Strange feeling and incident at Pyinnyar Thiha Thein ပညာသီဟသိမ်​ကျောင်း ​(ခေါ်) မင်း​ကျောင်း​​တောရ

แชร์
ฝัง
  • เผยแพร่เมื่อ 11 ต.ค. 2024
  • 📿ပညာသီဟသိမ်​ကျောင်း (​ခေါ်) မန်းကျောင်း​တောရ 🙏
    စစ်ကိုင်းမြို့ ဝါးချက်ရွာရဲ့ ​မြောက်ဘက်၊ပညာသီဟ​ချောင်မှာတည်ရှိပါတယ်။
    လက်ရှိ ဆရာ​တော် ဦး က္ကုဒိ​ဇေယျ တပါးတည်း သီတင်းသုံး​နေတာဖြစ်ပါတယ်။
    ​တောရ​ကျောင်းမို့ အနီးဆုံးရွာ​တွေနဲ့ ​အနည်းဆုံး ပေ၃၀၀၀ အကွာအ​ဝေး မှာတည်​ဆောက်ခဲ့တာပါ။
    ခု​တော့ ရွာ​တွေမြို့​တွေ ချဲ့ကြတာနဲ့ အာ့​လောက်​တော့မ​ဝေး​တော့​ပေမယ့် ​ကျောင်းအနီးတဝိုက်က​တော့ ခုချိန်ထိ အသွာအလာနည်းပြီး လူပြတ်ပါတယ်။
    ​မင်းဝံ​တောင်ရိုးရဲ့ ​တောင်ထွဋ်တခု​ပေါ်မှာ ရှိ​နေပြီးကျောင်း​ပေါ်က​နေ လှမ်းကြည့်လိုက်ရင် ဧရာဝတီ မြစ်နဲ့ ဒီအနီးတဝိုက်က ​နေရာတွေကို အ​ပေါ်စီးက​နေ လှမ်းမြင်ရပါတယ်။
    အဲ့ဒါ​ကြောင့်လည်း ယခင်​ခေါတ်က ဂျပန်တပ်​တွေ ဒီသိမ်​ကျောင်းကြီး​ပေါ်မှာ တပ်စွဲခဲ့ကြပါတယ်။
    ခုချိန်မှာ​တော့ သိမ်​ကျောင်းကြီးအနီးတဝိုက် လာကြတဲ့ လူအချို့က မမြင်အပ်တဲ့​လောကက ​ခြောက်လှန့်မှု​တွေနဲ့ ကြုံရတယ်လို့ ​ပြောကြပါတယ်။
    ​ကျောင်းကြီးကိုမြင်လိုက်တာနဲ့ လွမ်း​ဆွေးသလို ထူးခြားတဲ့ခံစားချက်​မျိုး​တွေလည်း ဖြစ်ကြပါတယ်။
    1920 ခုနစ်က တည်​ဆောက်ခဲ့တာဆို​တော့ သက်တမ်းက နှစ်​ပေါင်း​ကျော်ပါပြီ။
    အလှူ့ရှင်က​တော့ ချပ်သင်း ရွာက စည်သူဘွဲ့ရ သူ​ဌေးကြီး ဦးဘတင် (ဦးဘဒင်) နဲ့ သူ​ဌေးက​တော် ​ဒေါ်သိန်းပါ။
    ဦးဘတင်က ဆန်လုပ်ငန်း ​ကျောက်မီး​သွေးလုပ်ငန်း ဘဏ်လုပ်ငန်း မီးရထားဇလီဖာတုံး လုပ်ငန်း သစ်လုပ်ငန်း​တွေကို လုပ်ကိုင်ခဲ့သူဖြစ်ပြီး အထက်မြန်မာပြည်တဝှမ်းက သာသနိကအ​ဆောက်အအုံ​တွေမှာ ဦးဘတင်ရဲ့ အလှူနဲ့လွတ်ကင်းတာမရှိလို့ ​ပြောစမှတ်တွင်ရ​လောက်​အောင် သာသနာ​ရေးမှာအားဖြည့်ခဲ့သူဖြစ်ပါတယ်။
    ရန်ကုန်ဘက်မှာလည်း ထူးခြားတဲ့ အလှူကြီး​တွေ လှူခဲ့သူ​တွေပါ။ဦးဘတင်မိသားစု သဒ္ဓါထက်သန်စွာလှူခဲ့တဲ့ အလှူ​ပေါင်းများစွာထဲမှာ ပညာသီဟသိမ်​ကျောင်းကြီးကလည်း တခုအပါအဝင်ဖြစ်ပါတယ်။
    ဘုရား ​ကျောင်း ကန် သိမ် ပြည့်စုံစွာလှူခဲ့တာဖြစ်ပြီး
    ကိုလိုနီ​ခေါတ်မြန်မာမှုမြန်မာ့ဟန်လက်ရာ​တွေကို ပညာသီဟသိမ်​ကျောင်းကြီးမှာ မြင်​တွေ့ရမှာပါ။
    သိမ်​ကျောင်းကြီးရဲ့ တည်​နေရာ သွင်ပြင်ဟာ ထူးခြားပြီး စိတ်ကိုဖမ်းစား​စေနိုင်တဲ့ ထူးခြားတဲ့ ​ကျောင်းကြီးတ​ကျောင်းဖြစ်ပါတယ်။
    #ပညာသီဟသိမ်
    #စစ်ကိုင်း
    #ပညာသီဟ​ချောင်
    #မန်းကျောင်း​တောရ
    #Adventureholidaysbynway
    #NwayNge

ความคิดเห็น • 6

  • @BikepackingMyanmar
    @BikepackingMyanmar 10 หลายเดือนก่อน

    အမြဲအားပေးနေပါတယ်

    • @adventureholidays9643
      @adventureholidays9643  10 หลายเดือนก่อน +1

      ​ကျေးဇူးတင်ပါတယ်
      Bro ရဲ့ စက်ဘီးစီးတဲ့ video ​တွေကိုလည်း အား​ပေး​နေပါတယ်။ subscribe လည်း လုပ်ထားပါတယ်bro

    • @BikepackingMyanmar
      @BikepackingMyanmar 9 หลายเดือนก่อน

      @@adventureholidays9643 ကျေးဇူးပါ အေးချမ်းသွားရင် အစ်မတို့ သွားပြထားတဲ့နေရာတွေ သွားဖို့ စုထားတယ်

    • @adventureholidays9643
      @adventureholidays9643  9 หลายเดือนก่อน

      အမြန်​အေးချမ်းပါ​စေ❤

  • @NyanLinHtet-l4q
    @NyanLinHtet-l4q 8 หลายเดือนก่อน

    ကိုယ်တွေ့ခံရတာပါ တစ်ခုခုနဲ့လှမ်ပစ်သလိုမျိုး ပုတ်နေတဲ့အသံမျိုးတွေကြားရတယ်

    • @adventureholidays9643
      @adventureholidays9643  7 หลายเดือนก่อน

      ​ကျောချမ်းစရာကြီး​နော်