ပဲခူး CB Center တွင် ကိုဗစ်လူနာများကို စတင်လက်ခံကုသပေးလျက်ရှိ

แชร์
ฝัง
  • เผยแพร่เมื่อ 8 ก.ย. 2024
  • ပဲခူးတိုင်းဒေသကြီးတွင် ကိုဗစ်လူများကို ထားရှိကုသပေးနိုင်မည့် ယာယီဆေးရုံ CB Center ကို CB Bank က တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် ပဲခူးတက္ကသိုလ်ဆေးရုံနှင့် တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်နှစ်ဆောင်ကို မွမ်းမံပြင်ဆင်ခဲ့ရာ အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်ဖွင့်လှစ်၍ လူနာများကို လက်ခံကုသပေးနေပြီဖြစ်သည်။
    အဆိုပါစင်တာသည် လူနာများ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အထူးအလေးပေးသည့် စင်တာတစ်ခုဖြစ်ပေါ်လာစေရန် CB Bank ဥက္ကဋ္ဌကြီး ဦးခင်မောင်အေး၏ အသေးစိတ်လမ်းညွှန်မှုများနှင့်အတူ CB Bank က ဦးဆောင်လှူဒါန်း ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။
    လက်ရှိတွင် လူနာ ၁၅၀ ဦးအထိ ထားရှိကုသပေးနိုင်ပြီဖြစ်ပြီး ထပ်မံတိုးချဲ့၍ လူနာ ၃၅၀ အထိ ကုသမှုပေးနိုင်ရန်လည်း CB Bank က ဆက်လက်လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်သည်။
    “အခုလောလောဆယ် ခုတင် ၁၅၀ နဲ့ လူနာတွေစတင်ကုသပေးနေပါပြီ။ နောက်ထပ်နေရာရသလောက် ထပ်ပြီးပြင်မယ်ဆိုရင် ခုတင် ၃၅၀ လောက် လက်ခံဆောင်ရွက်သွားနိုင်ပါတယ်။ ပဲခူးတိုင်းမှာ ကုသရေးအတွက်လည်း လုပ်ပေးတယ်။ ကာကွယ်ရေးအတွက်လည်း လိုအပ်တာတွေအားလုံး လုပ်ပေးနေပါတယ်” ဟု CB Bank ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးက ပြောကြားသည်။
    ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာကွယ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် CB Bank အနေနှင့် အဆိုပါစင်တာတွင် ခေတ်မီဆေးဝါးကုသရေး စက်ပစ္စည်းများနှင့် ဆေးဝါးများကို အပြည့်အဝ စီစဉ်ထားရှိထားပြီး လိုအပ်ပါက ဆက်လက်လှူုဒါန်းသွားမည်လည်းဖြစ်သည်။
    CB Bank အနေနှင့် Covid-19 လူနာများ ဆေးကုသမှုခံရယူရန်အတွက်တင်မဟုတ်ဘဲ စားသောက်နေထိုင်ရေး အဆင်ပြေစေရန် ကျွေးမွေးလှူဒါန်းမှုများ၊ စိတ်ဓာတ်အင်အားမြှင့်တင်ခြင်း အစီအစဉ်များကိုပါ အနုပညာရှင်များနှင့် ပူးပေါင်း၍ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
    CB Center ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့က အွန်လိုင်းမှတစ်ဆင့်လည်းကောင်း၊ အဆိုပါစင်တာတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
    အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် CB Center ဖွင့်လှစ်ရန် ဦးဆောင်စီစဉ်ခဲ့သည် နာယကကြီး ဦးခင်မောင်အေး၊ အတွင်းရေးမှူး ဦးကျော်သူအောင်မြင့်၊ CB Center တာဝန်ခံဆရာဝန်ကြီး ဒေါက်တာနေဝင်းလင်းတို့က ယာယီဆေးရုံ ဖွင့်လှစ်ရခြင်းအကြောင်းနှင့် ဆောင်ရွက်ထားရှိမှု အသေးစိတ်အကြောင်းအရာများကို ပြောကြားခဲ့သည်။
    ထို့အပြင် CB Center ပြင်ဆင်တည်ဆောက်ထားမှု Video File ကို သတင်းမီဒီယာများသို့ ပြသခဲ့ပြီး အထွေထွေဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်း ကိုမျိုး (မြန်မာစာ)၊ ဒေါ်ဥမ္မာအေး (DGM, Marketing Division, CB Bank) တို့က ရှင်းလင်းတင်ပြခဲ့ကြသည်။
    #CBBank #CBCenter

ความคิดเห็น • 1