သတ်သေဖို့ကြိုးစားပြီးနောက်-ဂျောင်းယူဂျင်း

แชร์
ฝัง
  • เผยแพร่เมื่อ 1 ต.ค. 2024
  • ✻ ဗီဒီယိုကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ရန်အတွက် ဗီဒီယိုညာဘက်ထောင့်ရှိ CC အကွက်ကို နှိပ်ပြီး Setting ရှိ Captions တွင် Burmese ကို ရွေးချယ်၍ မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါသည်။
    ✻ ဟောပြောပို့ချသူ၏ ဟောပြောပွဲ မိတ်ဆက် : အားလုံးပဲ ပျော်ရွှင်ဖို့ အိမ်မက်မက်နေကြပါသလား။ ကျွန်မဟာ လွန်ခဲ့တဲ့ ၂ နှစ် ၊ အသက် (၁၇) နှစ်မှာ အဆောက်အဦးတစ်ခုရဲ့ ၄ လွှာကနေ အောက်ကို ခုန်ချခဲ့ပါတယ်။ ကျွန်မရဲ့ ဘဝကို အဆုံးသတ်ချင်ခဲ့မိပါတယ်။ ဒါပေမဲ့ အခု ဒီလိုမျိုး အားလုံးရဲ့ ရှေ့မှောက်မှာ ကျွန်မအကြောင်းကို ပြောပြဖို့ ဖြစ်လာခဲ့ပါပြီ။ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားပြီးတဲ့နောက် ကျွန်မ သိမြင်နားလည်ခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်။ (၁၇) နှစ်မပြည့်ခင်က ကျွန်မနဲ့ အခုရဲ့ ကျွန်မဟာ လုံးဝ မတူတော့ပါဘူး။ လူအများက ကိုယ့်ရဲ့ ဒုက္ခအခက်အခဲတွေကို ပြောပြဖို့ တွန့်ဆုတ်နေကြပေမဲ့ ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို တခြားသူတွေ သိရှိသွားဖို့ မျှော်လင့်ပါတယ်။ အားလုံး အတူတူ ပျော်ရွှင်မှုကို မရှာဖွေကြည့်ချင်ကြဘူးလားရှင်။
    ✻ ဗီဒီယို တက်လာတဲ့အခါတိုင်း ကြည့်ရှုချင်တယ်ဆိုရင် အခုပဲ click နှိပ်လိုက်ပါ (alarm setting)!
    👉 bit.ly/35YdDeQ
    ✻ အလုပ်ရှုပ်လှတဲ့ တစ်နေ့တာကြောင့် ဟောပြောပွဲ အနှစ်ချုပ် ဗီဒီယိုကို စိတ်ဝင်စားတယ်ဆိုရင် !
    👉 / sebasimyanmar
    ✻ ဘာသာပြန်သူ - Khin Su Su San
    ✻ဆယ်ဘာရှီ မြန်မာ [TH-cam Channel နှင့် Facebook Page] သည် ကိုရီးယားနိုင်ငံ၏ နာမည်ကြီး ချန်နယ်တစ်ခုဖြစ်သည့် 세바시 강연 Korea Sebasi Talk နှင့် တရားဝင်စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တရားဝင် ချန်နယ် ပူးတွဲလုပ်ဆောင်ခွင့် ရရှိထားကာ သုတ ရသ ပညာပေးဗီဒီယိုများနှင့် စာတန်းထိုး ဗီဒီယိုများကို တင်ဆက်ပေးလျက်ရှိပါသည်။
    ထို့ကြောင့် Sebasi Myanmar (TH-cam, Facebook Page) တို့မှ တင်ဆက်ပေးနေသော ဗီဒီယိုများကို အစအဆုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ Download ဆွဲယူပြီး မိမိတို့၏ Personal Account ၊ Social Media Page တွင် ပြန်လည်ကူးယူပြီး တင်ခြင်းမျိုး မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
    ထိုအစား မူရင်း ဗီဒီယို၏ TH-cam Link ကိုဖြစ်စေ Facebook Link ကိုဖြစ်စေ Copy Paste ပြုလုပ်ပြီး မိမိတို့၏ Personal Account ၊ Social Media Page တွင် ပြန်လည် Share ခြင်း၊ မူရင်း Post ကို တိုက်ရိုက် Share ခြင်းမျိုးကိုသာ ခွင့်ပြုထားပါသည်။ မူပိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကို သွေဖည်သော မည်သည့် အပြုအမူမျိုးကိုမဆို ကျူးလွန်မိပါက မူပိုင်ခွင့်ဥပဒေနှင့်အညီ တရားဝင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
    #sebasimyanmar
    #copyright

ความคิดเห็น • 7

  • @eitone9252
    @eitone9252 ปีที่แล้ว

    ကျွန်မတို့အနေနဲ့ ပြောမပြတတ်အောင် ဆိုးရွားလှတဲ့ အခက်ခဲတွေရင်ဆိုင်ရတဲ့အခါ သတ်သေမယ်ဆိုတဲ့ နည်းလမ်းကိုစဉ်းစားမိလာရင် အဲ့အတွေးအတိုင်း လိုက်မလုပ်ပဲနဲ့ ဒီပြဿနာရဲ့အရင်းမြစ်ကိုရှာပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။ ဘယ်အရာကမှ သေခြင်းတရားထက်ပိုပြီးတော့ ဆိုးနိုင်ခြင်းမရှိတာကြောင့် ကျွန်မတို့အသက်ရှင်နေသရွေ့ ဒါတွေအကုန်လုံးကို ဖြေရှင်းနိုင်မှာပါ။ ပျော်ရွှင်မှုဆိုတာ ကျွန်မတို့ရဲ့အနီးနားလေးမှာပဲ အမြဲရှိနေတတ်တာကြောင့် ကျွန်မတို့အနေနဲ့ မြင်အောင်ကြည့်သင့်တယ်ဆိုတာ သိခဲ့ရတဲ့အပြင် လက်ရှိကိုယ်နေနေတဲ့ ပတ်ဝန်းကျင်က ကျွန်မတို့ကိုလက်မခံဘူးဆိုရင်တောင် ကျွန်မတို့ကို လက်ခံနိုင်တဲ့ ကျွန်မတို့နဲ့အခြေနေတူတဲ့သူတွေ အများကြီးရှိနေတယ်ဆိုတာ သတိရပြီး အရှုံးပေးမယ့်စိတ်ကို စွန့်ပစ်ကာ အားတင်းပြီး ကိုယ်နဲ့သင့်တော်တဲ့နေရာမှာနေထိုင်ရင်း ဘဝကိုရှေ့ဆက်ရမှာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။

  • @eimyatmoe2002
    @eimyatmoe2002 ปีที่แล้ว

    လူဖြစ်တဲ့အလျောက် ကျွန်ုတို့ဘဝမှာ အခက်ခဲများနဲ့ကြုံတွေ့ရမှာသဘာဝတရားဖြစ်ပါတယ်။ဒါပေမဲ့ဒီအရာကိုကျော်လွှားဖို့နည်းလမ်းကိုရှာဖွေသူရှိသလို၊ လက်လျော့အရှုံးပေးချင်တဲ့သူများရှိတာကို တွေ့ရပါတယ်။ ဒီဟောကြားသူဟာ သေဖို့အတွက် ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာ မှန်ကန်တဲ့အသက်ရှင်မှုကိုသာ ရွေးချယ်ဆုံးဖြတ်ခဲ့ပြီ သူမရဲ့အခက်ခဲများကို ကျော်လွှားရင်ဆိုင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ပြီတော့ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာကိုသာ လုပ်ဆောင်ကာ မပျော်ရွှင်မှုများကို ဖယ်ထုတ်လိုက်ကာ အသက်ရှင်နေထိုင်ခဲ့သလို ကျွန်ုတို့ဘဝမှာလဲ ဒီဗီဒီယိုအးးဖြင့် မိမိအသက်ရှင်တဲ့အချိန်ကို အလကားမပြုန်းတီးဘဲ မိမိကို ပျော်ရွှင်စေတဲ့အရာကိုလုပ်ဆောင်ကာ အကယ်၍ ပြဿနာအခက်ခဲများနဲ့တွေ့ကြုံသောအခါမှာလဲ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းဖို့အတွက် သင်ခန်းစာရရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

  • @myintmyatthu4962
    @myintmyatthu4962 ปีที่แล้ว

    ကျွန်မတို့ရြဲဘ၀မှာတစ်ခါတစ်လေအသက်မရှင်ချင်လောက်အောင်ကိုခက်ခဲမှုတွေပြဿနာတွေနဲ့ကြုံရတက်ပါတယ်။ထိုခက်ခဲမှုတွေကလက်‌ေလျာ့ခြင်း၊သေခြင်းဆိုတဲ့အရာ‌ေတွဆီကိုတွန်းပို့တက်ပါတယ်။ဘယ်ဆလာက်ပဲခက်ခဲမှုတွေရှိရှိမိမိကိုယ်ကိုယ်အားပေးနေထိုင်ကာပျော်စရာကိစ္စလေးတွေမိမိကြိုက်နှစ်သက်တဲ့အရာလေးတွေပြုလုပ်ရင်းဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းသင့်ပါတယ်။တစ်ယောက်ထဲနေရတဲ့အခါအားငယ်ရတယ်ဆိုတာလည်းအမှန်ပါပဲ။သူငယ်ချင်းမရှိချစ်တဲ့သူတွေသိပ်မရှိပဲနေထိုင်ရတဲ့ဘ၀ဟာအလွန်ခက်ခဲပါတယ်။သူငယ်ချင်းအပေါင်းအဖော်များကလည်းဘ၀ရဲ့ပျော်ရွှင်မှုတစ်ပိုင်းတစ်စကိုပေးနိုင်သေးသူများဖြစ်ပါတယ်။သူတို့ကကိုယ်နဲ့စကားစမပြောရင်တောင်ကိုယ်ကစပြောပြီးသူငယ်ချင်းဖြစ်အောင်လုပ်နိုင်ပါတယ်။ဘယ်လိုအခက်အခဲတွေရှိပစေရင်ဆိုင်ဖြေရှင်းပြီးမိမိကိုပျော်ရွှင်မှုတွေပေးသောအရာတွေနေ့စဉ်လုပ်ရင်ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေထိုင်သင့်သည်ဟုဤ video ကြည့်ပြီးသင်ခန်းစာများရရှိပါတယ်။ဗဟုသုတရစရာများအမြဲတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

  • @samuelkyaw5819
    @samuelkyaw5819 ปีที่แล้ว

    တစ်ခါတလေမှာ ကျွန်တော်တို့ဟာ သေချင်လောက်အောင်ထိခက်ခဲ ဆိုးရွားတဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကို ဘဝမှာကြုံတွေ့ရတတ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့စိတ်ဟာ ဟိုးအောက်ဆုံးထိရောက်တတ်ပါတယ်။ ဒါပေမယ့် ထိုအရာတွေက အမြဲရှိနေမယ့်အရာမဟုတ်ပါဘူး ကျွန်တော်တို့ ဖယ်ရှားပစ်လို့ရပါတယ်။ ပထမဆုံး ကျွန်တော်တို့ပျော်တဲ့အရာကို ရှာရမှာပဲဖြစ်ပါတယ်။ ပျော်ရွှင်မှုဟာ ကုသနည်းမဟုတ်ပေမယ့် ပျော်ရွှင်မှုနောက်ကိုလိုက်ပြီး ခက်ခဲပင်ပန်းစေတဲ့အရာတွေကို ဖယ်ရှားပစ်နိုင်မှာပဲဖြစ်ပါတယ်။ အခြားလူတွေထက် မိမိကိုယ်ကို ပိုဂရုစိုက်ပြီး ခက်ခဲတဲ့အရာတွေကနေ ရုန်းထွက်ရမယ်လို့သင်ခန်းစာရပါတယ်။

  • @charliyet03
    @charliyet03 ปีที่แล้ว

    ဒီဗီဒီယိုကို ကြည့်ခြင်းအားဖြင့် ဒီမိန်းကလေးက သေဖို့သာဆုံးဖြတ်ပြီး ခုန်ချခဲ့ပေမယ့် သူမ၏ တကယ့် ဆန္ဒကတော့ အသက်ပြန်ရှင်ချင်လာပြီးအသည်းအတန် ကူညီရေး အဖွဲ့ကို ဖုန်းခေါ်နေတာကို ကြားရတဲ့ချိန်မှာ ဘယ်အရာကိုမှ ခြေလှမ်းမစခင် သေချာစဉ်းစားသင့်ကြောင်းနှင့် ဘဝမှာ အခက်အခဲတွေ ပြဿနာတွေ ပေါင်းစုံကြုံလာနိုင်ပေမယ့် ထိုအခြေအနေမှ လွတ်မြောက်ဖို့ဆိုရင် မိမိ၏ စိတ်ကိုအရင် ပျော်အောင်ထားဖို့ရန် သေချာစဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သင်ခန်းစာရရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

  • @ElizabethHtoo
    @ElizabethHtoo ปีที่แล้ว

    The thing I have known from the video is in order to be happy in life, we have to eliminate the things that make us unhappy and try to live in the present time instead of focusing on the future.