ဆိတ်စွပ်ပြုတ် ချက်နည်း Mutton Soup

แชร์
ฝัง
  • เผยแพร่เมื่อ 9 ก.ย. 2024
  • လက်ဖက်ရည်ဆိုင်တချို့မှာ ရောင်းတဲ့ ဆိတ်စွပ်ပြုပ်လေးပါ။ ချက်နည်းက အိန္ဒိယစာဖိုမှူး တချို့ရဲ့ ချက်နည်းဖြစ်ပြီး အားလုံး အလွယ်ဆုံးချက်လို့ရအောင် ပြန်ချက်ပြထားပါတယ်ခင်ဗျာ…
    ကုလားပဲအစိမ်းမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်းစာလောက်ကိူ ရေအေးနဲ့ ဖျော်ပေးထားပါ။ ပဲမှုန့်တွေ အကုန်ပျော်စေဖို့အတွက် အခန်းအပူချိန်မှာ နာရီဝက်လောက်ထားထား‌ပေးပါ။
    ဖာလာစေ့ ။ လေးညှင်း။ ငရုတ်ကောင်း။ ကရဝေးရွက် အနည်းငယ်။
    ငရုတ်သီးစိမ်း ၂ တောင့်။ နံနံစေ့ သို့ နံနံပင်ရဲ့ အမြစ်ပိုင်း။ ကြက်သွန်ဖြူ။ ချင်း လိုပါတယ်။
    ကြက်သွန်နီကိုတော့ ပါးပါးလှီးထားပေးပါ။ ဆိတ်ရိုးကို ရိုးတွင်းချဉ်ဆီပါတဲ့ အရိုးနဲ့ ဆိတ်နံကပ်သားအချို့ ကျွန်တော်သုံးပါတယ်။ ဆိတ်ရိုးတွေကို ပထမဆုံး တရေပြုတ်ပေးရပါမယ်။ ဒယ်အိုးထဲမှာ ရေအေးထည့်ပြီး ဆိတ်ရိုးတွေထည့်မယ်။ ဆား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်မယ်။ ရှလကာရည် ၁ ဇွန်းထည့်မယ်။ ရေဆူလာပြီး ၃ မိနစ်လောက်ဆိုရင် အရိုးတွေဆယ်ပြီး ရေနဲ့ ၅ ခေါက်လောက် ဆေးပေးပါ။
    ဒယ်အိုးထဲမှာ ဆီအနည်းပဲထည့်ပြီး ကြက်သွန်နီတွေမွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ဆီသတ်တာမွှေးလာရင် ငရုတ်သီးစိမ်း ၂ တောင့်။ နံနံစေ့ သို့ နံနံပင်ရဲ့ အမြစ်ပိုင်း။ ကြက်သွန်ဖြူ။ ချင်း ကိုထည့်ပြီး မီးအလယ်အလတ်နဲ့ ဆီသတ်ပြီး မွှေးလာရင် ဖာလာစေ့ ။ လေးညှင်း။ ငရုတ်ကောင်း။ ကရဝေးရွက် အနည်းငယ် စီထည့်ပြီး ဆီသတ်ပေးပါ။ ဆိုင်တချို့မှာ ရောင်းတဲ့ ဆိတ်စွပ်ပြုတ်က အနည်းငယ်စပ်တဲ့အတွက် အစပ်အရသာကြိုက်ရင် ငရုတ်သီးစိမ်းရယ် ငရုတ်ကောင်းစေ့ရယ်ကို ပိုထည့်နိုင်ပါတယ်။
    မွှေးလာရင် နနွင်း။ နံနံစေ့မှုန့် နဲ့ ငရုတ်သီးအရောင်တင်မှုန့် (ထမင်းစားဇွန်းတဝက်)လောက်ပဲ ထည့်ပါ။ ခဏလေးမွှေပေးပြီးရင် ရေဆေးပြီးရေစစ်ထားတဲ့ ဆိတ်ရိုးတွေထည့်ပါမယ်။ ဆိတ်ရိုးတွေကို ဆီနဲ့ ၅ မိနစ်လောက်ထည့်ကြော်ပေးပါ။ ပြီးမှ အိုးထဲထည့်ပြီး ရေထည့်ပြီးး မီးအေးအေးနဲ့ မိနစ် ၄၀ လောက်ထည့်ပါ။
    အရသာအတွက် ဆားထည့်ပါ။ ပြီးရင် ကုလားပဲဖျော်ထားတဲ့ ပဲဖျော်ရည်ကို ထည့်ပါ။ အုန်းနို့ဟင်းရည်လို မပျစ်ဘဲ ခပ်ကျဲကျဲလေး ပဲထည့်တာ ပိုသောက်ကောင်းပါတယ်။ နောက်ဆုံးမှာ မဆလာလေး ဖြူးပေးရင် မွှေးပြီး သောက်ကောင်းတဲ့ ဆိတ်စွပ်ဟင်းရည်လေးရပြီဖြစ်ပါတယ်။
    သံပရာသီးလေးညှစ်။ ချင်း ပါးပါးလှီးထားတာလေးထည့်ပြီး နံပြားနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။
    Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။

ความคิดเห็น • 37

  • @moethan2430
    @moethan2430 10 หลายเดือนก่อน +2

    စားကောင်းမယ့်ပုံ
    ကျေးဇူးပါ ❣❣

    • @Cookfork1
      @Cookfork1  10 หลายเดือนก่อน

      ဟူတ်တယ်ဗျ

  • @user-sd8vm6sq6i
    @user-sd8vm6sq6i 5 วันที่ผ่านมา

    thank you so much ❤

    • @Cookfork1
      @Cookfork1  5 วันที่ผ่านมา

      ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️

  • @user-gd9nz3lu2s
    @user-gd9nz3lu2s 8 หลายเดือนก่อน

    ကျေးဇူးတင်ပါတယ်

    • @Cookfork1
      @Cookfork1  8 หลายเดือนก่อน

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @winniesoe3172
    @winniesoe3172 7 หลายเดือนก่อน

    Thank you

    • @Cookfork1
      @Cookfork1  7 หลายเดือนก่อน

      Thank you ❤️😊

  • @nawwin8081
    @nawwin8081 10 หลายเดือนก่อน

    Delicious 😊

    • @Cookfork1
      @Cookfork1  10 หลายเดือนก่อน

      Thank you

  • @MgMgSoe-jg1pd
    @MgMgSoe-jg1pd 10 หลายเดือนก่อน

    Good

    • @Cookfork1
      @Cookfork1  10 หลายเดือนก่อน

      Thank you

  • @AUNGLae-lq3tg
    @AUNGLae-lq3tg 4 หลายเดือนก่อน

    မဂ်လါပါ ခဗျား

    • @Cookfork1
      @Cookfork1  4 หลายเดือนก่อน

      မင်္ဂလာပါခင်ဗျာ 🌷

  • @kyiphyu3903
    @kyiphyu3903 7 หลายเดือนก่อน

    Bar တွေကလို ပဲစေ့ အိအိလေးတွေပါ ပါစေချင်ရင် ဘယ်လိုချက်ရမလဲဟင်အကို

    • @Cookfork1
      @Cookfork1  7 หลายเดือนก่อน

      ပဲစေ့ကို ၁ ညရေစိမ်ပြီး ဟင်းရည်စတည်ကတည်းက ပြုတ်ပေးလိုက်ပါခင်ဗျာ

  • @sususein375
    @sususein375 10 หลายเดือนก่อน

    ကုလားပဲက အကျတ်လား အစိမ်းလား ရှင်

    • @Cookfork1
      @Cookfork1  9 หลายเดือนก่อน

      အစိမ်းပါ

  • @user-cl3pp7ki1l
    @user-cl3pp7ki1l 3 หลายเดือนก่อน

    အမဲစွပ်ပြုတ်လေးချက်ပြပါအုံး

    • @Cookfork1
      @Cookfork1  3 หลายเดือนก่อน +1

      ဟုတ်ကဲ့ကြိုးစားချက်ပြသွားပါမယ်ခင်ဗျ။

  • @phyulay8906
    @phyulay8906 2 หลายเดือนก่อน

    ဒူးရိုးနဲ့ချဉ်ဆီရိုးကအကောင်းဆုံးပါရှင့်
    ပဲမှုန့်နဲဆားကိုအရိုးကိုအရင်ဆေးပေးပါ
    ပြီးမှသံပုရာသီးနဲ့နာရီဝက်နှပ်ထားပေးပြီးဆေးချပါဒါဆိုသိပ်ပြီးမညီတော့ပါနူးခါနီးတရေးအလိုမှချင်းနဲကြက်သွန်ဖြူကိုထည့်ပေးပါဒါဆိုပိုကောင်းတယ်

    • @Cookfork1
      @Cookfork1  2 หลายเดือนก่อน

      အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ။🙏

  • @ayeaye3541
    @ayeaye3541 10 หลายเดือนก่อน

    ကျေးဇူးပါရှင့် 😊

    • @Cookfork1
      @Cookfork1  10 หลายเดือนก่อน +1

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @zzmzzm9998
    @zzmzzm9998 10 หลายเดือนก่อน

    ဝဉခေါက်ဆွဲအစားပဲကြာဇံရပါသလား

    • @Cookfork1
      @Cookfork1  10 หลายเดือนก่อน

      ရပါတယ်ခင်ဗျ

    • @zzmzzm9998
      @zzmzzm9998 10 หลายเดือนก่อน

      @@Cookfork1 ကျေးဇူးပါ

  • @runawaysfox7638
    @runawaysfox7638 9 หลายเดือนก่อน

    အစိမ်းမှုန့် ထည့် ပြီး ဘယ် လောက် စောင့်ရပါလဲ

    • @Cookfork1
      @Cookfork1  9 หลายเดือนก่อน

      ၁၅ မိနစ်လောက်ထပ်ချက်ပေးပါ

    • @runawaysfox7638
      @runawaysfox7638 9 หลายเดือนก่อน

      1 မိနစ် လောက် ဆိုတူး သွားလို့ ပါ မီးပြင်း လို့ ထင် ပါတယ်

    • @runawaysfox7638
      @runawaysfox7638 9 หลายเดือนก่อน

      ငရုတ် သီး အစိမ်းမှုန့် ပြောတာ ပါ

    • @Cookfork1
      @Cookfork1  9 หลายเดือนก่อน

      @runawaysfox7638 ၇ မိနစ်လောက်ပါ

    • @Cookfork1
      @Cookfork1  9 หลายเดือนก่อน

      @runawaysfox7638 မီးအားအသေးဆံုးနဲ့ ငရုတ်သီးမှုန့် အစိမ်းနံ့ပျောက်ရင်ရပါပြီ

  • @user-tr5ze7gl9w
    @user-tr5ze7gl9w 10 หลายเดือนก่อน

    good

    • @Cookfork1
      @Cookfork1  10 หลายเดือนก่อน

      Thank you 🙏

  • @AUNGLae-lq3tg
    @AUNGLae-lq3tg 4 หลายเดือนก่อน

    မဂ်လါပါ ခဗျား

    • @Cookfork1
      @Cookfork1  4 หลายเดือนก่อน

      မင်္ဂလာပါခင်ဗျာ 🌷