သူများဆွဲထားတဲ့ Web Design ကိုဘယ်လိုအတုယူရမလဲ

แชร์
ฝัง
  • เผยแพร่เมื่อ 18 ก.ย. 2024
  • UI Design ကိုလေ့လာနေတဲ့သူတွေအတွက် ကျနော်အရင်က ပြောခဲ့ဖူးတဲ့ Theory တွေချည်းပဲသိနေလို့မရပါဘူး။ ကိုယ်တိုင်ဆွဲမှ ဆွဲပါများရင်းသိလာပါလိမ့်မယ်။ အဲ့လိုပါပဲ ကိုယ်တိုင်ကဲချ ဆွဲဆိုမလုပ်ခင်မှာ သူများတွေရောဘယ်လိုတွေဆွဲကြလဲ။ တကယ်ကို RnD Teams တွေနဲ့ Design ပိုင်းတွေကို လုပ်ထားတဲ့ Website ကြီးတွေ ဥပမာ Apple, Samsung, Netflix တို့ကရောဘယ်လိုတွေလုပ်ထားလဲဆိုတာကို လေ့လာနေရပါမယ်။
    Design ကိုလေ့လာတယ်ဆိုတာ တကယ်တော့ စာအုပ်တစ်အုပ်ကိုဖတ်တာထက်ပိုအကျိုးရှိပါတယ်။ ဒီ Video လေးမှာတော့ သူများဆွဲထားတဲ့ Website ကိုဘယ်လိုအတုယူရမလဲဆိုတဲ့အခြေခံကိုပြောပြပေးထားတာဖြစ်ပါတယ်။
    Figma ဆွဲနည်း - • Figma ဆိုတာဘာလဲနဲ့ Pro...
    Myanmar UI/ UX Designer Club - / 318169350459354
    -
    Layline Sayar စာကြည့်တိုက် - www.library.laylinesayar.com
    Layline Sayar Telegram Channel - t.me/LaylineSayar
    Layline Sayar website - wwwlaylinesayar.com

ความคิดเห็น • 6

  • @Rainbow-j5k
    @Rainbow-j5k ปีที่แล้ว

    No code tool wordpress ကိုmonthly ၀ယ်သုံးဖို့ ဘယ် bank visa card သုံးရမလဲဆရာ
    Cb bank mmk,usd ကဒ်နဲ့အဆင်‌ေြပပါ့မလား ဆရာ ြမန်မာငွေထည့်ြပီး ၀ယ်ရမှာလားဆရာ usd နဲ့၀ယ်ရမလားဆရာ

    • @LayLineSayar
      @LayLineSayar  ปีที่แล้ว

      wordpress.com ဆိုရင်တော့ monthly သုံးမယ်ရမယ်။ ဒါမယ့် wordpress.org ဆိုတာတစ်ခုရှိတယ်ဗျ အဲ့ကနေ xampp နဲ့သုံးလို့လည်း၇ပါတယ်။ Domain, Hosting အတွက်ဆိုရင်တော့ visa, master card နဲ့မှ အဆင်ပြေမယ်ဗျ... wordpress.com အတွက်လည်း တူတူပါပဲ။​​

  • @yeko9483
    @yeko9483 2 ปีที่แล้ว

    မင်္ဂလာပါအစ်ကိုရေ လက်ရှိရှိနေတဲ့ wordpress hosting ကနေ new wordpress hostingကိုဘယ်ပြောင်းရတာလဲခင်ဗျ

    • @LayLineSayar
      @LayLineSayar  2 ปีที่แล้ว

      Hosting Provider တူမယ်ဆို ဥပမာ Namecheap ကဝယ်ထားတဲ့ Domain ကို နောက်ထက် Namecheap Hosting ကိုပြောင်းမယ်ဆိုရင် လွယ်တယ်ဗျ။ အချိန်လည်းနာရီပိုင်းလောက်ပဲ။ ဒါပေမယ့် Domain ကို Namecheap Hosting ကနေ Hostinger Hosting ကိုပြောင်းမယ်ဆိုရင်တော့ ၂ လလောက်ကြာတတ်တယ်ဗျ။ ပြောင်းနည်းလေးတွေကတော့ သူ့ဆိုင်ရာ Hosting Provider တွေက Doc လေးတွေရေးထားတာရှိတယ်ဗျ။

    • @joesat8987
      @joesat8987 2 ปีที่แล้ว

      ဆရာရေကျွန်တော်ကအခုhtml CSS jsကိုmsquare programmingကနလေ့လာနေတာပါ UI UXဒီဇိုင်းဆွဲတာက
      Full stack developerလုပ်ချင်ရင်မသင်မဖစ်လားခင်ဗျပီးတော့ဘယ်နေရာမာသုံးတာလဲဗျ ဒီဇိုင်းဆွဲပီးသွားရင် html CSS နဲ့ပြန်ရေးရသေးတာလားခင်ဗျ
      မရှင်းလို့ပါ အမှားရင်တောင်းပန်ပါတယ်

    • @LayLineSayar
      @LayLineSayar  2 ปีที่แล้ว +1

      ​@@joesat8987 Website တစ်ခုလုံးတစ်ယော်ကတည်း (Indie) အနေနဲ့လုပ်ချင်တယ်ဆိုရင် Coding မလုပ်ခင်မှာ ဒီလိုမျိုးအောက်က video လေးထဲက Step တွေအတိုင်းလုပ်ရပါတယ်ဗျ။​
      th-cam.com/video/2fqMkbUfi1E/w-d-xo.html
      အဲ့ Steps လေးတွေသိသွားပီးဆိုရင် ဘယ်အချိန်မှာ UI/ UX Steps (Prototyping Steps) လုပ်ရမလဲဆိုတာတော့နည်းနည်းသိသွားလောက်ပြီဗျ။​ ဒါပေမယ့် ဘာကြောင့် လုပ်ရလဲဆိုတာကျ ဒီအောက်ကအချက်လေးတွေကြောင့်ပါ...
      1. Coding နဲ့ရေးပြီးသား Website က ပြန်ပြင်ရခက်တယ်ဗျ။ Website က ကြီးလေ ကြီးသလို Dynmic Content တွေပါလေလေ (Backend langauge နဲ့ချိတ်ထားတဲ့နေရာတွေ) ပါလေလေပိုပြီးတော့ခက်လေလေဗျ။ အဲ့ဒါကြောင့် Coding မတိုင်ခင်မှာ Design ပိုင်းကိုသေချာအောင် Confirm တာပါ။​ (Client/ Company/ ကိုယ်ကိုယ်တိုင် confirm တာပါ)
      2. Freelance လိုက်မယ်ဆိုရင် Clients တွေကို Coding ပြီးသွားမှ အကုန်လုံးရော့အင့်ဆိုပြလိုက်ရင် သူတို့ Expectation နဲ့ လုပ်ထားတာနဲ့ အမြဲမကိုက်နိုင်ဘူးဗျ။ ကိုယ်သေချာသူတို့ Requirement Analysis လုပ်ထားရင်တောင် မလွယ်ဘူးဗျ။ အဲ့ဒါကြောင့် Design Steps မှာကတည်းက သူတို့က Design ပိုင်းအကြိတ်အနယ် Confirm ထားတာဗျ။ အဓိက Clients တွေ/ Web Visitors တွေ မြင်တာကလည်း Design ကိုပဲမြင်ရတာဆိုတော့ သူတို့ကလည်း လှလှလေးလိုချင်ကြတာပေါ့။ (နောက်ကွယ်က ကုတ်က ရှုပ်နေရင်တောင် သူတို့က မသိကြဘူးလေ​။)
      Code ရေးရင်းနဲ့ပြင်မယ်ဆိုရင် အပေါ်ကပြောသလို ပြန်ပြင်ရတာလည်းခက်သကိုး။ အချိန်ပိုကြာတာပေါ့ ကိုယ့်အတွက်ရောသူ့အတွက်ရော။​
      3. ကိုယ် Design ဆွဲပြီးမှထွက်လာတဲ့ Website နဲ့ Code လေးရေးလိုက် Design ဆွဲလိုက်လုပ်တဲ့ဟာနဲ့ Final Result ချည်းလည်းကွာတယ်ဗျ။ Design Step (Prototype Step) မှာ သေချာ Design ကို UCD (အရင်က Video လေးရှိပါတယ်။) အဲ့လိုမျိုး Design Framework တွေနဲ့သုံးထားရင် ပိုပြီးတော့ သိသာတယ်ဗျ။ ပီးတော့လုပ်ရတဲ့လူတွေ သက်သာတယ်ဗျ။ Design step တစ်ခုသာပိုသွားကောင်းသွားမယ်။ ဒါမယ့် အဲ့ step က (client/ company/ ကိုယ်ကိုယ်တိုင်) သဘောလည်းကျ confirm လည်းဖြစ်ပြီးဆိုတော့ စိတ်ချလက်ချလည်း coding ရေးပြီးလုပ်လို့ရပီလေ။​ စိတ်ချလက်ချလည်း ကုတ်လို့ရ ကိုယ်သာ Front-End languages တွေပိုင်ရင်ခဏပဲဖြစ်သွားရော။​ အဲ့ဒါအပြင် အတူတူ collab လုပ်တာတွေရှိလည်း ဒီ design အတိုင်းလေးလုပ်ပေးနော်ဆိုရင် ဟိုလုပ်တဲ့သူကလည်း Design research, analysis, UI, UX အပြင်တခြား ဘာမှစဥ်းစားစရာထက်မလိုတော့တော့ ပိုမြန်တာပေါ့။​ (လုပ်ရင်းနဲ့မှ Suggestion ပေးတဲ့အပိုင်းလေးတွေကိုပြန်ပြင်တာတော့ရှိတတ်တာပေါ့နော်။) ဆိုတော့ ဒီအချက် ၃ ချက်ကြောင့် Design Steps (Prototyping Steps လေးတွေက) အရေးကြီးတာပါဗျ။
      -
      ထက်ပြီးတော့ ပိုနားလည်ချင်ရင်တော့ Web Development Framework, Methodology တွေအကြောင်းကိုလေ့လာကြည့်စေချင်တယ်ဗျ။ ဥပမာ အနည်းဆုံးတော့ - Waterfall Lifecycle, Agile, Scrum အဲ့ ၃ ခုကိုလေ့လာစေချင်တယ်ဗျ။ အဲ့ခါကျ Design Steps က ဘယ်နေရာမှာလာလဲဆိုတာသိပါလိမ့်မယ်ဗျ။
      နောက်တစ်ခုက Design Steps မှာမှ UI/ UX နှစ်ခုရှိတယ်ဗျ။ အသေးစိတ်ကတော့အရမ်းရှည်သွားမှာဆိုလို့ အတိုချုပ်ပြောရရင် UX ထိသိရအောင် High-Fi မဆွဲချင်ရင်တောင်မှ UI သိရအောင် Wireframe, Low-Fi လောက်တော့ ဆွဲတတ်စေချင်တယ်ဗျ။ အဲ့ဟာလေးတွေရယ့်အသေးစိတ်ကိုတော့ Online က ရှာကြည့်စေချင်ပါတယ်။ ကျနော် အဲ့အကြောင်းကိုလည်း Video လေးတင်ပေးထားတယ်ထင်တယ်ဗျ။
      -
      Full stack developer လုပ်ချင်ရင် မဖြစ်မနေလားဆိုတော့ အဲ့လိုတော့လဲမဟုတ်ဘူးဗျ။ ၂ ပိုင်းရှိမယ်ဗျ။ ကိုယ်တိုင်တစ်ယောက်တည်း Freelance လုပ်မယ်ဆို သိသင့်တယ်ဗျ (must) ပေါ့နော်။ အလုပ်အတွက်ဆိုရင် JD ပေါ်တော့မူတည်မယ်ဗျ။ ဘာလိုလဲဆိုတော့ အလုပ်က Full stack ဆိုအဓိက သူတို့လိုချင်မှာက Coding ကို ၂ ပိုင်းလုံးသေချာရေးတတ်စေချင်တာဆိုတော့လေ။
      -
      ဒီဇိုင်းဆွဲပြီး Front-End Language နဲပြန်ရေးရပါတယ်။​ Design/ Prototyping Step က Design သီးသန့်ပါ။​ Development/ Implementation Step/ Coding Step က သီးသန့်ပါ။ ဒါပေမယ့် Figma, Adobe XD တွေမှာ Design ဆွဲပြီးတာနဲ့ Coding တန်းထွက်တဲ့ Plugin တွေရှိပါတယ်။​ အဲ့ PlugIn တွေကို ကျနော် Recommend သိပ်ပေးဘူးဗျ။ ဆွဲထားတဲ့ Design ကို ကိုယ်တိုင် လုပ်တာအကောင်းဆုံးပါပဲ။