ရိုးရိုးရှင်းရှင်းလေးနဲ့ စားကောင်းတဲ့ နံရိုးပြုတ်ကြော်လေးပါ။

แชร์
ฝัง
  • เผยแพร่เมื่อ 21 ก.พ. 2023
  • အသားများတဲ့ ဝက်နံရိုး ၅၀ ကျပ်သား ကို ရေဆေးရေစစ်ထားပါ။
    ချင်း (ဂျင်း) ကို ခြစ်ထား (သို့) ထောင်း ထားပါ။
    ဟင်းချက်မယ့် အိုးထဲကိုပဲ တခါတည်း ဝက်နံရိုးတွေထည့်မယ်။
    ခြစ်ထားတဲ့ ချင်း (ဂျင်း) ကို အရည်ညှစ်ထည့်ပေးပါ။ ပဲငံပြာရည်အကြည် ၂ ဇွန်းထည့်ပါမယ် (ပဲငံပြာရည်က အငန်ဓာတ်များရင် ၁ ဇွန်းပဲထည့်ပေးပါ။
    ဟင်းချက်အရက် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါတယ်။ (မရှိရင် မထည့်လို့လည်းရပါတယ်)။ အားလုံး နယ်ပြီး ၄၅ မိနစ်လောက်နှပ်ထားပေးပါ။
    ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။
    နှပ်ထားတဲ့အသားထဲကို ‌ရေထည့်ပေးပါ။ ရေ က အသားမြှုပ်ရုံထည့်ပေးရင် ရ ပြီဖြစ်ပါတယ်။ မီးအလယ်အလတ်နဲ့ ၄၅ မိနစ်တည်ထားပေးပါ။ ၀က်နံရိုးတွေကို ပြုတ်ပြီးကြော်တာဖြစ်ပါတယ်။ ဝက်နံရိုးတွေနူးပြီဆိုရင် မီးအားမြှင့်လိုက်ပြီး ရေခမ်းတဲ့အထိ တည်ပါမယ်။
    ဆီပြန်လာပြီ ‌နောက်ထပ် ဆီ အနည်းငယ်ထည့်ပေးပါ။ ဆီတွေ ပူလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူတွေကို ကြော်ပေးပါတယ်။
    ဆီတွေအများကြီးနဲ့ ကြော်လို့ရပေမယ့် အခုလိုမျိုး ဆီနည်းနည်းပဲထည့်ပြီး ကြော်လည်းရပါတယ်။
    ပြုတ်ထားတဲ့ ဝက်နံရိုးတွေ အနည်းငယ်မွှေးလာရင် အချို အငန်အရသာထပ်ထည့်ပါမယ်။ အချိုအရသာအတွက် သကြားအညို ၁ ဇွန်း (စားပွဲတင်ဇွန်း)ထည့်မယ်။ အငံအရသာအတွက် ပဲငံပြာရည်အကြည်ကို ၁ ဇွန်း ထပ်ထပ်ပေးပါ။ သကြားတွေအရည်ပျော်သွားပြီဆိုရင် ချိုငန်လေးနဲ့ အရသာရှိတဲ့ ဝက်နံရိုးပြုတ်ကြော်လေးကို ရပြီဖြစ်ပါတယ်ခင်ဗျာ။
  • แนวปฏิบัติและการใช้ชีวิต

ความคิดเห็น • 20

  • @dawpaukpauk4304
    @dawpaukpauk4304 ปีที่แล้ว

    ကျေးဇူးပါ 😻😊👍
    ဝက်နံရိုး ကြော်လေးလဲကြိုက်ပါတယ်
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  ปีที่แล้ว +1

      အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷

  • @moeset9486
    @moeset9486 ปีที่แล้ว

    Thank you

    • @Cookfork1
      @Cookfork1  ปีที่แล้ว +1

      Thank you 💞😊

  • @lewahaye43
    @lewahaye43 ปีที่แล้ว

    အားပေးနေပါတယ်။အဓိကအသံ🙏🤗🎵🎵🎵🎵

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @papalin1083
    @papalin1083 ปีที่แล้ว

    ခုလိုသင်ပေးတာကျေးဇူးပါနော်

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @nawwin8081
    @nawwin8081 ปีที่แล้ว

    Look tasty.

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you ❤️😊

  • @phyoephyoe7844
    @phyoephyoe7844 ปีที่แล้ว

    ❤❤❤🙆

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      Thank you 💞😊

  • @minthanthtoo4549
    @minthanthtoo4549 ปีที่แล้ว +1

    Kikkoman မှာ "Asian taste" ဆိုတဲ့ အမျိုးအစား က မြန်မာ ပါးစပ် နဲ့ ပို ကိုက်ညီတယ်။

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ဟုတ်ကဲ့

  • @thinthin2594
    @thinthin2594 ปีที่แล้ว

    အရသာနယ်ထားပြီး အခဲကန်ထဲ သိမ်းထားတဲ့ နံရိုးရှိ လုပ်စားကြည့်မယ်

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊

  • @khinshweshwe751
    @khinshweshwe751 ปีที่แล้ว

    ရိုးရှင်းတဲ့ချက်ပြုတ်နည်းတွေနဲ့တင်ပေးတဲ့ကျေးဇူးပါအားပေးနေပါတယ်👌👌👌👍

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ😊

  • @dawtartar4307
    @dawtartar4307 ปีที่แล้ว

    ကြည့်ရတာ အဆင်​ပြေတယ် ​ကောင်းမှာလည်း​သေချာတယ် အဲလို​ကြော်မယ် ဆီလည်းမ​ပေါက်ဘူး share လိုက်တယ်

    • @Cookfork1
      @Cookfork1  ปีที่แล้ว

      အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ🙏🙏🙏