သုခမြို့တော်-မြသန်းတင့် ၊ စာဖတ်သူ - ခေါင်ဟစ် (အပိုင်း ၅)

แชร์
ฝัง
  • เผยแพร่เมื่อ 25 มิ.ย. 2024
  • သုခမြို့တော်
    မြသန်းတင့်
    စာဖတ်သူ - ခေါင်ဟစ်
    “သုခမြို့တော်”ဝတ္ထုရဲ့ အဓိကဇာတ်ကောင်တွေက‌တော့ လန်ချားသမား ‘ဟာစရီပါး’တို့ မိသားစုဝင် ငါးယောက်ရယ်၊ ပိုလန်လူမျိုး ခရစ်ယာန်သာသနာပြု ဗရင်ဂျီဘုန်းကြီး ‘ကိုဗာစကီး’ရယ်၊ လိုအပ်နေသူတွေကို အကျိုးပြုချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်အမေရိကတိုက် ဖလော်ရီဒါနယ်ရှိ မီယာမီမြို့ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆေးကောလိပ်ဘွဲ့ရလူငယ် ‘မက်စ်’ရယ်၊ သုခမြို့တော်ရပ်ကွက်ထဲက လူမြင်းလို့ခေါ်တဲ့ လန်ချားသမားတွေရယ်၊ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် မထင်ရှားကြတော့တဲ့ ကိုယ်ရေရောဂါသည်တွေရယ်ပါ။ ဒါပေမယ့် ကျွန်မစိတ်အာရုံထဲ စွဲထင်ကျန်ရစ်တဲ့ ဇာတ်ကောင်ကတော့ ကိုဗာစကီး တစ်ယောက်တည်းပါပဲ…။
    “သုခမြို့တော်” ဘယ်လို ဖြစ်တည်လာခဲ့သလဲ ပြောရမယ်ဆိုရင် ရာစုနှစ်အစလောက်တုန်းက ဒေလီ-ကာလကတ္တားသွား ရထားလမ်းတာရိုးအနီးက စက်ရုံပိုင်ရှင်ဟာ သူ့အလုပ်သမားတွေကို နေရာချပေးဖို့ အဲ့ဒီနားက ငှက်ဖျားထူတဲ့ စိမ့်တောကြီးကို မြေဖို့ပေးခဲ့ရာက စတာတဲ့။ မိုးခေါင်ရေရှားကာ ဘာမှစိုက်မရတော့လို့ ငတ်ပြတ်ပြီး ကျေးလက်တောရွာကနေ ပြောင်းရွှေ့လာကြတဲ့
    ဒုက္ခသည်တွေ အများဆုံးနေတဲ့နေရာပေါ့…။
    တကယ်တော့လေ “သုခမြို့တော်”ဆိုတာ ဆင်းရဲသားအချင်းချင်း ဘယ်တော့မှ အိမ်တံခါးမပိတ်တတ်တဲ့ နေရာလေးတစ်ခုပါပဲ။
    နောက်ပြီး လူသားစစ်စစ်တို့ရဲ့ တည်ကြည်ပြီးသိက္ခာရှိတဲ့အပြုံးတွေ တည်ရှိတဲ့နေရာ ၊
    အောက်တန်းအကျဆုံးထဲက အထက်တန်းအကျဆုံးလူတွေ နေကြတဲ့နေရာ၊
    လူမဆန်တဲ့ တံလျှပ်မြို့ကြီးမှာ လူဆန်တဲ့
    စာနာရိုင်းပင်းမှုတွေ မြင်တွေ့နိုင်တဲ့ နေရာ၊
    ဒါဟာ “သုခမြို့တော်”ပါပဲ။
    .
    .
    .
    #ချစ်ခင်လေးစားစွာဖြင့်
    #အိမ့်
    အပိုင်း (၁) • သုခမြို့တော်-မြသန်းတင်...
    အပိုင်း (၂) • သုခမြို့တော်-မြသန်းတင်...
    အပိုင်း (၃) • သုခမြို့တော်-မြသန်းတင်...
    အပိုင်း (၄) • သခွတ်ပန်း၊ခင်နှင်းယု-R...
    အပိုင်း (၅) • သုခမြို့တော်-မြသန်းတင်...
    #ဝတ္ထုတို #မြန်မာဝတ္ထု #ဒို့အညာ #သုခမြို့တော် #ခေါင်ဟစ်
    #DohAhNyar #တို့အညာ #Audiobooks

ความคิดเห็น • 52

  • @user-xx4nz6rx6t
    @user-xx4nz6rx6t 14 วันที่ผ่านมา +2

    ဒီစာအုပ်ကို ဆယ်ကျော်သက်ဘဝမှာဖတ်ခဲ့ရတုံးက စိတ်မကောင်းတာ ကျောက်လန့်တာ အကုန်လုံးရောနှောနေတာဘဲ အခုနားထောင်တော့ မြန်မာမှာ သုခမြို့တော်ဘယ်နခုရှိနေပြီလဲ လို့စဉ်းစားမိတယ်

  • @myamyathan7346
    @myamyathan7346 14 วันที่ผ่านมา

    စာကောင်းပေကောင်းတွေ တင်ပေးလို့ ကျေးဇူးပါ အမျိုးတို့၊နလုံးစိတ်ဝမ်းအေးချမ်းကြပါစေ

  • @user-bj6ou6rw2b
    @user-bj6ou6rw2b 14 วันที่ผ่านมา

    မဂ်လာနေ့လည်ခင်းပါတို့အညာကေျးဇူးပါ ခေါင်ဟစ်

  • @NwayNwayAung-to1oy
    @NwayNwayAung-to1oy 7 ชั่วโมงที่ผ่านมา

    သုခမြို့တော် အပိုင်း(၅)ကို မျှဝေ‌ေပးတဲ့အတွက် ခေါင်ဟစ်နဲ့ ဒို့အညာကျေးဇူးတင်ပါတယ်❤❤

  • @user-wq6pm4ch2w
    @user-wq6pm4ch2w 14 วันที่ผ่านมา

    ဆရာကြီးရဲ့သုခမြို့တော် ဖတ်စဥ်ကအံ့သြခဲ့ရ တယ်၊ခုတော့....

  • @myomyo628
    @myomyo628 14 วันที่ผ่านมา

    ခေါင်ဟစ်👍🏽ဒို့အညာမင်္ဂလာပါ

  • @b2a194
    @b2a194 14 วันที่ผ่านมา

    တူတူရုန်းထွက်ဖို့အချိန်ကောင်းပါ

  • @NawNaw579
    @NawNaw579 14 วันที่ผ่านมา

    မဂ်လာပါဒို့အညာနှင့်ကိုခေါင်ဟစ်ရေ❤❤❤❤မျှဝေပေးတာကျေးဇူးပါရှင့်❤❤❤❤

  • @ThinThin-wq6ol
    @ThinThin-wq6ol 14 วันที่ผ่านมา

    ဒို့အညာရေ အားပေးလျှက်ပါ❤

  • @moegyi5506
    @moegyi5506 14 วันที่ผ่านมา

    မဂ်လာပါအေးချမ်းသာယာပျော်ရွင်ချမ်းမြေ့ပါစေ ❤❤❤

  • @heinzawhtwe6464
    @heinzawhtwe6464 14 วันที่ผ่านมา

    Thanks with love y'all for sharing beautiful audiobook part (5) 🍰🍹🤗🥰🥰🥰

  • @LwanEain7
    @LwanEain7 14 วันที่ผ่านมา

    Thanks for sharing Khaung Hit and Doh Anyar

  • @dawmon4944
    @dawmon4944 14 วันที่ผ่านมา

    မင်္ဂလာပါ မောင်လေးခေါင်ဟစ် & Doh Ah Nyar ❤❤

  • @nanmyintzu2268
    @nanmyintzu2268 14 วันที่ผ่านมา

    မင်ဂလာပါ ဒို့အညာနဲ့ ​ကျေးဇူးပါ ကို​ခေါင်ဟစ်​ရေ❤❤

  • @tinttintwai3476
    @tinttintwai3476 14 ชั่วโมงที่ผ่านมา

    Thanks for your sharing 😊

  • @BhoneMyatHtin
    @BhoneMyatHtin 14 วันที่ผ่านมา

    Thanks for sharing(Part - 5).

  • @laypyayoo3389
    @laypyayoo3389 14 วันที่ผ่านมา

    Thanks for sharing part 5.

  • @user-jc9jf5lo8g
    @user-jc9jf5lo8g 14 วันที่ผ่านมา

    မင်္ဂလာပါ

  • @thetthetaung6200
    @thetthetaung6200 14 วันที่ผ่านมา

    နားဆင်နေပါပြီ

  • @SuSu-wk7fx
    @SuSu-wk7fx 14 วันที่ผ่านมา

    မင်္ဂလာပါ ခေါင်ဟစ် 🌸🌸🌸