ဖမ်းခံထားရတဲ့မြန်မာနိုင်ငံသားတွေနဲ့စစ်ဘေးဒုက္ခသည်တွေကိုမြန်မာပြန်မပို့ဖို့အိန္ဒိယအစိုးရကိုတောင်းဆို

แชร์
ฝัง
  • เผยแพร่เมื่อ 19 มิ.ย. 2024
  • အိန္ဒိယနိုင်ငံ အာသံနဲ့ မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေမှာ ဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို မြန်မာပြည် ပြန်မပို့ဖို့ အိန္ဒိယအစိုးရကို အရပ်ဘက်အဖွဲ့အစည်းလေးခုက ဇွန်လ ၁၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
    India For Myanmar၊ Blood Money Campaign၊ Defend Myanmar Democracy နဲ့ Sitt Nyein Pan Foundation စတဲ့အဖွဲ့လေးခုက မြန်မာနိုင်ငံသားတွေကို ပြန်မပို့ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
    ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီကြောင့် အိန္ဒိယနိုင်ငံထဲသို့ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ၇၀,၀၀၀ ကျော်ထဲက ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချထားခြင်းကိုလည်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ အဖွဲ့ ၄ခုကကန့်ကွတ်ရှုတ်ချပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။
    မဏိပူရ်ထောင်ထဲမှာရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား တစ်ရာဝန်းကျင်ဟာ နေရပ်ပြန်မပို့ဖို့အတွက် အစာငတ်ဆန္ဒပြနေတာ လေးရက်ရှိနေပြီး လက်ရှိအချိန်ထိ ညှိနှိုင်းမှုမှာ ပြေလည်မှုမရသေးဘူးလို့လည်း သိရပါတယ်။
    ဇွန်လ ၁၇ ရက်နေ့က အစာငတ်ခံဆန္ဒပြနေသူတွေကို ထောင်အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ ဆက်လက် အစာငတ်ခံဆန္ဒပြနေတာဖြစ်ပါတယ်။
    မြန်မာပြည်သူတွေဟာ စစ်တပ်ကြောင့် အကြမ်းဖက် သတ်ဖြတ်ခံရခြင်း၊ မတရားဖမ်းဆီးခံနေရခြင်းနဲ့ လူ့အခွင့်အရေးများစွာကို ချိုးဖောက်ခံနေရချိန် အိန္ဒိယအစိုးရဟာ မြန်မာပြည်သူများအပေါ် မရပ်တည်ဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေခြင်းကို များစွာစိတ်မကောင်းဖြစ်ရတယ်လို့လည်း အဆိုပါအဖွဲ့ ၄ ဖွဲ့ကထုတ်ပြန်ထားပါတယ်။
    အိန္ဒိယအစိုးရဟာ အာသံပြည်နယ်က မြန်မာစစ်ရှောင် ၂၇ ဦးနဲ့ မဏိပူရ်ပြည်နယ်က မြန်မာစစ်ရှောင် ၂၀၉ ဦးခန့်ကို ဖမ်းဆီးထောင်ချထားပြီး ယင်းအထဲက ၇၆ ဦးကို အိန္ဒိယအစိုးရက စစ်ကောင်စီထံသို့ လွှဲပြောင်းထားကြောင်း သိရပါတယ်။
    အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာလူမျိုး ၃၈ ဦးကို ဇွန်လ ၁၁ ရက်နေ့က ပြန်ပို့ခဲ့သလို မေလ ၂ ရက်နေ့ကလည်း ၃၈ ဦးကို ပြန်လွှဲပေးခဲ့တာပါ။
    အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေလည်းပါဝင်တာကြောင့် အိန္ဒိယအစိုးရက ပြန်ပို့ဖို့လုပ်တာဟာ သူတို့အတွက် အန္တရာယ်ရှိတယ်လို့ ဆိုထားပါတယ်။
    လက်ရှိ အာသံနဲ့ မဏိပူရ်ထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော်နဲ့ မဏိပူရ်က မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်ကို စစ်ကောင်စီထံကို လွှဲပြောင်းဖို့ ပြင်ဆင်နေတယ်လို့ကြားရတဲ့အတွက် စိုးရိမ်ပူပန်တယ်လို့လည်း ရေးသားထားပါတယ်။
    ဖမ်းဆီးခံရသူများမှာ ၎င်းတို့ကျခံရမယ့် ပြစ်ဒဏ်၊ ငွေဒဏ်များ ကျခံပြီးဖြစ်ပေမယ့် အိန္ဒိယအစိုးရက ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကာ ဖမ်းဆီးခံရသူတွေနဲ့ မိသားစုဝင်များမှာ များစွာနစ်နာနေရတဲ့ အပြင် လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အဆိုပါ ၄ ဖွဲ့က ဆိုပါတယ်။
    ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့သောလုပ်ရပ်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်များအား ချက်ချင်း ရပ်တန့်ကာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ အစာငတ်ခံဆန္ဒပြ တောင်းဆိုမှုများအား လူသားချင်းစာနာမှုဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး အိန္ဒိယနိုင်ငံအတွင်းမှာသာ ပြန်လည်ခိုလှုံခွင့်ပေးရန်နဲ့ ဒီမိုကရေစီ၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ပေးဖို့ အလေးအနက် တိုက်တွန်း တောင်းဆိုကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။
    ဒီတောင်းဆိုချက်တွေကို အိန္ဒိယအစိုးရနဲ့ သံရုံးတွေကို ပေးပို့သွားမယ်လို့လည်း သိရပါတယ်။
    #Political News
    #MizzimaTV
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

ความคิดเห็น • 3

  • @komgkomg2433
    @komgkomg2433 7 วันที่ผ่านมา +4

    မြန်မာနိုင်ငံသားများ
    ဘယ်နိုင်ငံရောက်ရောက်
    အခက်ခဲတွေဘယ်လိုကြုံကြုံ ခဏ တောက်ခံပေးကြပါ ဗျာ မြဝတီ ဒေါန AA. စသည် စစ်ပွဲးတောက်ခံပေးမုကြောင့်
    မကြာခင်မှာ မြန်မာပြည်သူတွေ ဘဝ လွတ်လပ်လာတော့မှာပါ ဗျာ

    • @MarwinMarwin-fg6qy
      @MarwinMarwin-fg6qy 22 ชั่วโมงที่ผ่านมา

      ❤❤❤❤😂😂😂🎉🎉🎉🎉🎉🎉🎉🎉🎉 1:46

  • @teliboyy
    @teliboyy 6 วันที่ผ่านมา

    စစ်ကောင်စီကမင့်နမကိုတက်ဂွန်နေလို့လားခွေးမသား