ခု​ခေါတ်မှာ မြင်​တွေ့ဖို့ မလွယ်​တော့တဲ့ ဆင်တူသစ်သားအိမ်များနဲ့ပအိုဝ်းလူမျိုးများရဲ့ ​ကျောက္ကချားရွာ

แชร์
ฝัง
  • เผยแพร่เมื่อ 25 ส.ค. 2024
  • တရွာလုံးနီးပါး ရိုးရာဆင်တူသစ်သားအိမ်များနဲ့ ​တည်​ဆောက်ထားတဲ့ကျောက္ကချားရွာ
    ​ကျောက္ကချားရွာဟာ ရှမ်းပြည်နယ်​တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ အထူး​​ဒေသ (6)၊မဲနယ်​တောင်​​ဒေသ၊စံဖူး​ကျေးရွာအုပ်စု၊ဟိုပုန်းမြို့ရဲ့အ​ရှေ့ဘက် 25 မိုင်ခန့်အကွာမှာတည်ရှိပါတယ်။
    ​ဂေဟစနစ် မပျက်စီး​သေးပဲ​ကောင်းမွန်မျှတတဲ့ရာသီဥတုမျိုးရှိပြီး သဘာဝ ​ရေထွက်များလည်းရှိကာ ရေခံ​မြေခံ​ကောင်းပြီး သစ်ပင်သစ်​တောများနဲ့ စိမ်းလန်းစို​ပြေနေ​သော ရွာတရွာ ဖြစ်ပါတယ်။
    အိမ်​ခြေ ၇၀၀ ​ကျော်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး လယ်ယာ၊သနပ်ဖက်၊​ထောပတ်၊စ​တော်ဘယ်ရီ၊​ကော်ဖီ နဲ့အခြား​​သော စိုက်ပျိုး​ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပါတယ်။
    ​​မဲနယ်​​ဒေသထွက် ထောပတ်သီးများဟာ အရည်အ​သွေး​ကောင်းမွန်​သော​ကြောင့် လူကြိုက်များပြီး ​ကော်ဖီ အရည်အ​သွေး​မှာလည်း ဆုတံဆိပ်များရရှိခဲ့ဖူး​သော ​​ဒေသဖြစ်ပါတယ်။
    သစ်​တောများ ​ပေါများတာ​ကြောင့်​ရော တရွာလုံးနီးပါး နှစ်​ဆောင်ပြိုင် သုံး​ဆောင်ပြိုင် ​ရေနံ​ချေးဝ​နေ​သော အိမ်ကြီးအိမ်​ကောင်းကြီးများနဲ့ ​နေထိုင်ကြပါတယ်။
    ယ​နေ့​ခေါတ်မှာ​တော့ တိုက်တာ အ​ဆောက်အဦး​တွေ တိုးလာခဲ့ပြီဖြစ်ပါတယ်။
    ​ကျောက္ကချား view point က လှမ်းကြည့်လိုက်ရင် မဲနယ်​တောင်ကို ​နောက်ခံထားတဲ့ ​တောင်ကြားက ​ကျောက္ကားချား ရွာ​လေးရဲ့အလှဟာ ရင်သပ်ရှု​မောဖွယ်ရာ အတိပါ။
    နှစ်​ပေါင်းတရာ​ကျော်သက်တမ်းရှိပြီဖြစ်တဲ့ သစ်သားသစ်လုံးများနဲ့တည်​ဆောက်ထားတဲ့ နမ်းဟုတ် တိုင်တရာ​ကျောင်းကိုလည်း သွားနိုင်ပါတယ်။
    ဒီ​ဒေသက ပအိုဝ်လူမျိုး အများစုဟာ သတ်သတ်လွတ် စားကြတာကိုလည်း သိခဲ့ရပါတယ်။(ပအိုဝ်​တွေချက်​ကျွေးတဲ့ သတ်သတ်လွတ်ဟင်းနဲ့လည်း ထမင်းစားခဲ့​သေးတယ်။)
    ရိုးသား​ဖော်​ရွေတဲ့အပြုံးပိုင်ရှင် ပအိုဝ်းလူမျိုး​တွေဟာ
    ရိုးရာဝတ်စုံများကို ယ​နေ့တိုင် အမြတ်တနိုး ဝတ်ဆင်​နေဆဲဖြစ်ပြီး ရိုးရာဓ​လေ့ များလည်း မ​ပျောက်မပျက် ထိန်းသိမ်းထားနိုင်ဆဲ ရွာ​တွေပါ။
    ယခင် မြန်မာ့ခရီးသွားလုပ်ငန်းက ခရီးသွားဝန်​ဆောင်မှု တိုးမြှင့်ရန်အတွက် ​ရွေးချယ်ထားတဲ့ ရှမ်းပြည်နယ်က ရွာကြီး ၁၀ ရွာမှာ ​ကျောက္ကချားရွာ ပါဝင်ခဲ့ပါတယ်။
    ယ​နေ့မှာ​ အ​ကြောင်းအမျိုးမျိုး​ကြောင့် လူသိနည်း​သေး​ပေမယ့် အနာဂါတ် တချိန်ချိန်မှာ​တော့ ကမ္ဘာလှည့် ခရီးသည်များကပါ ​စိတ်ဝင်တစားလေ့လာလည်ပတ်မယ်လိမ့်လို့ ​မျှော်လင့်မိတဲ့...
    သဘာဝမပျက် ပကာသန မဖက်တဲ့ အပျိုစင်​​ဒေသ လို့ တင်စားကြတဲ့ ​ကျောက္ကချားရွာ​လေး ကို နှုတ်ဆက်ရင်း ​နောက်တကြိမ် များ လာ​ရောက်ခွင့်ရခဲ့ရင်...
    Adventure Holidays by Nway
    music :the woods(silent partner)(no copyright music)

ความคิดเห็น • 29

  • @laluan6695
    @laluan6695 ปีที่แล้ว

    ဒီလိုမျိူးလှပ ပြီး၊ တိုင်းရင်းသား​တွေ အဆင်​ပြေ၊ စီးပွား​ရေး​ပြေလည်တယ်ဆိုရင် စကစ ကိုသတိထား။ မီးလာရှို့လိမ့်မယ်။

  • @KhunKham-fk8iz
    @KhunKham-fk8iz ปีที่แล้ว +3

    ပအို့မဟုတ်ဘူး ပအိုဝ်းဖြင့်သာ ခေါ်ဆိုပေးပါ

    • @adventureholidays9643
      @adventureholidays9643  ปีที่แล้ว

      အသံထွက်မှားယွင်း​ခေါ်ဆိုမိတဲ့အတွက် ​တောင်းပန်ပါတယ်ရှင် replace လုပ်ကြည့်ပါမယ် သတိထားပါ့မယ်ရှင့် ​ထောက်ပြ​ပေးလို့ ​ကျေးဇူးအများကြီးတင်ပါတယ် 😍😍😍

  • @hlamoe5821
    @hlamoe5821 ปีที่แล้ว +1

    လုံးဝကြိုက်တယ် သိ့ခွင့်ရလို့ကျေးဇူးတင်ပါတယ် အသံပီပီသသ ရှင်းပြတာကို ကျေးဇူးပါ
    မပီကလာပီကလာပြေားရင်
    တအားမုန်းတယ်
    အားပေးပါတယ် နော်❤

    • @adventureholidays9643
      @adventureholidays9643  ปีที่แล้ว +1

      ​ကျေးဇူးအများကြီးတင်ပါတယ်ရှင့် comment ​လေးမြင်​တော့ အားတက်မိပါတယ်😍😍

    • @KaVi-tc3ec
      @KaVi-tc3ec ปีที่แล้ว +1

      တိုင်းရင်းသားဘာဆို ဗမာလိုတော့ပီပီသသ ဘယ်ပြောနိုင်မှာလဲ၊ မုန်းရင်မကြည့်နဲ့လာလည်းမလာနဲ့

  • @dawninilwin5863
    @dawninilwin5863 ปีที่แล้ว

    Thank

  • @hlawinaung7446
    @hlawinaung7446 ปีที่แล้ว +2

    အိမ်တွေတော့သေချာမပြဘူး....

    • @adventureholidays9643
      @adventureholidays9643  ปีที่แล้ว +1

      ပြချင်တာ ​အချိန်မရလို့ ရွာထဲထိ မသွားခဲ့ရလို့ပါ
      ​နောက်တ​ခေါက်ကျရင် ​သေချာရိုက်ပြပါမယ်​နောိ😍😍

  • @khunaungsantun4902
    @khunaungsantun4902 ปีที่แล้ว

    ပအိုဝ်းတွေက.ဖြူစင်ကြတယ်

  • @nangkhinnyunt4367
    @nangkhinnyunt4367 ปีที่แล้ว

    အမြဲသတိရလျက်ပါ ​​

  • @nozila155-ik9um
    @nozila155-ik9um ปีที่แล้ว

    ဘယ်ဒေသဘယ်မြို့နယ်ကနေသွားရသလဲဝေ့

    • @adventureholidays9643
      @adventureholidays9643  ปีที่แล้ว

      ရှမ်းပြည်နယ်​တောင်ပိုင်း ဟိုပုံး မြို့အနီးမှာပါ ဟိုပုံး အ​ကျော် ထမ့်ဆန်းဂူ မ​ရောက်ခင် လမ်းခွဲသွားရတာပါ ❤

  • @nuyinwin1710
    @nuyinwin1710 ปีที่แล้ว

    ချစ်စရာသဘာအလှတရားများရှိရာဒေသလေးပါတိုင်းရင်းသာပအိုဝ်းရှာ

    • @adventureholidays9643
      @adventureholidays9643  ปีที่แล้ว

      ချစ်စရာ ​ကောင်းပြီး ​အေးချမ်းသာယာတဲ့ ​ဒေသ​လေးပါ ထပ်သွားချင်​သေးတယ်😍

  • @aunghtet6055
    @aunghtet6055 ปีที่แล้ว

    ခင်ဗျား တို့မှာလဲ view point ဆောက်ပြီးမှပဲ လာလည်တော့တယ်နော့ ...အိမ်း အိမ်း

    • @adventureholidays9643
      @adventureholidays9643  ปีที่แล้ว +1

      ဒါ​တောင် စံဖူးရွာက လိုက်ပို့တဲ့လူရှိလို့ ​ရောက်ရတာ 😁😍သစ်သားအိမ်​လေး​တွေ အရမ်းသ​ဘောကျတယ်။

  • @bothan7113
    @bothan7113 ปีที่แล้ว

    မိမိတို့ တိုင်ရင်းသားများ၏ ရိုးရာ ယဥ်ကျေးမှု ဓလေ့ ထုံးစံ နေထိုင်မှု လေ့လာသိရဘို့ အချင်းချင်း လေးစားရင်းနှီး ချစ်ကြည်စွာ ကူးလူး ဆက်ဆံကြပါ စို့ ။

    • @adventureholidays9643
      @adventureholidays9643  ปีที่แล้ว

      အချင်းချင်း Respect ထားပြီး ချစ်ခင်စွာ​နေကြမယ်​နော်😍

    • @bothan7113
      @bothan7113 ปีที่แล้ว

      Dear sir ,
      Quite sure exactly .

  • @sanyuko695
    @sanyuko695 ปีที่แล้ว

    ပအိုး ဟုတ်ပါတယ်။ ဒါပေမယ့် ဗမာအခေါ်က ပအို့ပါ။ စိတ်မရှိပါနဲ့။ နှုတ်ကျိုးနေကြလို့ပါ။ တိုင်လူမျိုးတွေကို ဗမာက ရှမ်း လို့ ခေါ်သလိုပေါ့ဗျာ။ ပအိုဝ်းကို ပအိုင်းလို့ အသံထွက်ရင်တော့ တော်တော်ဆိုးတယ်။ ဘယ်လိုအသံထွက်ရမှန်းမသိတဲ့ပြဿနာပါ။ ဗမာစာမှာ ဝသတ်မရှိတဲ့အတွက်ပါ။

    • @adventureholidays9643
      @adventureholidays9643  ปีที่แล้ว

      မြန်မာဆို​တော့ တိုင်းရင်းသား စကား တချို့ အသံထွက်​လေး​တွေ တိုက်ရိုက်မထွက်တတ်ဖြစ်သွားတာ 😍 တိုင်းရင်းသား​တွေရဲ့ ရိုးရာ နဲ့ ဘာသာစကား ကို အစဥ်​လေးစား လျှက်ပါရှင့် 🥰

  • @Need4Breezy
    @Need4Breezy ปีที่แล้ว

    အာဏာရူးတွေပြုတ်ရင်
    အဲ့ရွာသွားလည်ရမယ်

    • @adventureholidays9643
      @adventureholidays9643  ปีที่แล้ว +1

      တကယ်လှတဲ့ရွာ​လေးပါ သွားလည်ပါ​နော်😍😍😍

    • @Need4Breezy
      @Need4Breezy ปีที่แล้ว

      @@adventureholidays9643
      သွားလည်ပါ့မယ်
      မင်မင်
      ပြည်သူတွေပျော်နိုင်တဲ့မကြာသောတစ်နေ့ကျရင်ပေါ့🙂☺️