၁၀၂၇ စစ်ဆင်ရေး၊ ရှမ်းပြည်နဲ့ စစ်ကောင်စီဖန်တီးသော ဘာသာရေး၊ လူမျိုးရေးထောင်ချောက်များ - ၅ (မြန်မာဘာသာ)

แชร์
ฝัง
  • เผยแพร่เมื่อ 18 ก.ย. 2024
  • နားလည်ခြင်းနဲ့ ကျော်လွှားခြင်း
    မြန်မာစစ်တပ်ဟာ နိုင်ငံရေးအကျပ်အတည်းနဲ့ ကြုံလာတိုင်း ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခကို လက်နက်အနေနဲ့ အသုံးချလာတာဟာ အစဉ်အဆက်ပဲဖြစ်ပါတယ်။ မြန်မာမှာသာမက ကမ္ဘာမှာပါ အာဏာရှင်တွေအသုံးချလေ့ရှိတဲ့ ဘာသာရေး၊ လူမျိုးရေးအခြေခံတဲ့ အမုန်းတရားလှုံ့ဆော်မှုတွေ၊ အစွန်းရောက်မျိုးချစ်စိတ်နဲ့ အမျိုးသားရေးဝါဒတွေကို မြန်မာစစ်တပ်ကလည်း သမိုင်းတလျှောက် အစဉ်အမြဲအသုံးပြုခဲ့ပါတယ်။
    မတူညီတဲ့ လူမျိုးတွေ၊ မတူညီတဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုတွေကြား ချစ်ကြည်ရင်းနှီးအောင် လုပ်ရမယ့်အစား မြန်မာစစ်တပ်ဟာ လက်နက်အနေနဲ့ အသုံးချကာ သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားတွေဖြန့်ချိကာ နိုင်ငံရေးအကြပ်အတည်းကို အာရုံပြောင်းဖို့ ကြိုးစားလေ့ရှိကြောင်း ဒီကိစ္စတွေအပေါ် အစဉ်တစိုက်လေ့လာနေတဲ့ အဖွဲ့အစည်းတွေကလည်း ထောက်ပြထားပြီးဖြစ်ပါတယ်။
    #MeKongNews
    #စစ်ကောင်စီ
    #ဆောင်းပါး
    #ရှမ်းမြောက်
    #ဝါဒဖြန့်
    #စစ်ရှုံး
    #တယ်လီဂရမ်
    #လူမျိုးရေး
    #ဘာသာရေး

ความคิดเห็น •