ကြက်ချိုချဉ် Sweet And Sour Chicken Recipe

แชร์
ฝัง
  • เผยแพร่เมื่อ 20 ต.ค. 2024
  • ကြက်ချိုချဉ်
    Sweet And Sour Chicken Recipe
    များသောအားဖြင့် အိမ်မှာက ကြက်သားနဲ့ ငါး၊ ပုစွန်ပဲ အစားများတော့ ကြက်သားကိုပဲ အာလူးနဲ့ ချက်လိုက် ၊ ဘူးသီးနဲ့ ချက်လိုက်၊ ကြော်လိုက်ပဲ လုပ်ဖြစ်တာများတယ်။
    ဒီရက်ပိုင်းတော့ အမေက ဈေးကနေ ဘိုစားပဲနဲ့ မုန်လာဥနီဝယ်လာပြီး ကြက်သားနဲ့ ကြော်စားမယ်ဆိုတော့ တစ်မျိုးထဲ စားလို့ အဆင်ပြေမယ့် ကြက်ချိုချဉ်ပဲ လုပ်စားဖြစ်တယ်။
    ကြက်သားရင်ပုံအသားကို အတုံးသေးလေးတွေ တုံးထားပါမယ်။ ဆား ၊ dashi, နနွင်း၊ ဂျင်းထောင်းထားတဲ့ အရည်နဲ့ ငရုတ်ကောင်းထည့် နယ်ထားပါမယ်။
    ဘိုစားပဲ၊ မုန်လာဥနီ ကို အတုံးသေးလေးတွေ တုံးထားပါ။ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီကို ရှစ်စိတ်လောက် ခြမ်းထားပါ။ အာလူးကတော့ ချီလီကြိုက်လို့ အိမ်မှာမရှိတာတောင် တကူးတက ထွက်ဝယ်ပြီး ထည့်ထားတာပါ။
    ငရုတ်သီးစိမ်းနဲ့ ကုဆိုင်လှီးထားပါ။
    နှပ်ထားတဲ့ ကြက်သားထဲ ကြက်ဥတစ်လုံး၊ ယိုးဒယားမယ် အကြော်မှုန့်နဲ့ ကော်မှုန့် ရောထည့်နယ်ပါမယ်။
    ဆီပူမှာ နှစ်ဘက် ရဲသည်ထိကြော်ပါ။
    ကြက်ဥမုန့်နှစ်ကပ်ကြော်တာက အပြင်ခွံကြွပ်ကြွပ်လေးဖြစ်ပြီး အတွင်းသားကတော့ နူးညံ့တော့ အသီးအရွက်နဲ့ကြော်ရင် ပိုလိုက်ပါတယ်။ကြက်သားရပြီဆို ဆယ်ထားပါ။
    ‌ချိုချဉ် ဆော့စ်ကို ပဲငံပြာရည်၊ အကြည်၊အနောက်၊ ခရုဆီနဲ့ tomato sauce ထည့်ပါတယ်။ အိမ်မှာ tomato sauce ကုန်နေလို့ ပီဇာဝယ်စားတုန်းကပိုတဲ့ ခရမ်းချဉ်သီးဆော့စ်အထုပ်သေး နှစ်ထုပ်ထည့်ထားပါတယ်။ကော်မှုန့်ကိုလည်း ရေနဲ့ ဖျော်ထားပေးပါ။
    ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူနီဆီသတ်ပါမယ်။ အာလူးကို ဆားထည့်ပြီး အရင် နူးသည်ထိကြော်ပေးပါမယ်။ ပြီးရင် မုန်လာဥနီကြော်ပါ။
    ကျန်တဲ့ ခရမ်းချဉ်သီး၊ကြက်သွန်နီ၊ ဘိုစားပဲထည့်ကြော်ပါ။ အရသာအတွက် ဆား ၊dashi ထည့်ပါ။အသီးအရွက်‌ေတွ မနူးတနူးအနေအထားမှာ ကြော်ထားတဲ့ ကြက်သားထည့်ပါ။ စပ်ထားတဲ့ ဆော့စ်ထည့်ပါ။ အရသာနှံ့အောင်မွှေပါ။‌နောက်ဆုံးကော်ရည်ထည့်ပြီး ကုဆိုင်၊ငရုတ်သီးထည့်ပါ။ တချက် နှစ်ချက်မွှေပြီးရင် ရပါပြီ။
    သတိထားရမှာက အသီးအရွက်ကြော်တဲ့ အခါ မီးပြင်းပြင်းနဲ့ကြော်မှ အသီးအရွက် အရောင်လည်းလှပါတယ်။ အရမ်းနူးပြဲသည်ထိ ကြော်ရင် စားမကောင်းတတ်လို့ အသီးအရွက်ကြော်တဲ့ အခါ အချိန်အဆနဲ့ experience ကစကားပြောပါတယ်။ အသီးအရွက်တွေကိုတော့ ချီလီ ညီမက ဆက်ကြော်ပေးထားတာပါ။
    အရည်လေးနဲ့ ချရင် ထမင်းပေါင်းလို ဆမ်းစားလို့ရပါတယ်။ ဘိတ်ချဉ်လေးနဲ့ တွဲစားရင်လိုက်ပါတယ်။
    #ကြက်သား #ကြက်ချိုချဉ်ကြော် #ကြက်ချိုချဉ် #sweetandsour #chickenrecipe #recipe #easyrecipe #cookingblog #foodblog #fyp #fypシ #carrot #frenchbean
    Follow my journey and be part of my story.
    Instagram: www.instagram....
    TH-cam:
    / @hotchilli84
    TikTok:
    www.tiktok.com...
    Facebook:
    www.facebook.c...

ความคิดเห็น •