ဆရာတင်မိုးပြောပြတဲ့ "ဧည့်သည်ကြီး" ကဗျာအကြောင်း _ Sayar Tin Moe

แชร์
ฝัง
  • เผยแพร่เมื่อ 11 มี.ค. 2024
  • #sayartinmoe#‌ဆေးလိပ်လည်းတို#တင်မိုး#ဧည့်သည်ကြီး
    `` ဧည့်သည်ကြီး ´´
    ဆေးလိပ်လည်းတို..
    နေလည်းညိုပြီ..
    ငါ့ကို ပြန်ပို့ကြပါလေ ...
    တင်မိုး
    တစ်နေ့တော့ အင်း၀က ကဗျာဆရာကြည်အောင် မနက်ခင်း ရောက်လာတယ်။ အိမ်မှာလည်း ဘယ်သူမှ မရှိ။ ကျောင်းဘက် ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်တည်း ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့ မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေမှ စုံလို့။
    ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီး ဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ် တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်လေးလည်း ကျနော်တို့ နှစ်ယောက်ကို ငေးကြည့်နေသလိုလို။
    ညနေစောင်း ကျောင်းဆင်းချိန် ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလည်း တဖြည်းဖြည်း တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလည်း တိုပြီ၊ နေလည်း ညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီလျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦးဆိုပြီး၊ ရှေ့မှာ ချထားတဲ့ ဗလာစာအုပ်လေးထဲ ကဗျာကောက်ခြစ်လိုက်မိတယ်။ `` ဧည့်သည်ကြီး ´´ ..လို့ ခေါင်းစဉ်တပ်လိုက်တယ်။
    ဆေးလိပ်လည်းတို
    နေလည်းညိုပြီ
    ငါ့ကိုအိမ်ပြန်ပို့ကြပါလေ။
    ကြည်အောင်က " ဟော ... ဟုတ်တယ်ဗျို့၊ ကျနော်ပြန်တော့မယ် " တဲ့။ သူပျောက်ကွယ်သွားတယ်။
  • บันเทิง

ความคิดเห็น •