အမျိုးသမီးတွေအတွက် အကြမ်းဖက်မှုကာကွယ်ပေးရေးဥပဒေ လိုအပ်နေပြီလား - BBC News မြန်မာ

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • အတိတ်ကာလကနေ မျက်မှောက်ခေတ်အထိ ပြောင်းလဲလာတဲ့ ခေတ်စနစ်တွေအောက်မှာ အမျိုးသမီး တွေဟာ အမျိုးသားတွေနည်းတူ ဦးဆောင်နိုင်စွမ်းရှိတယ်၊ စွမ်းဆောင်နိုင်တဲ့အရည်အချင်းတွေရှိတယ် ဆိုတာကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထက်စာရင် ပိုမိုအသိအမှတ်ပြုခံလာရပြီဖြစ်ပါတယ်။
    ဒီလိုတိုးတက်မှုတွေရှိနေပေမယ့်လည်း ဆယ်စုနှစ်များစွာကျော်လွန်ပြီးချိန်အထိ အမျိုးသမီးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေဟာ ပုံသဏ္ဍန်မျိုးစုံနဲ့ရှိနေဆဲဖြစ်ပါတယ်။
    လမ်းသွားရင်း အိန္ဒြေပျက်လောက်တဲ့အထိ စနောက်ခံရတာတွေကနေ လူမှုအသိုင်းအဝိုင်းက လင်မယား ကြားမဝင်ရဘူးဆိုတဲ့သတ်မှတ်ချက်တွေကစလို့ ကာကွယ်ပေးမယ့်သူမရှိတဲ့ အိမ်ထောင်ဖက်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း အကြမ်းဖက်မှုတွေ၊ လုပ်ငန်းခွင်ထဲမှာ အမျိုးသားတွေနဲ့တန်းတူမရနိုင်တဲ့ အခွင့်အရေးခွဲခြားခံရမှု စတဲ့ အသွင်သဏ္ဍန်မျိုးစုံနဲ့ ခွဲခြားဖိနှိပ်ခံရမှုတွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။
    ဒီအခြေအနေတွေကနေ အမျိုးသမီးတွေအပေါ် ထိရောက်စွာကာကွယ်ပေးနိုင်ဖို့ အတွက် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေမူကြမ်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက မူကြမ်းအဖြစ် ထွက်ရှိလာပြီဖြစ်ပါတယ်။
    ဒီဥပဒေအတည်ပြု ပြဋ္ဌာန်းနိုင်ရင် အမျိုးသမီးတွေကို လက်ရှိထက် ပိုထိရောက်အောင် ကာကွယ်ပေးနိုင် မှာပါလား။
    ဘီဘီစီမြန်မာပိုင်းရဲ့ အမျိုးသမီးပရိသတ်တွေအနေနဲ့လည်း ကိုယ်တိုင်တွေ့ကြုံဖူးတဲ့အခက်အခဲတွေကို မျှဝေပေးနိုင်သလို အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးတွေအပေါ် မသိလိုက်မသိဘာသာ ဖိနှိပ်အကြမ်း ဖက်မိတဲ့ အပြုအမှုတွေရှိနေသလား၊ ဘယ်လို ပြောင်းလဲနိုင်ကြမလဲဆိုတာ ဆန်းစစ်မျှေ၀ မှတ်ချက်ပြုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
    #ဘီဘီစီမြန်မာပိုင်း #အမျိုးသမီး #အကြမ်းဖက်မှု #Human_Rights #ဥပဒေ #Friday_Live

ความคิดเห็น • 3

  • @kyawthan9801
    @kyawthan9801 4 ปีที่แล้ว

    အမျိုးသမီး တွေကို ကြင်ကြင်နာနာ ယုယုယယလေး ဖက် ကြပါ!

  • @zinthu9609
    @zinthu9609 4 ปีที่แล้ว

    👍👍

  • @linnthurain5502
    @linnthurain5502 4 ปีที่แล้ว

    ဘယ်အရာမှတော့ တဖက်ထဲ ဘက်က အလေးသာနေတာ တော့ မကောင်းပါဘူး။