ဒေါင်း ပြောတဲ့ တော်လှန်ရေးအကြောင်း - BBC News မြန်မာ

แชร์
ฝัง
  • เผยแพร่เมื่อ 7 ก.ย. 2024
  • ဒေါင်း ပြောတဲ့ တော်လှန်ရေးအကြောင်း
    "အဲဒီနေရာမှာနေရတာ ခေါင်းငုံ့ထားရတယ်ဆိုတာ ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်။ ခေါင်းတော့ငုံ့ထားပါ။ ခေါင်းတော့ငုံ့ထားရမယ်။ ဒါပေမဲ့ သူတို့ကိုကြောက်လို့ငုံ့ထားတာမှ မဟုတ်တာ။ ကျွန်တော်တို့တော်လှန်ဖို့အတွက် လက်သီးတော့ဆုပ်ထားဖို့လိုတာပေါ့။"
    အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင် လို့ ပုဒ်မ ၅၀၅ - က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒေါင်း ဟာ လက်ရှိမှာ နိုင်ငံသားအဖြစ်ကနေလည်း ရုပ်သိမ်းခံထားရပါတယ်။ သူယုံကြည်ရာကိုဆန့်ကျင် တော်လှန်ခဲ့လို့ သူ့ရဲ့အောင်မြင်မှုနဲ့ အနာဂတ်ကို ထိခိုက်မှုတွေရှိခဲ့ပေမယ့် ယုံကြည်ရာကိုဆက်လုပ်မယ်လို့ဆိုပါတယ်။
    ဒေါင်းရဲ့ တော်လှန်ရေးယုံကြည်ချက်အကြောင်းအပါအဝင် ပြည်တွင်းမှာ ရုပ်ရှင် အနုပညာလုပ်ငန်းတွေပြန်လည်စတင်နေကြတဲ့အပေါ်သူ့ရဲ့ အမြင်သဘောထား၊ နိုင်ငံသားအဖြစ်ရုပ်သိမ်းခံရမှုအပေါ် သူ့ရဲ့တုံ့ပြန်ချက် နဲ့ သူ့ရဲ့ အနာဂတ်ရပ်တည်မှုအတွက်စဉ်းစားချက်တွေအကြောင်း ဘီဘီစီကမေးမြန်းထားပါတယ်။
    ဘီဘီစီမြန်မာပိုင်း

ความคิดเห็น • 59