Myanmar Christian Dance (ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချီးမွမ်းလော့)

แชร์
ฝัง
  • เผยแพร่เมื่อ 11 พ.ค. 2024
  • Myanmar Christian Dance (ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချီးမွမ်းလော့)

    ဘုရားသခင်ကို သင်ချီးမွမ်းလိုလျှင်၊ အသံကျယ်နိုင်သမျှ ကျယ်ကျယ် သီဆိုလော့။
    သင် ကခုန်လိုလျှင် ထ၍ ကခုန်လော့။
    ဘုရားနှုတ်ကပတ်တော်များကို စားသောက်လိုလျှင် စားသောက်လော့။
    ဆုတောင်းလိုလျှင် ဆုတောင်းပါ။
    ဘုရားအကြောင်းကို စဉ်းစားလော့၊ ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီး မိတ်သဟာယပြုလော့။
    စဉ်းစားချင့်ချိန်၊ တွေးဆပြီး ဘုရားသခင်ကို သာ၍ ရှာဖွေလော့။
    အသင်းတော်အသက်တာက အသက်ဝင်တက်ကြွပြီး ချီးမွမ်းခြင်းက ပုံစံမျိုးစုံဖြစ်နိုင်သည်။
    နေ့စဉ် ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရင်း ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို မြင်ရ။
    ဘုရားသခင်ကို ချီးမွမ်းခြင်းက ကျွန်ုပ်တို့ စိတ်နှလုံးကို လွတ်မြောက်စေသည်၊
    စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ကန့်သတ်ချုပ်ချယ်မှုများ မရှိ။
    စစ်မှန်သော ချီးမွမ်းခြင်းဖြင့် ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ဖြစ်လာသည်။
    ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်ခြင်းက
    နှိုင်းမရသည့် ဝမ်းမြောက်ခြင်း ဆောင်ကြဉ်းပြီး ကျွန်ုပ် အမှန်တကယ် ပျော်ရွှင်ကြသည်။

    ဘုရားနှုတ်ကပတ်တော်များကို မွေ့လျော်ရန် အတူစုဝေးလျက်၊
    သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ကျွန်ုပ်တို့ ရရှိ။
    သမ္မာတရားကို မိတ်သဟာယပြုကာ အတွေ့အကြုံများ ဝေမျှခြင်းအားဖြင့်၊
    ဘုရားသခင်၏ ကောင်းချီးများကို ကျွန်ုပ်တို့ မွေ့လျော်ခံစား။
    ဘုရားသခင်ကို စိတ်နှလုံးနှင့် ရိုးသားမှုဖြင့် ကိုးကွယ်ခြင်းသည် နိုင်ငံတော်၏ အသက်တာဖြစ်သည်။
    ကျွန်ုပ်တို့သည် ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်ပြီး၊
    စစ်မှန်သည့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများ ကျွန်ုပ်တို့ ပိုင်ဆိုင်ကြသည်။
    အသင်းတော် အသက်တာကို ကျွန်ုပ်တို့ အလွန်မွေ့လျော်ကြ။
    ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ပြီး၊ သမ္မာတရားကို နားလည်ကြသည်။
    ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပယ်ကာ လူသစ်တစ်ဦး ဖြစ်လာလျက်၊
    ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ရှိကာ ကျွန်ုပ်တို့ စိတ်နှလုံးများ၌ သူ့ကို ချီးမွမ်းကြသည်။
    တရားစီရင်ခြင်းအားဖြင့် ကျွန်ုပ်တို့ သန့်စင်ခံရပြီး
    ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ တွေ့ကြုံခံစားကြသည်။
    ဘုရားကယ်တင်ခြင်း၏ ကြီးမြတ်မှုကို မြင်သည့်အခါ၊
    ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကာ ချီးမွမ်းကြသည်။

    ညီအစ်ကို မောင်နှမများ၊ ဘုရားသခင်ကို ချီးမွမ်းရန် အတူစုဝေးဖို့
    ကျွန်ုပ်တို့အတွက် အကြိတ်အနယ် ကြိုးစားထားရသောအရာပေ။
    အဆင်းနီသော နဂါးကြီး၏ အရူးအမူး ဖိနှိပ်ခြင်းက အလွန် မုန်းတီးဖွယ်ဖြစ်သည်။
    နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့ ခံစားရပြီးဖြစ်ကာ
    ဘဝက ကျွန်ုပ်တို့ကို ပေးနိုင်သမျှကို ကျွန်ုပ်တို့ တွေ့ကြုံပြီးဖြစ်သည်။
    ကျွန်ုပ်တို့ စိတ်ဆုံးဖြတ်ချက်ကို မည်သည့်အရာကမျှ မတုန်လှုပ်စေသကဲ့သို့
    ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် လုံးဝ ဖြစ်ပေ။
    ကျွန်ုပ်တို့၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်ပေးခဲ့သည့် အပင်ပန်းခံသော အဖိုးအခကို တိုင်းတာမရနိုင်။
    ကျွန်ုပ်တို့အလယ် ဘုရားသခင် အသက်ရှင်။ သူသည် ကျွန်ုပ်တို့နှင့်အတူ အသက်ရှင်။
    ဒီလှပသော အချိန်၊ ဤလှပသောဘဝ၊ အလွန် မေ့မရနိုင်ဖွယ်ဖြစ်ပေ။
    ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်သည်၊ ဘုရားသခင်ကို အစဉ်ထာဝရ ကျွန်ုပ်တို့ ချစ်ပြီး၊
    သူ့အတွက် ချီးမွမ်းခြင်း သီချင်းများ ကျွန်ုပ်တို့ အစဉ်ထာဝရ သီဆိုကြမည်။
    သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
    ကျေးဇူးပြု၍ မှတ်သားရန်- ဤချန်နယ်လ်မှ ဗီဒီယိုများအားလုံးကို အခမဲ့ကြည့်ရှုနိုင်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ TH-cam ချန်နယ်လ်မှ မည်သည့် ဗီဒီယိုကိုမဆို ကြိုတင်ခွင့်ပြုချက် မရှိဘဲ၊ သီးခြားပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အုပ်စုက တစ်စုတစ်လေက ကူးယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ကွန့်ခြင်း သို့မဟုတ် ကောက်နုတ်ခြင်းတို့ကို အထူးတလည် ရည်ရွယ်၍ တားမြစ်ထားပါသည်။ ဤစည်းမျဉ်းစည်းကမ်း တစ်ခုတစ်လေကို ချိုးဖောက်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်ခွင့်ရှိပါသည်။ လူသိရှင်ကြား ဖြန့်ဝေခြင်းအတွက် ကြိုတင်တောင်းဆိုရန် ကျွန်ုပ်တို့အား ကျေးဇူးပြု၍ ဆက်သွယ်ပါ။

ความคิดเห็น • 3

  • @jinzhong8276
    @jinzhong8276 หลายเดือนก่อน

    Amen

  • @glenmarkglevo
    @glenmarkglevo หลายเดือนก่อน

    🎉🎉🎉

  • @AeriKai-fc8fo
    @AeriKai-fc8fo หลายเดือนก่อน

    အာမင်၊ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ 💖🙏