Emerald Bay budget travel [ YBSခ 1200ksနဲ့ ပင်လယ်ကမ်းနားကို အပန်းဖြေသွားကြမယ် ]

แชร์
ฝัง
  • เผยแพร่เมื่อ 10 ก.ย. 2024
  • ကဲ .... ဒီတစ်ခေါက်တော့ ရန်ကုန်ထဲမှာရှိတဲ့ နီးနီးနားနား Emerald Bay ကို အပန်းဖြေသွားကြမယ်လေ ။
    ရန်ကုန်ကလူတွေအတွက် အဆင်ပြေဆုံး စရိတ်အသက်သာဆုံး အေးဆေး chillလို့ရတဲ့ နေရာလေးတစ်ခုပေါ့နော် ။
    YBS နဲ့ဆို သာကေတ ရှုခင်းသာမြို့ပတ်လမ်းမှာရှိတဲ့ ဆီဆိုင်မှတ်တိုင်ဆို တည့်တည့်ပါပဲ ။
    မြို့တွင်းကနေလာမယ်ဆို အနည်းဆုံး ကား၂ဆင့်စီးရပါလိမ့်မယ် ။
    ခရီးစရိတ်အနေနဲ့
    သာကေတ သ​င်္ဘောကျင်းမှတ်တိုင်ကို ရောက်တဲ့ YBSကားခ 300ks
    သင်္ဘောကျင်း - ဆီဆိုင် YBS 31 ကားခ 300ks
    အသွားအပြန်ဆို 1200ks ကုန်ကျပါမယ် ။
    ညနေပိုင်းဆို ကားမရှိတော့တာမို့ အပြန်နောက်မကျဖို့သတိပြုပါ ။
    Emerald Bay မှာ ပန်းခြံရော၊ ခုံတန်းလေးတွေရော၊ ကော်ဖီဆိုင်ရော၊ အိမ်ယာအရောင်းပြခန်းရော၊ ရေကူးကန်၊ ကစားကွင်း အစုံရှိလို့ မိသားစုတွေ၊ စုံတွဲတွေ၊ သူငယ်ချင်းတွေ အတူတူသွားရင် ပိုပျော်ဖို့ကောင်းမှာပါ ။
    ပင်လယ်နဲ့မြစ်နဲ့ဆက်သွားတဲ့နေရာမှာ ရေအရောင် ၂ခု ကွဲနေတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် ။
    ဆိုတော့.... ဒီတစ်ပတ်တော့ Emerald Bay ကို မိတ်ဆက်လိုက်ပါတယ် ။
    ရှေ့အပတ်များမှာလည်း သောကြာနေ့တိုင်း ပြန်လည်ဆုံတွေ့ကြမယ်နော့ ။
    ဟုတ်ကဲ့! ကျွန်မ မလှိုင်းပါ ။ 😊
    #EmeraldBay #thaketa #yangon #Myanmar #budget #travel #vlog #shorttrip #daytrip #Hlainesays #မလှိုင်း

ความคิดเห็น • 9

  • @myat-tk9lm
    @myat-tk9lm ปีที่แล้ว

    မင်္ဂလာပါ မြစ်လေး
    ကျန်းမာ ပျော်ရွင်
    ချမ်းမြေ့ အောင်မြင်ပါစေ။

  • @brangjra7509
    @brangjra7509 ปีที่แล้ว

    Love ❤️ you

  • @brangjra7509
    @brangjra7509 ปีที่แล้ว

    ထာဝရ ချစ်တယ် အရမ်းချစ်တယ်

  • @user-ol1qm9ey7g
    @user-ol1qm9ey7g 7 หลายเดือนก่อน

    ฉันเริ่มต้นให้แค่นี้ศึกษาหาความรู้ยกระดับตัวเองให้ได้ทุกวันทุกปีมันก็มีความก้าวหน้าในกิจการ

  • @bengazi179
    @bengazi179 2 ปีที่แล้ว

    As always, I get only the best videos from you :)

    • @hlainesays
      @hlainesays  2 ปีที่แล้ว

      Thank you always for these kind words. 😊

  • @MyoSett-sl8zm
    @MyoSett-sl8zm ปีที่แล้ว

    ပဲခူးမြစ်ပဲကြားဖူးတယ် သန်လျင်မြစ်လို့မကြားဘူးသေးဘူး အသစ်တွေအသစ်တေံ

    • @hlainesays
      @hlainesays  ปีที่แล้ว

      တကယ်ကရန်ကုန်မြစ်ပါ
      လက်တန်းဆိုတော့ မှားပြောမိတာ😅

    • @MyoSett-sl8zm
      @MyoSett-sl8zm ปีที่แล้ว

      မှတ်သားထားပါ့မယ် တကယ်လေ့လာအားကောင်းတာပဲ