COVID-19 Information: Burmese (page 5)

แชร์
ฝัง
  • เผยแพร่เมื่อ 28 ก.ย. 2024
  • အမြင့်မားဆုံး ကာကွယ်မှုအတွက် COVID-19 ကာကွယ်ဆေးများထိုးပါ။ သင့်အား COVID-19 ဖြစ်ခြင်းကြောင့် အပြင်းအထန်ဖျားနာခြင်းမှ ကာကွယ်ပေးနိုင်သော ကာကွယ်ဆေးများရှိပါတယ်။ သင့်လက်မောင်းတွင် ထိုးနှံရသော ကာကွယ်ဆေးများသည် သင့်ကိုယ်ခန္ဓာကို COVID-19 ကဲ့သို့သော ရောဂါများအား တိုက်ထုတ်ရန် သင်ကြားပေးပါတယ်။ COVID-19 ကာကွယ်ဆေးများသည် လူကြီးများ၊ ကလေးများနှင့် ငယ်ရွယ်သောကလေးများအတွက် ဘေးကင်းပြီး United States တွင် ရရှိနိုင်ပါတယ်။
    ကာကွယ်ဆေးများမှာ ဘေးကင်းလုံခြုံပါသည် ကာကွယ်ဆေးများကို လူမျိုးမရွေး၊ တိုင်းရင်းသားမရွေး၊ အသက်အရွယ်မရွေး၊ ကျန်းမာရေးအခြေအနေအမျိုးမျိုးတွင် ဘေးကင်းကြောင်း သုတေသနပြု သက်သေပြထားပါတယ်။ ကာကွယ်ဆေးထိုးခြင်းကြောင့်ဖြစ်သော ပြဿနာများထက် COVID-19 ကြောင့် ပြင်းထန်နောက်ဆက်တွဲပြဿနာများ ဖြစ်ရန် အခွင့်အလမ်းပိုများသည်။ ကာကွယ်ဆေးများသည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ဘေးကင်းပါတယ်။
    ကာကွယ်ဆေးများသည် ထိရောက်မှုရှိပါတယ်။ COVID-19 ကာကွယ်ဆေးများသည် ကောင်းစွာ အလုပ်လုပ်ပါသည်။ COVID-19 ကြောင့် အပြင်းအထန်ဖျားနာသူ အများစုမှာ နောက်ဆုံးပေါ်ဆေးကို မထိုးထားသောကြောင့် ဖြစ်ပါသည်။ ကာကွယ်ဆေးထိုးထားပါက သင်သည် နေထိုင်မကောင်းဖြစ်ခဲ့သည့်တိုင်အောင် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် အသက်အန္တရာယ်မှ ကာကွယ်ပေးပါတယ်။
    လူအချို့တွင် ကာကွယ်ဆေးထိုးပြီးနောက် ဘေးထွက်ဆိုးကျိုးများ ခံစားရပါတယ်။ ပုံမှန်အားဖြင့် 1-3 ရက်ကြာ ဖျားတတ်ပါတယ်။ ဘေးထွက်ဆိုးကျိုးဆိုသည်မှာ ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်ရန် သင့်ခန္ဓာကိုယ်မှ အကာအကွယ်တည်‌ဆောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများထက် COVID-19 ကာကွယ်ဆေး၏ အကျိုးကျေးဇူးများမှာ ပိုကြီးမားပါတယ်။

ความคิดเห็น •