင်ငံနဲ့လူထု‌အပေါ်ထားတဲ့ စိတ်စေတနာကတော့ မွဲပြာကျနေတာပဲ။ ခိုးဖို့လောက်ပဲသိတယ်😤 ခိုးတဲ့နေရာမှာတော့ ဦးသိန်းစိန်မပြောနဲ့ သူ့ပါတီဝင်တွေကအစ သူခိုးတွေကြီးပဲ ဘယ်လောက်ထိခိုးတုန်းဆိုရင် ထရံကြားထဲညှပ်ထားတဲ့ ဆံပင်ကျွတ်ကစလို့ ရွာကအများပိုင် ရေစက်က ဂွပါခိုးတဲ့ကောင်တွေ။ပါတီအင်အားပြဖို့လဲ နေ့စားနဲ့ခေါ်ရ ပါတီအစည်းအဝေးတက်ဖို့လဲ နေ့စားနဲ့ခေါ်ရ
    ကိုယ့်အိတ်ထဲကဘာမှမပါဝင်ချင်တဲ့ လူ့သူခိုးတွေ... အလကားရရင် တောမီးကိုချွေးပျံအောင်လှုံပြီး စာမတတ် ပေမတတ် ကိုယ့်နာမည် "စိန်မောင်" ဆိုတာကိုတောင် "စိ န မော" လို့‌ထောက်ခံစာမှာရေးပေးတဲ့သူမျိုးတွေ။ ဥက္ကဌကို ငှက္ကဌ တဲ့🤣
    အခု စစ်မှုထမ်းဥပဒေပြဌာန်းတော့ ပြည်ခိုင်ဖြိုးပါတီက သူ့ပါတီဝင်တွေရှိတယ်ဆိုပဲ😆 ဟုတ်မှလဲလုပ်ပါ မောင်ကာလုရာ ဆန္ဒပြတာတောင် ပိုက်ဆံပေးခေါ်မှလိုက်တဲ့သူတွေက စစ်မြေပြင်မှာ ဘဘအတွက် အသက်ကိုအလကားပေးဦးမတဲ့လား😆 ဟဟ ရယ်ရတယ်နော်😆 အူတိ အူကြောင် ကောင်တွေမို့လို့သာပါရင်ပါသွားမှာ ရှင်းရှင်းလင်းလင်းသာပြောပြီးခေါ်ကြည့် အဲ့ကောင်တွေလောက် အချောင်ကြိုက်တာနဲ့ အဲ့ကောင်တွေလောက် ကြောက်တတ်တာမရှိဘူးရယ်🤣🤣🤣မအေ loe သူခိုးများ ဦးသိန်းစိန်မသေသေးရင် ဒီသတင်းပြပေးပါဦး။ရခိုင်မှာ ဦးသိန်းစိန်နာမည်နဲ့ အမည်ပေါက်ထားတဲ့ မြေကွက်တွေ ရခိုင်ကလွှဲပေးဖို့စောင့်နေတယ်ဆိုတာလေးလဲ အားရှိသွားအောင်ထည့်ပြောပေးဦး😆

    • @zinminoo4760
      @zinminoo4760 6 หลายเดือนก่อน

      ဟုတ်တယ်ဗျာ သိပ်မှန်တယ်ဗျာ

    • @eaineain8663
      @eaineain8663 6 หลายเดือนก่อน

      အမှန်တွေချည်းပဲ❤❤❤❤

  • @kimnu7352
    @kimnu7352 6 หลายเดือนก่อน +33

    တန်ဖိုးရှိတဲ့လူသား ရှောင် ကျန်းမာပါစေ❤

  • @boisnaudchocho7406
    @boisnaudchocho7406 6 หลายเดือนก่อน +13

    I want to thank you very much for everything, you have done for my country. I wish you a long live and healthy sir.!🙏

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 6 หลายเดือนก่อน +1

    မြစ်ဆုံစိမံကိန်းကပြည်သူလူထုစိုက်ပျိုးရေးထိခိုက်နိုင်တဲ့အတွက်ပြည်သူတွေကသိပ်မနှစ်မျြို့ကပါဘူးအခြားမြစ်ကြကာင်းကိုလုပ်လြိုကပါတယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့ရေအားလျှပ်စစ်ကလိုအပ်ချက်ရှိနြေကတာဆိုတော့စာချုပ်ခိုင်လုံအောင်ချုပ်ဆိုမသာဒိလုပ်ငန်းကိုလုပ်ရမယ့်သဘောမှာမြန်မာပြည်အတွက်အကျိုးကျေးဇူးရေရှည့်နိုင်မသာလုပ်ဆောင်သင့်ပြိးအကျိုးတူလုပ်ပိုင်ခွင့်ရရှိမယ်ဆိုရင်တော့မြန်မာပြည်သူတွေအားလုံးလက်ခံဖေါ်ဆောင်သင့်တယ်လို့မြင်မိပါတယ်ဒိလုပ်ငန်းစဉ်ဟာရေရှည်အကျိုးဆက်အကျိုးပြုလုပ်ငန်းဖြစ်လို့နိုင်ငံလုံးဆိုင်ရာရေအားလျပ်စစ်အာမခံနိုင်ဘို့လိုအပ်ပါတယ်မြန်မာလယ်ယာရေပေးဝေအောင်တာဝန်ယူမူ့တာဝန်ခံမူ့ထားရြှိကရမှာပါငွေမယူဘဲလုပ်ငန်းရရှိမူ့အပေါ်လုပ်ငန်းနဲ့ထားရှိရယူနိုင်ရေးကသာအကျိုးပိုရှိစေမယ်လို့မြင်မိပါတယ်နောက်နခုကရေကာတာထားရှိမူ့‌ေြကာင့်ရေ‌ေြကာင်းကောင်းစေအောင်အာမခံထားရှိရေးများလိုအပ်ပါတယ်ဆယ်မြောင်းမြစ်‌ေြကာင်းကထုတ်လုပ်ရယူမူ့များရေမြေနဲ့ပတ်သက်တဲ့အခြားအခွင့်အရေးများပါအကျိုးဝင်အောင်စာချုပ်ပါဝင်ဘို့လိုပါတယ်လိုမြင်မိပါတယ်

  • @ZinKo-r6q
    @ZinKo-r6q 6 หลายเดือนก่อน +8

    တကယ်ကိုကောင်းတဲ့ မေးမြန်းခန်းပါပဲ

  • @vibovivo8905
    @vibovivo8905 6 หลายเดือนก่อน +3

    ဟုတ်BBC ရယ် ဒီလို မေးမြန်းပြီး ပြည်သူပြည်သား နားထောင်ရလို့အထူကျေးဇူးတင် ရှိပါတယ် ပြီးတော့ ရှောင်ရင်ကိုလဲ မြန်မာ အတွက်အကြံဥာဏ်တွေး ဆွေးနွေးခြင်းတွေ နောက်နှောင်မာလဲ မြန်မာပြည်သားတစ်ယောက် အနေနဲ အမြဲတမ်း ကြိုဆိုပါတယ် သတင်းသမားရော ရှောင်ရင်ရော ကမ္ဘာသူကမ္ဘာသား အားလုံး ကျမ်းမာ ပျော်ရွှင် မြန်မာပြည် အေးချမ်း ဘေးရင် ကင်းဝေးပါစေလို့ ဆုတောင်း မေတ္တာ ပိုးသလိုက်ပါတယ် အားလုံး ကျမ်းမာကြပါစေ

  • @yuyhein6714
    @yuyhein6714 6 หลายเดือนก่อน +12

    အရမ်းကိုမှန်ကန်ပီးနှစ်သက်လှပါတယ်

  • @strange7284
    @strange7284 6 หลายเดือนก่อน +7

    BBC.ခင်ဗျာ.စာအုပ်ထွက်ရင်.မြန်မာ.ဘာသာပြန်.ထုတ်ပေးပါ

  • @aungmyatzaw3321
    @aungmyatzaw3321 6 หลายเดือนก่อน +7

    ကျေးဇူးအများကြီးတင်မိပါတယ် ရှောင်ရယ် သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်

    • @thuyaaung1661
      @thuyaaung1661 6 หลายเดือนก่อน +2

      အေ့ကွာ

  • @celineceline4205
    @celineceline4205 6 หลายเดือนก่อน +3

    ကျေးဇူးအထူးတင်ပါတယ်ရှောင်တို့မိသားစုကျမ်းမာပါစေ

  • @thukha6070
    @thukha6070 6 หลายเดือนก่อน +11

    We lover you Sean! Thank you so much for your inputs and contribution to Myanmar! Cheers!

  • @JastsMi
    @JastsMi 6 หลายเดือนก่อน +4

    😮ကျနော့အဖွဲ့ကတော့ မအလ၏ မိသားစာကိုသုတ်သင်ဖို့ကြိုးစာနေပါတယ် ok

  • @naisoe
    @naisoe 6 หลายเดือนก่อน +2

    မြန်မာလူမျိုး ပြီပြီ မေးမြန်းတဲ့အခါမှာ သင့်ရဲ့ ကိုယ်ဟန်အမူရာပါ ရယ်ကျေးစေခြင်တယ် အန်ကယ် ရှောင့်ကို မေးမြန်းတဲ့အခါမှာ ခြေတစ်ချောင်းပေါ် တစ်ချောင်းတင်ပြီ မေးခဲ့တဲ့ ပုံစံကိုတော့ မကြိုက်ဘူး

    • @ThidaLwin-n9g
      @ThidaLwin-n9g 6 หลายเดือนก่อน +1

      အဲကောင် ဒေါင့်မကျိုးဘူး။

    • @kyawhtay9404
      @kyawhtay9404 6 หลายเดือนก่อน

      Don't worry. He is a real Burmese!Thank you.

  • @waiyanoo-ot9pv
    @waiyanoo-ot9pv 6 หลายเดือนก่อน +21

    လေးစားပါတယ် Mr ရှောင်ရေ တစ်နေ့ပြန်လာနိုင်ပါစေ

  • @liandal9718
    @liandal9718 6 หลายเดือนก่อน +4

    ဒီအကြောင်း မအလ နဲ့ အပေါင်းအပါ ဦးနှောက် က မီ မှာမဟုတ်ပါ

    • @thanwin635-ri1kb
      @thanwin635-ri1kb 6 หลายเดือนก่อน

      မအလနှင့် အပေါင်းပါတွေမှာ လိပ်ဥနောက်လောက်ဘဲရှိတာ

  • @misukizzzzz8929
    @misukizzzzz8929 6 หลายเดือนก่อน +10

    ကျေးဇူးတင်ပါတယ်
    မြန်မာပြည်ကြီးအောင်မြင်တိုးတက်ပါစေ

    • @thuyaaung1661
      @thuyaaung1661 6 หลายเดือนก่อน +1

      အဲ့လို ဘဲ

  • @yinyinthant579
    @yinyinthant579 6 หลายเดือนก่อน +1

    ကျေးဇူးအထူးတင်ပါတယ်ရှောင်ရေ❤ညီမတို့ကိုအများကြီးချစ်ပေးတဲ့အတွက်အားတွေအများကြီးရှိပါတယ်လို့တလေးတစားပြောလိုပါတယ်❤

  • @NuNuWai-g9v
    @NuNuWai-g9v 6 หลายเดือนก่อน +7

    လေးစားပါတယ် မစ္စတာရှောင်

  • @myacherryaung22
    @myacherryaung22 6 หลายเดือนก่อน +1

    နားထောင်ရတာ အရမ်း ကျေနပ်ဂုဏ်ယူမိပါတယ် Mr ရှောင်တာနယ်ရဲ့ မြန်မာပြည်နဲ့ ပြည်သူတွေ ပေါ်ထားတဲ့ စေတနာကို အထင်းသား မြင်မိပါတယ် အမေစုရွေးချယ်ခဲ့တာအရမ်းကို တန်ဖိုး ရှိပြီး ပညာရှိပီသလှပါတယ်
    ဆရာရဲ့ စာအုပ်တွေကို မြန်မာပြန်နဲ့ လည်း ထွက်စေချင်ပါတယ်

  • @heinkaunghein6849
    @heinkaunghein6849 6 หลายเดือนก่อน +1

    တိုင်းပြည် တိုးတက်စရာ မလို
    အဘတို့ အာဏာ စီးပွားရေး
    ပြည့်စုံ ဘို့က အဓိက
    ဒါ့ကြောင့် အာဏာရူးပြီး
    အာဏာ သိမ်းရခြင်း ပဲ

  • @jamestintong
    @jamestintong 6 หลายเดือนก่อน +18

    Thank you Proff Sean!❤

  • @utheinlwin8775
    @utheinlwin8775 6 หลายเดือนก่อน +3

    အဲဒါ​ပညာရှင်❤❤🎉🎉🎉

  • @invinciblepowe-r
    @invinciblepowe-r 6 หลายเดือนก่อน +6

    အရမ်းပဲ ကျေးဇူး တင်ပါတယ် ရှောင်တာနယ်ရေ

  • @MinMin-vu3cu
    @MinMin-vu3cu 6 หลายเดือนก่อน +2

    BBCသတင်းများအတွက်လေးစားကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေ🎉🎉🎉🎉🎉

  • @uthiha2135
    @uthiha2135 6 หลายเดือนก่อน +10

    Thanks u, Mr.Shoung

  • @kosaw569
    @kosaw569 6 หลายเดือนก่อน +3

    လူလိုသုံးသပ်နိုင်စွမ်းမရှိတဲ့အဆင့်မရှိcomtတွေကအတော်ကြက်သရေတုန်းတာပဲ။

  • @NoomPhaungHom-q9i
    @NoomPhaungHom-q9i 6 หลายเดือนก่อน +2

    ရှောင်ရေ ဒီလိုလေးတွေပြောပြသွားတာ အတွေးသစ်အမြင်သစ်တွေအများကြီးရလိုက်တယ် ကျန်းမာသက်ရှည်ပြီးဘေးကင်းပါစေ

  • @vivoy15d31
    @vivoy15d31 6 หลายเดือนก่อน +7

    မဂ်လာပါBBC❤❤❤❤❤❤❤

  • @daveleduc2288
    @daveleduc2288 6 หลายเดือนก่อน +1

    မြစ်ဆုံကပြည်သူ့အတွက်ကောင်းကျိုးဘားမှမရှိဘူး စစ်ကောင်စီအတွက်သာအကျိုးအမြတ်များမယ်
    အကယ်လို့မြစ်ဆုံကလျက်စသ်ယူအုံးမယ်ဆိုရင်မြသ်ဆုံကလျက်စစ်၉၉%ကတရုပ်အပိုင်ပါ ဘယ်မှာလဲမြန်မာအတွက်အကျိုးအမြတ်
    စကစကသူ့အတွက်အကျိုးမရှိရင်ဘားမှမလုပ်ဘူး

  • @ngwethaung4656
    @ngwethaung4656 6 หลายเดือนก่อน +8

    Thank you so much Mr Sean🙏🙏🙏

  • @myominthu3139
    @myominthu3139 6 หลายเดือนก่อน +1

    မြန်မာစစ်တပ်ကစောက်တလွဲလုပ်တတ်တာတွေကိုအခုချိန်ထိမြန်မာနိုင်ငံကြီးဒုက္ခဆင်းရဲရောက်နေပါတယ်

  • @KoJoe-yn4ow
    @KoJoe-yn4ow 6 หลายเดือนก่อน +1

    masterရှောင် လို မိတ်ဆွေကောင်းလိုတယ်ဗျာ

  • @SamsungA-jo7wz
    @SamsungA-jo7wz 6 หลายเดือนก่อน +1

    အမေစုမြမာ​နိုင်ငံအပေါ်ထားတဲ့
    စေတနာမြေတာရှိ

  • @myominthu3139
    @myominthu3139 6 หลายเดือนก่อน +1

    မြန်မာစစ်တပ်ကအဲ့လိုပဲဖမ်းချင်တဲ့လူကိုဖမ်းပီးစောက်ရမ်းဥပဒေတွေဖွဲ့စည်းပီးလုပ်ချင်ရာလုပ်နေတဲ့ဥပဒေကလီးလိုပဲ

  • @UAung-j8l
    @UAung-j8l 6 หลายเดือนก่อน +1

    မိတ်စာစစ်တပ်ရှိနေသရွှေမြန်မာပြည်တစ်သက်လုံးမတိုးတက်ပါ

  • @Myo-iz8uw
    @Myo-iz8uw 6 หลายเดือนก่อน +1

    နိုင်ငံရေးသမားက နိုင်ငံစီးပွား အဆပွားဖို့ ကြံဆကြတယ် နိုင်ငံစစ်သား လူရမ်းကားက အာဏာအင်အား အဆပွားဖို့ ကြံဆကြတယ် ..အဲ့မှာ နိုင်ငံတော်က.ကြေလွင့်ပြယ်...။

  • @MaMa-f4t1b
    @MaMa-f4t1b 6 หลายเดือนก่อน +1

    ရှောင်ကိုဖမ်းဆီး လိုက်လို့ စကစ ဘဝ မြေမနိုင်သမိုင်းမနိုင် ရာဇဝင်မသိရဖြစ်ခဲ့ရ

  • @SV.11
    @SV.11 6 หลายเดือนก่อน +1

    ❤❤သာကောရေ မစ္စတာရှောင်ကတော့ သတိပေးလိုက်ပြီဗျ။ သတိကြီးကြီးထားပြီး နိုင်မြင်းအမှန်ကိုသိဘို့လိုပြီဗျ။

  • @zawwin5212
    @zawwin5212 6 หลายเดือนก่อน +1

    ရှောင်တယ်နယ်ကိုလည်းကျေးဇူးပါဘဲ

  • @fashionangelshop7479
    @fashionangelshop7479 6 หลายเดือนก่อน +1

    ဆက်ပြီး ကူညီ​ပေးကြပါ

  • @thidasint6712
    @thidasint6712 6 หลายเดือนก่อน +3

    ကဲမှတ်ပလားဂျပုရေ

  • @Upar-l4y
    @Upar-l4y 6 หลายเดือนก่อน +1

    ဗဟုသုတများစွာ များစွာ ရရှိလို့ ကျေးဇူးအထူးတင်ပါတယ် ကိုဖြိုးရေ နောက်ထပ်အစီအစဉ်ကောင်းတွေ ဆက်လက်ဖြန့်ဝေထုတ်လွှင့်ပေးနိုင်ပါစေဗျာ

  • @EiKyawEiKyaw-c7q
    @EiKyawEiKyaw-c7q 6 หลายเดือนก่อน +4

    သူ့စကားတွေကအဟုတ်တေကြီးပါ

  • @lamsam54
    @lamsam54 6 หลายเดือนก่อน +1

    ကျေးဇူးပါရှောင်တာနယ်❤❤❤❤

  • @Dahelar-c6i
    @Dahelar-c6i 3 หลายเดือนก่อน

    မစ္စတာရှောင်တာနယ်ဖော်ထုပ်လာတဲ့မြန်နိုင်ရဲ့အလွန်ကြီးမားတဲ့အန္တရယ်တွေ စကစလက်ထက် စကစ ကတရုတ်ဘောငုံဖြစ်နေတော့ညသ်အန္တရယ်ပြန်လည်နိုးကြွရှင်သန်တော့မှာမိ့ မအလ ကိုအမြန်ရှင်းထုပ်ခြင်းကမဖြစ်မနေလုပ်ဖို့ဟာမြန်မာနိုင်ငံရဲ့ရှေ့လာမဲ့ကံကြမ်မာဘဲဖြစ်မယ်၊ မအလ ကိုရင်းနိုင်ရင်ကံကြမ်မာကောင်းမယ်မရှင်းနိုင်ရင်းတရုတ်လက်ထဲဝကွက်အပ်ပေတော့ပဲ။

  • @lavinokalio
    @lavinokalio 6 หลายเดือนก่อน

    ကြည့်လိုက် စစ်ခွေးတွေ ဘောမတွေ သိတဲ့ စီးပွါးရေးဆိုတာ စျေးအိမ်သာ ကန်ထရိုက်ယူတာ တို့ ဘုရား စျေးတန်း မှာ ဖိနပ်စင်ထိုး အကောက်ချ ပန်းရောင်းတာတို့ လောက် လယ်ဗယ်မြင့် ဖယ်လောစပီ စစ်စစ်တွေ!😅
    ဘယ်ကဏ္ဍ ဘာစက်တာ ဘယ်လို ပရောဒက် မဆို ကြည့်! ကြီးငယ်လတ် အောပါတီ အဘ နဲ့ အဘတရာ ဘောမများ မိသားစု မှန်သမျှ အကွက်လိုက်ယူ အတုံးလိုက်ရောင်း ဖွတ်ပြာကျ စီးပွါးရေး စီမံကိန်းတွေကို ပေါပေါများများ ဖောဖောသီသီ ထိုးထဲ့ကျွေး လိုက်တာ ဂုဏ်ထူးဆောင် ငမွဲနိုင်ငံတော်ကြီး ဟီးဟီးကြီးကို တင့်လို့တယ်လို့ …
    ဒါနဲ့ အမျိူးဂုဏ် ဇာတိဂုဏ်ပဲ သူတို့က မြင့်တင်သတဲ့ 😂

  • @fashionangelshop7479
    @fashionangelshop7479 6 หลายเดือนก่อน +1

    အကျဥ်း​​ထောင်ထဲကနိုင်ငံ​ရေးအကျဥ်းသား​တွေအားလုံးအမြန် လွတ်​​မြောက်ပါ​စေ

  • @fashionangelshop7479
    @fashionangelshop7479 6 หลายเดือนก่อน +1

    တရုတ် ကို စကစ ကထိုး​ကျွေး​တော့မယ်

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 5 หลายเดือนก่อน

    တွန်းအားဆိုလိုမြန်မာပြည်တွင်နေထိုင်အထိုင်ကြအိမ်ပိုင်ယာပိုင်နထိုင်သူများကတောလှန်ရေးမှာစိတ်မလွတ်လပ်မူ့တွေရှိနေကြပါတယ်မအလရဲ့စစမူ့ထမ်းဘက်ပါနေကြတဲ့ပြည်တွင်းခံစားချက်များကမအလစစ်မူ့ထမ်းစက်ကွင်းကမလွတ်ကြပါဘူးသို့ပိုင်ဆိုင်တဲ့ပိုင်ဆိုင်ခွင့်ဆုံးရှုံးမှာကြောက်နေကြရပ်တယ်ဒိအတွက်တွေဝေပြိးငုတ်တုတ်မေ့နေကြရတဲ့ပြည်သူလူထုဟာစက်ကွင်းမလွတ်မူ့ကြောင်ငေးငိုင်တွေဝေရင်းဇာတ်မျောကြိးဖြစ်ပြိးထွက်ပြေးနိုင်စွမ်းမရှိကြပါဘူးအဖက်ဖက်ကဆုံးရှုံးမှာကိုကြောက်နေကြပြိးထိပ်တိုက်မအောက်တရွေ့ရွေ့ကြ‌ောက်လာနေကြတာဖြစ်တယ်လို့မြင်မိပါတယ်

  • @koekoe-jt4sb
    @koekoe-jt4sb 6 หลายเดือนก่อน

    မောင်မောင်ဖြိုး အရီးရှောင်က အဘွားကြီးနဲ့ တနည်းတစ်ဖုံရင်းနှီးကျွမ်းဝင်တဲ့ပတ်သက်မှုနဲ့နိုင်ငံ့စီးပွားရေးကို ဆက်နွယ်ဖော်ဆောင်တဲ့ယုံကြည်မှုလို့ သိထားရတယ်...အားနာစရာပါ။အားမနာသင့်တဲ့အကြောင်းအရာကိုရှိနေလို့သိရရင်တောင်မှ အားနာပါတယ်။ဘာလို့လည်းဆိုတော့ အနာဂါတ်ကို ရိုးသားစွာမြင်တဲ့ရှောင်လို ပြည်ပသားကို ငါလိုလူဖြစ်နေပါရော့လားလို့ သိလိုက်ရလို့ပဲ😅။

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 6 หลายเดือนก่อน

    ဒါကတောပါဝင်နိုင်တဲ့အနေအထားနဲ့လုပ်ဆောင်ရမယ်လို့မြင်မိပါတယ်ကျန်အပိုင်းကိုလည်းပါဝင်နိုင်တဲ့အချိန်မှာလက်ခံပေးမယ်ဆိုရင်ဆက်လက်ပါဝင်အောင်လုပ်သွားချင်ပါတယ်တန်ဘိုးအတိုင်သတ်မှတ်ချက်ကုန်ြကစရိတ်ကိုမှတ်သားထားပါ့မယ်အဲဒိလိုလုပ်ပိုင်ခွင့်ပေးမယ်ဆိုရင်တော့အကျိုးတူလုပ်ပိုင်ခွင့်ရရှိလိမ့်မယ်လို့မြင်မိပါတယ်အကယ်ရ်ျမရဘူးဆိုရင်တော့နှစ်တိုဖေါ်ဆောင်ရေးလုပ်ငန်းစဉ်သာချမှတ်ပေးဘို့ပါဘဲခေတ်နဲ့အညိလုပ်ပိုင်ခွင့်ရရှိရေးကိုမျှော်လင့်တယ့်အနေအထားမှာထားရှိပါ့မယ်

  • @GgameS-y2j
    @GgameS-y2j 6 หลายเดือนก่อน

    မင်းတို့ အားပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေ နိုင်စေချင်နေလဲ ကရင် ဖါးအံနားမကပ်နိုင် ကယား လွိုင်ကေါ် တောင်ကြီး ရှမ်းတောင် လားရှိုး ရှမ်းမြောက် မြစ်ကြီးနား ကချင် ရခိုင်စစ်တွေ စစ်ကိုင်းတိုင်းမုန်ရွာ မြို့ကြီးနားမကပ်နိုင် သေးငသး မွှားမွှား မြို့ကလေးများ နယ်စပ်စည်း တလျောက် လောက်နဲ့ ၄နှစ်ရာသီ ကြည့်လိုက်ရင် စစ်တိုက်တာနဲ့ မတူ အလှူခံ လိမ်စားနေသလိုဘဲ စိတ်မရှိနဲ့ ငါတို့ သာမန် လူတွေသိနေတယ် ပြည်သူပေါ့ ကျေးဇူးပါ

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 6 หลายเดือนก่อน

    မြန်မာနိုင်ငံသားတွေဟာအရှုံးခံလူသားတွေအဖြစ်သတ်မှတ်ခံနြေကရတာအဖြစ်ကနေသင့်မနေသင့်လက်ရှိတာဝန်ထမ်းဆောင်နေသူတွေဘယ်လိုအခြေခံဖြစ်သင့်မဖြစ်သင့်ကိုသုံးသတ်ဆုံးဖြတ်ြကဘို့လိုလိမ့်မယ်လို့မြင်မိပါတယ်ဘာ‌ေြကာင့်လူသားတွေဟာလမ်းမဖြာင့်မကျိုက်ပဲမွေလိမ်မြေကောက်လမ်းတွေကြိုကိုက်နြေကတာလဲလို့မေးရမလိုဖြစ်နြေကပါတယ်

  • @PhyoThu-f3u
    @PhyoThu-f3u 6 หลายเดือนก่อน +5

    လက်နက်ကိုင်တွေအကုန်လုံးစစ်တပ်ကောအားလုံးပေါင်းစည်းပြီးပြည်သူအတွက်သေခြာဆွေးနွေးရင်ကောင်းမယ်ငါအသက်ခု ၃၀နှစ် ငြိမ်းချမ်းတဲ ့နိုင်ငံကိုမျှော်လင့်ပါတယ်ကွာ😢😢😢😢😢😢

    • @zintun1118
      @zintun1118 6 หลายเดือนก่อน +2

      အကျင့်ပျက်ချစားပီး နိုင်ငံနဲ့ ပြည်သူအတွက် မကြည့်ဘဲ ကိုယ်ကျိုးစီးပွားနဲ့ကိုယ့်မိသားစုအတွက် ကာကွယ်ဖို့အတွက် စစ်ရာဇဝတ်မှုတွေ ချိုးဖေါက်ရဲတဲ့ မင်းအောင်လှိုင်တိုင်းပြည် စစ်တပ်ကို ကိုယ်ကျိုး သုံးတဲ့ မအလ တရားမျှတမှုကို ဂရုမစိုက်အများဆန္ဒကို လျှစ်လျှူရှုပီး လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျ အတ္တကြီးမားတဲ့ မင်းအောင်လှိုင်နဲ့ ဘာလို့ ပေါင်းစည်းခိုင်းရတာလည်း

    • @orezeno9548
      @orezeno9548 6 หลายเดือนก่อน

      မကောင်းစိုးဝါးနဲ့ အပေးအယူ လုပ်ချင်တာလား ကောင်းကျိုးရပါ့မလား စဥ်းစားကြည့်ပါ လောကရဲ့ အမှန်တရားပါ

  • @nyanwinnauing7499
    @nyanwinnauing7499 3 หลายเดือนก่อน

    ရှောင်၏မေတ္တာစေတနာကြောင့်ရှောင်လဲအေးချမ်းပျော်ရွှင်ပါစေ.......မြန်မာပြည်သို့တဖန်ပျော်ရွှင်စွာပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 6 หลายเดือนก่อน

    မြန်မာပြည်နယ်တွေကအလွန်နိုပ်ကြနေပါပြိးနိုင်ငံရဲ့အကုအညိကအတော်နည်းနေတယ်လို့မြင်မိပါတယ်မြန်မာပြည်နယ်တွေမှာအလွန်ဆင်းရဲနယ်မြေတွေဖြစ်နေခဲ့တာကြာလာခဲ့ပါပြိရေမရမိးမရနယ်မြေလမ်းတံတားမကောင်းခဲ့တာတွေဟာအလွန်ကြာခဲ့ပါပြိဒေါ်အောင်ဆန်းစုကြည်တက်လာမသာဒုက်ခတွေဆင်းရဲမူ့တွေအနည်းငယ်သာတိုးတက်လာတာမြင်ရခဲ့ပါတယ်

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 6 หลายเดือนก่อน

    ဆယ်ရေပေးဝေရေးပြည့်ဝစွာရဘို့ရယ်မိးလင်းအောင်လုပ်ပေးနိုင်ရေးနဲ့ဖုန်းလိုင်းတတ်ဆင်ပေးနိုင်ရေးများစက်မူ့လယ်ယာခေတ်မိတိုးတက်ရေးမှာအလွန်နိုမ့်ကြနေကြပါတယ်ဒိအခြေအနေတွေကစစ်ကိုင်းတနယ်လုံးမှာကြိူကြာကြိုးကြားမပြည့်စုံဘဲရှိနေတာနှစ်များစွာခံစားနေကြရပါတယ်လို့မြင်မိပါတယ်

  • @ADKatuwal
    @ADKatuwal 6 หลายเดือนก่อน +2

    မန်လိုက်တာ ​ကောင်းတယ် ထင်ထားတဲ့အတိုင်းဘဲ

  • @fashionangelshop7479
    @fashionangelshop7479 6 หลายเดือนก่อน +1

    အ​မေစုရဲ့ ​မျှော်လင့်ချက် ပြည်သူလူထုရဲ့အလင်း​ရောင်​တွေ အားလုံး ကိုစကစ ကရိုက်ချိုး ခဲ့တယ်

  • @Kyawthurah
    @Kyawthurah 3 หลายเดือนก่อน

    ပျောစရာတွေကများလွန်းလို့ကျေးဇူးပါလို့ဘဲပျောပရစေ။ရှောင်ရေတနေ့တော်လှန်ရေးအောင်မြင်မှဘဲတွေ့ကြရအောင်။မြန်မာပြည်ကအမြဲစောင့်ကြိုနေပါမယ်။

  • @myochitoooo9855
    @myochitoooo9855 6 หลายเดือนก่อน +1

    အမှန်ပဲပြောသွားတာ

  • @NaiRajaMange
    @NaiRajaMange 5 หลายเดือนก่อน

    ဒီစစ်တပ်လူယုတ်မာအုပ်ဆက်လက်အုပ်ချုပ်နေသရွေ့ကာလပတ်လုံးဒီနိုင်ကြီးဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး

  • @GooGui-l1o
    @GooGui-l1o 5 หลายเดือนก่อน

    နောင်လာ မျိုးစက်သစ်လေးတွေအတွက် တကယ်အားရစရာတွေဖြစ်ပေါ်လာတော့မယ်လို့ ကျွန်ုပ်အသုံးသပ်ပါတယ်ခင်ဗျား

  • @DawNuMang
    @DawNuMang 3 หลายเดือนก่อน

    အရမ်းကျေးဇူးတင်ပါတယ်ရှောင်မြန်မာပြည်ကြီးအောင်မြင်တိုးတက်ပါစေ 🎉🎉🎉

  • @togki1980
    @togki1980 6 หลายเดือนก่อน +2

    Thank you so much ရှောင်

  • @KoKhant-y8h
    @KoKhant-y8h 6 หลายเดือนก่อน +1

    ကျေးဇူးပါ ရှောင် တာနယ်လ်

  • @wintin686
    @wintin686 3 หลายเดือนก่อน

    အထူးသတိထားအင်တာဗျူးကျပါဘီဘီစီဘီအိုအေသတင်းဌာနကတရုက်လက်ကိုင်ဒုတ်ဖြစ်နေတယ်

  • @jacksoul2897
    @jacksoul2897 6 หลายเดือนก่อน +1

    ဒီစကား၀ိုင်းကအရမ်းကောင်းပါတယ်
    တကယ့်ပညာရှင်ပါ

  • @MoeLay-o3x
    @MoeLay-o3x 6 หลายเดือนก่อน

    နောက်ကြောင်းပြန်လှည့်နေပါပြီ စောက်သုံးမကျတဲ့ ခွေးသားတွေကြောင့် ဖွတ်ဖွတ်ကြေနေပြီ

  • @Aung-v6y
    @Aung-v6y 6 หลายเดือนก่อน +1

    ကျေးဇူးတင်ပါတယ် ပါမောက္ခရှောင်တာနယ် ခင်ဗျား

  • @utinaye3275
    @utinaye3275 6 หลายเดือนก่อน

    နိုင်ငံပိုင်မြေကို တရုတ်ကိုရောင်းထားတာကိုရော
    ပယ်ဖျက်ခွင့် ရှိပါသလား ဗျ

  • @zawmyolatt2110
    @zawmyolatt2110 6 หลายเดือนก่อน +4

    လေးစားပါတယ်

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 6 หลายเดือนก่อน

    အခုအချိန်မှာလျပ်စစ်မိးတွေပါပျက်စိးဆုံးရှုံးသွားနေတာတွေလဲဖြစ်နေပါတယ်

  • @Nmkhvj
    @Nmkhvj 6 หลายเดือนก่อน

    နေခဲ့မယ်ဆိုရင်ဒီလိုနိုင်ငံရေးမတည်ငြိမ်မှုတွေခဏခဏဖြစ်ပါ့မလား?

  • @nangoo6209
    @nangoo6209 6 หลายเดือนก่อน +1

    ❤Thank so much 🎉🎉🎉🎉💯✅🍀👏 mrs sean consibution to myan mar you very much for everything amazing just 💯✅👍🍀🎊🎆🎆🎆🎆🎆🥰🙏🙏🙏🙏💪💪💪💪🎥💪🎈

  • @phoenixpyae
    @phoenixpyae 6 หลายเดือนก่อน

    တရုတ် က အဆင်ပြေပြီး အနောက်အုပ်စုတွေ အဆင်မပြေ
    စစ်အုပ်စုက အနောက်နဲ့မပြေပဲ တရုတ်နဲ့ပြေ
    မင်းတို့က လဲ မြေစာပင် ကိုပဲ အရှေ့က ဖဲ့ လိုက်အနောက်က ဖဲ့လိုက်နဲ့
    ကူမင်က နေ ကျောက်ဖြူ ရထားလမ်း ကြီး ပြီး ရေနက် ဆိပ်ကမ်းပြီး
    တရုတ် အနောက်ရေလမ်းထွက်ပေါက်ရ
    တောင်တရုတ်ပင်လည်က နေ ရှည်လျားစွာ ပတ်မထွက်ရ
    အနောက်ကို ကုန်သွယ်ရေးမြန်မာတွေ
    နောက် စစ်ရေးအရ အိန္ဒိယ သမုဒ္ဒရာစိုးမိုးနိုင်ရေး အတွက် ရေငုတ်သဘော်တွေလာတော့မယ်
    ရုရှား ရော တရုတ်ရော
    ဆို​ေတာ့က ရှောင်တာနယ် လဲ ကြိုးဆွဲရာက ပေါ့ NUG က ဗဟိုဘဏ် ဆိုတော့တာ
    ရှောင်တာနယ်က အရူးမဟုတ်ဘူးလေ

  • @UKyawWinAung-g9w
    @UKyawWinAung-g9w 5 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်ရယ်မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေရှောင်

  • @KoungHtet-h4i
    @KoungHtet-h4i 6 หลายเดือนก่อน +1

    Thanks ရှောင်တာနာ

  • @austinwarso3309
    @austinwarso3309 6 หลายเดือนก่อน +7

    Thank you Mr.Sean 🙏

  • @KoKo-s5t2i
    @KoKo-s5t2i 5 หลายเดือนก่อน

    မြောက်ရုပ်တဲ့ နိုင်ငံတကာ ပတ်ပြီးမီးရှို့နေတဲ့ကောင်း

  • @PhyoneTee
    @PhyoneTee 4 หลายเดือนก่อน

    ဆမ်တပြည်၂ကျပ်ခွဲ
    ဘယ်မှာလည်းဟေ့ဘယ်မှာလည်း
    ငယ်ငယ်တုမ်းကပါ

  • @MoeMoe-zq1vt
    @MoeMoe-zq1vt 5 หลายเดือนก่อน

    မြန်မာပြည်အတွက်ကျေးဇူးတင်ပါတယ်ရှောင်တာနယ်လ်
    အမြဲတမ်းအမှတ်ရနေမှာပါ😢

  • @utoelin2667
    @utoelin2667 6 หลายเดือนก่อน +1

    မေးခွန်တွေမေးနေတဲ့လူကမြန်မာပြည်ကသွားတဲ့လူလား။

  • @KoKo-r3f1q
    @KoKo-r3f1q 5 หลายเดือนก่อน

    လေးစားပါတယ် ဆရာ ရှောင်တာနယ်...ထာဝရ အတွက်ပါ***

  • @youTubemc-y4k
    @youTubemc-y4k 6 หลายเดือนก่อน +4

    Thanks 💯 💯 💯 ❤❤❤🎉

  • @AungZawHtet-j1i
    @AungZawHtet-j1i 6 หลายเดือนก่อน

    သမုိင်းလှပို့အရေးကြီးတယ်

  • @GooGui-l1o
    @GooGui-l1o 5 หลายเดือนก่อน

    အရမ်းအားရပါတယ်ဗျာ့
    တကယ်လဲ အထူးလေးစားပါတယ်ခင်ဗျား