စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရနိုင်ဘူးလို့ TNLA ပြော

แชร์
ฝัง
  • เผยแพร่เมื่อ 6 ก.พ. 2025
  • စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ စစ်မှန်တဲ့ငြိမ်းချမ်းရေးမရနိုင်ဘူးလို့ TNLA ပြော
    ~~~~~~
    ■ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် တားဂျုတ်ဂျားက ပြောလိုက်ပါတယ်။
    ဒီယုံကြည်ချက်ကြောင့် TNLA က ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်တာလို့ ဗိုလ်ချုပ် တားဂျုတ်ဂျားက ဒီကနေ့ TNLA သတင်းပြန်ကြားရေးအဖွဲ့နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။
    FPNCC အဖွဲ့ဝင်တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခြင်းမရှိတာ၊ လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ NUG လက်အောက်ခံ PDF တွေ ဆွေးနွေးပွဲမှာ ပါဝင်ခြင်းမရှိတာကြောင့် TNLA အနေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
    ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရ လက်ထက်မှာတောင် ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ခဲ့တဲ့အတွက်၊ လက်ရှိနိုင်ငံရေးအခြေအနေ ရှုပ်ထွေးတဲ့ကာလမှာ စစ်ကောင်စီက ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ် တားဂျုတ်ဂျားကပြောပါတယ်။
    စစ်ကောင်စီဟာ ပြည်သူရွေးကောက်ခံ အရပ်သား အစိုးရကိုဖြုတ်ချပြီး တိုင်းပြည်ကို ထင်တိုင်းလုပ်နေတယ်လို့လည်း သူကဆိုပါတယ်။
    TNLA အနေနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရနဲ့သာ ငြိမ်းချမ်းရေးဆွေးနွေးလိုပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးလမ်းကြောင်းကို ဦးတည်ရမယ်လို့လည်း ဗိုလ်ချုပ် တားဂျုတ်ဂျားကပြောပါတယ်။
    ---
    ~~~~~~
    ---------------------------------
    လွတ်လပ်တဲ့အာရှအသံ
    မြန်မာသတင်းနဲ့ဗီဒီယိုတွေ ကြည့်နိုင်ဖို့
    RFA မြန်မာဌာနဝက်ဘ်ဆိုက်: www.rfa.org/bur...
    RFA မြန်မာဌာနသတင်းလွှာရယူဖို့: www.rfa.org/bur...
    RFA မြန်မာဌာန Podcast: streamer1.rfawe...
    Subscribe on:
    TH-cam: bit.ly/2ajgBxf
    Facebook: www.facebook.c...
    Twitter: / rfaburmese
    TH-cam: / @rfaburmese
    Soundcloud: / burmeserfa
    တယ်လီဖုန်းအတွက် RFA Burmese Mobile App
    Android: play.google.co...
    Apple: itunes.apple.c...

ความคิดเห็น • 20

  • @တအာင်း-ခ၂စ
    @တအာင်း-ခ၂စ 2 ปีที่แล้ว

    👏👏👏👏👏🙏🙏🙏

  • @kaunghtet9220
    @kaunghtet9220 2 ปีที่แล้ว +3

    မှန်လိုက်တာ
    အမျော်အမြင်ဆိုတာ ဒါပေါ့
    လေးစားပာတယ် TNLA

  • @zorzaw518
    @zorzaw518 2 ปีที่แล้ว +2

    လေးစားပါတယ် ဗီုလ်ချုပ်ကြီး

  • @saikyawthu1629
    @saikyawthu1629 2 ปีที่แล้ว +2

    ပြည်သူပိုင်လက်နက်နဲ့ ပြည်သူ့အာဏာကို ဓားပြတိုက်ယူထားတဲ့ အာဏာရူး အုပ်စုက ငြိမ်းချမ်းရေး ဦးဆောင်ဆွေးနွေးလို့သာ အောင်မြင်ခဲ့မယ် ဆိုရင် ကမ္ဘာ့ကုလအဖွဲ့စည်း ဆိုတာ ပေါ်လာစရာ အကြောင်း မရှိလောက်ဘူးနော် ။

  • @kyawkyaw2396
    @kyawkyaw2396 2 ปีที่แล้ว

    Good

  • @ulone2276
    @ulone2276 2 ปีที่แล้ว

    ပြေူရင်းနဲပလောင်လဲ ရခိုင်လိုပြည်သူကိလီမ်ပီးအပစ်ရပ်

  • @TNLA-dt3ce
    @TNLA-dt3ce 2 ปีที่แล้ว

    Love. TNLA

  • @mmkyn4477
    @mmkyn4477 2 ปีที่แล้ว +8

    တရားမဝင်တဲ့စစ်ကောင်စီနဲ့ဆွေးနွေးလို့ဘယ်သူမှအသိအမှတ်မပြုဘူး။ သူ့မှာလုပ်ပိုင်ခွင့်လဲမရှိဘူး။ သူကဘယ်သူ့ကိုကိုယ်စားပြုပြီးပြောမှာလဲ၊သူ့ဘက်မှာဘယ်သူမှမရှိဘူး။

  • @vivocsc1415
    @vivocsc1415 2 ปีที่แล้ว +3

    တဖက်ကိုတီညိန်အောင်လုပ်ပီး
    တဖက်ကိုချေမုန်းဖို့ပါ
    PDFကုိချေမုန်းပီး
    တိုင်းရင်းသားဒေသပြန်ထိုးစက်ဆင်မာပဲ့
    မအလစက်မရှိရင်မနေနိုင်ဘူး
    စက်နဲ့စီးဘွားရေးဖြစ်နေတာ
    သွေးခွဲဝါကျင်းသုံ့းတာအခက်ဆက်ဆက်ပါ

  • @pyaephyopyaephyothaw4172
    @pyaephyopyaephyothaw4172 2 ปีที่แล้ว +2

    Thankful TNLA...
    #savemyanmar
    #respectoursdemocracy
    #weneedjustice
    #freedomfromfear
    #dictatorshipmustfail

  • @pan898
    @pan898 2 ปีที่แล้ว +3

    စကစ ဘာပဲလုပ်လုပ် ဘာမှအကျိုးမထူးဖူး

  • @カズヤ2
    @カズヤ2 2 ปีที่แล้ว

    NLD လက်ထက်တုန်းကရောမင်းတို့ကိုစောက်ဖတ်လုပ်ပီးခေါ်ခဲ့လို့လား ခေါင်းကြီးရာ🤣🤣🤣

  • @vivocsc1415
    @vivocsc1415 2 ปีที่แล้ว +3

    TNLA
    နစက
    သပုံလူသန့်တဲ့လက်ကိုဘိန်းခွန်ဆာပဲ့လုပ်မာ
    ငြိမ်းချမ်းရေးတော့မရဘူးလက်ဖက်ရည်ဝိုင်းထိုင်
    လောက်ပဲ့ပီးမာ

  • @vivocsc1415
    @vivocsc1415 2 ปีที่แล้ว +3

    ကျေးဇူးပါကိုတာဖုန်ကျော်ဗာမာတရောက်အနေနဲ့

  • @ဂဠုန်းမင်းမြတ်
    @ဂဠုန်းမင်းမြတ် 2 ปีที่แล้ว +1

    💙💙💙⛳ love TNLA ⛳💙💙💙

  • @ဂဠုန်းမင်းမြတ်
    @ဂဠုန်းမင်းမြတ် 2 ปีที่แล้ว +3

    💙 we are 54 millions of the people's Myanmar love TNLA 💙

  • @beedog2308
    @beedog2308 2 ปีที่แล้ว

    Is TNLA is support min aung hlaing?

    • @guang7592
      @guang7592 2 ปีที่แล้ว

      No he sad no peace for min Aung ling

  • @MaoKherTai
    @MaoKherTai 2 ปีที่แล้ว

    ဢႆၢႈပေႃႈလွင်ႈ